Wednesday, September 18, 2019

❀ ❀ အသိဥာဏ်နဲ့ ဘုရားကိုးကွယ်ပါ ❀ ❀ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 #တကယ်အားကိုးရာ ဘာလဲလို့ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်၊ " အဝေစ္စပသာဒ_ဘုရားနဲ့ပတ်သက်ပြီး ဂုဏ်တော်ကို ထိထိ ရောက်ရောက် ကြည်ညိုနိုင်ရဲ့လား၊ ဘုရားကို ဘုရားဂုဏ်တော် သိပြီး ကြည်ညိုတဲ့ ကြည်ညိုမှုမျိုး ဟုတ်ရဲ့လား၊ ပညာနဲ့သဒ္ဓါလား၊ ပညာမဲ့သဒ္ဓါလား " ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ရမယ်နော်။ #အဝေစ္စပသာဒ ဆိုတာ အသိဥာဏ်ရှိရှိနဲ့ ဘုရား ကိုးကွယ်တာ။ #ဘုရားဆိုတဲ့နေရာမှာ ရုပ်ပွားဆင်းတုက ဘုရားကိုယ်စား အနေနဲ့ရှိတာ။ ဘယ်လိုရုပ်ပွားဆင်းတုမျိုး ကိုးကွယ်ကိုးကွယ် မကိုးကွယ်ကောင်းဘူးဆိုတာလည်း မရှိဘူး။ ဘုရားအမှတ်နဲ့ ရှိခိုးဦးချပြီးတော့ ထိုဘုရားမှာ အရဟံ စတဲ့ ဂုဏ်တော်ရှိတယ်။ ကိုယ့်မှာ မရှိနိုင်တဲ့အရည်အချင်းတွေ ရှိတယ်။ #သမ္မာသမ္ဗုဒ္ဓ_တရားဓမ္မတွေကို မှန်မှန်ကန်ကန် ကိုယ်ပိုင်ဥာဏ်ဖြင့် သိတယ်ဆိုတဲ့ အရည်အချင်းတွေ ရှိတယ်။ #ဝိဇ္ဇာစရဏသမ္ပန္န_အသိပညာ အသိဝိဇ္ဇာ အကျင့်တရားတွေနဲ့ ပြည့်စုံတယ်၊ #သုဂတ_နိဗ္ဗာန်ထိအောင် ပေါက်ရောက်ပြီးသားလည်း ဖြစ်တယ်။ ကောင်းမြတ်တဲ့တရားစကားကိုလည်း ဟောပြောနိုင်တယ်။ #လောကဝိဒူ_လောကကြီးအကြောင်း ကောင်းကောင်းသိတယ်၊ စသည်ဖြင့် ကိုယ်ကြည်ညိုရာ ဗုဒ္ဓရဲ့ ဂုဏ်အရည်အချင်းတွေကို သိပြီး မြတ်စွာဘုရားအပေါ်မှာ ယုံကြည်တဲ့၊ ခိုင်မြဲတဲ့သဒ္ဓါတရား ရှိနေပြီဆိုရင် အဲဒီသဒ္ဓါတရားလေးကြောင့် ဘယ်လိုနည်းနဲ့မှ အပါယ်မကျတော့ဘူး။ #ဒီသဒ္ဓါတရားလေးကြောင့် ကောင်းရာသုဂတိရောက်မယ်ဆိုရင် သေခါနီးမှ ဘယ်သွားလို့သွားရမှန်းမသိတဲ့အတွက် စိတ်အားငယ် နေတဲ့ပုဂ္ဂိုလ်အဖို့ လမ်းမဖြောင့်ပေဘူးလား။ ဆိုပါစို့... လူတစ်ယောက် ခရီးသွားတဲ့အခါမှာ ကိုယ်သွားမယ့် ခရီးကိုလည်း သိတယ်​၊ ဟိုရောက်တဲ့အခါမှာလည်း ဘယ်မှာ နေရမယ် ဆိုတာကိုလည်း ကိုယ်သိတယ်ဆိုရင် အဲဒီလူဟာ ခရီးသွားတဲ့အခါမှာ ပျော်ပျော်ပါးပါး မရှိပေဘူးလား။ ဒီလိုမဟုတ်ဘဲနဲ့ ဆွေမရှိ မျိုးမရှိ ကိုယ်မသိတဲ့နေရာကို သွားရမယ်ဆိုရင် ဘယ်လိုများ နေရပါ့မလဲဆိုပြီး စိတ်ထဲမှာ အားငယ်မှုတွေ မဖြစ်ဘူးလား။ #ဒါမျိုးလိုပဲ သံသရာဘဝခရီးတစ်ခုကို သွားတော့မယ်ဆိုရင် သေခါနီးမှာ အားငယ်တတ်တယ်။ အားငယ်တာတော့ အမျိုးမျိုးပေါ့။ လက်ရှိ ကိုယ်ခင်မင်တဲ့ ပုဂ္ဂိုလ်တွေကို စွန့်ခွာသွားရမှာ အားငယ် စရာတစ်ခု၊ ကိုယ်မြတ်နိုးတဲ့ပစ္စည်းဥစ္စာကို စွန့်ထားခဲ့ရမှာကိုလည်း အားငယ်စရာတစ်ခုပေါ့။ #ဒီတော့ ကိုယ်ခင်မင်တဲ့ ပုဂ္ဂိုလ်​တွေတို့ ၊ ကိုယ်မြတ်နိုးတဲ့ ပစ္စည်းတွေဆိုတာ ကိုယ့်အတွက် အားကိုးရာ ဟုတ်ရဲ့လား၊ မဟုတ်ဘူးနော်။ ကိုယ့်ရဲ့ရင်ထဲ နှလုံးထဲမှာ ဖြစ်ပေါ်တဲ့ ဘုရားအပေါ်မှာ နှစ်​နှစ်​ကာကာ ကြည်ညိုတဲ့ သဒ္ဓါတရား, ပညာနဲ့ကြည်ညိုတဲ့ သဒ္ဓါတရားသည်သာလျှင် ကိုယ့်အတွက် အားကိုးရာအစစ်ဖြစ်တယ်။ #ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ #Posted_by_Dhamma World


via အလင်းရောင် ဓမ္မ https://ift.tt/30o7mAr