အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, September 18, 2019
ရှင်သန်နေချိန်မှာ အကျိုးရှိအောင် နေပါ ▬▬▬▬▬▬▬▬▬▬▬▬▬ ရှင်သန်မူကို မကုန်အောင် တစ်ချက်ကလေးမှ ထိန်းလို့ မရဘူး။ နည်းနည်းလေးမှ ထိန်းထားလို့ မရဘူး။ အဲဒါ ဒရောသောပါး သွားနေတာ သူက။ ရောရော ရောရောနဲ့ ကုန်နေသလိုပဲ ပေါက်နေတဲ့ အိုထဲကနေပြီးတော့ သဲတွေ ယိုကျနေသလို အကုန်လုံး ယိုကျနေတယ်။ တားလို့ မရဘူး။ ဆီးလို့ မရဘူး။ အဲဒါ ကုန်ချိန်ရောက်ရင် ဘာဖြစ်သွားမတုန်း… ကုန်သွားမှာပေါ့။ တားဆီးလို့ မရဘူး။ ဒီအပေါက်ကို ဦးဇင်းတို့ ဖာလို့ မရဘူး။ အဲဒါ ကိုယ်ကတော့ မေ့မေ့, မမေ့မေ့ သူကတော့ ပုံမှန် ရောရော ရောရောနဲ့ ကုန်နေတာပဲ။ အဲဒါကို တန်ဖိုးရှိတဲ့ ပညာကို ရအောင် မယူလိုက်နိုင်ဘူးဆိုရင်တော့ ကုန်ရကျိုး မနပ်ဘူး။ အဲတော့ အသိဉာဏ်ပညာကို ရအောင် လုပ်လိုက်နိုင်မယ်ဆိုရင်တော့ ကုန်ရကျိုး နပ်တယ်။ ဒါကြောင့် သူတော်ကောင်းကြီးတွေက အနိစ္စ- မတည်မြဲမူရဲ့ နှိပ်စက်မူကြောင့် တန်ဖိုးမဲ့နေတဲ့ ဒီရှင်သန်မူထဲကနေပြီးတော့ အမှန်တရားကို သိတဲ့ ဉာဏ်ပညာဆိုတဲ့ တန်ဖိုးရှိတဲ့ ဘာဝနာတရားကို ရအောင် ယူရမယ်လို့ ဒီလို ပြောတာ။ သစ္စာရွှေစည်ဆရာတော် ၂၀၁၉-ဖေဖော်ဝါရီလ-၂၄ရက် ပေးပြီးမှ မရူံးစေနဲ့ တရားတော်မှ ကောက်နူတ်ချက် ဖြစ်ပါသည်။ သစ္စာရွေစည် စာကြည့်တိုက်မှ ကူယူဖော်ပြသည်။ မေသဲဝါ
via အလင်းရောင် ဓမ္မ https://ift.tt/2O5NoYU
Newer Post
Older Post
Home