Saturday, September 21, 2019

🌹ပြည်မြန်မာ၏ဧတဒဂ် ရှင်နစ်ပါး (ဝါ) အဦးဆုံး ဥပသကာ သရဏဂုံရှင် ညီနှောင် "တပုဿ"နှင့် "ဘလ္လိက" 🌹 ရှေးဆုတောင်း ▪ဤ တပုဿနှင် ဘလ္လိက ဥပါသကာလောင်းလျာ အမျိုးသားညီနောင်တို့သည် ပဒုမုတ္တဘုရားမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီမင်ူနေပြည်တော်၌ အမျိုးကောင်းသားများပင်ဖြစ်ကြကုန်၍ ဘုရားရှင်၏ တရားပွဲတစ်ခု၌ ဒေသနာကြားနေစဉ် မြတ်စွာဘုရားရှင်မှ ဥပသကာနစ်ဦးကို ရှေးဦးစွာ သရဏဂုံ တည်သောအရာ၌ အသာဆုံး,အထူးဆုံး,အမြတ်ဆုံး ဧတဒဂ်အရာ ပေးတော်မူသည်ကို တွေ့မြင် အားကျကြရကာ အဓိကာရကောင်းမှု ကုသိုလ်တို့ပြုလုပ်ပြီးလျင် ဆုတောင်းပတ္ထာနာ ပြုခဲ့ကြလေတော့၏။ [ အဂုင်္တ္တရ၊ အဋ္ဌကထာ ] 🌹 ကြားကာလ ကောင်းမှု ▪ထိုအမျိုးသားညီနောင်နစ်ဦးတို့သည် အသက်ထက်ဆုံးကောင်းမှု ကုသိုလ်တို့ကိုပြုလျင် ထိုဘဝမှစုတေသော် အပါယ်လေးပါးမကျရောက်ပဲ လူပြည်နတ်ပြည်ကျင်လည်ရာမှ ဤဘဒ္ဒကမ္ဘာမှ အထက် လွန်ခဲ့သော (၃၁)ကမ္ဘာ ဘုရားမပွင့်သော ခေတ်တစ်ခေတ်၌ သုမန ပစ္စေကဗုဒ္ဓါအရှင်သူမြတ်အား သစ်သီးကြီးငယ်ကို လှူဒါန်းခဲ့ရ၍ သုဂတိဘုံများ၌ ကျင်လည်ကြကုန်လျက် "သိခီမြတ်စွာဘုရားရှင်"လက်ထက်တော်တွင် အရုဏဝတီပြည်၌ ပုဏ္ဏားသားတစ်ဦးဖြစ်လေ၏။ ထိုပုဏ္ဏားသားသည် သိခီမြတ်စွာဘုရားဖြစ်တော်မူပြီးကာစတွင်" ဥဇိတနှင် သြဇိတအမည်ရှိ လည်းကုန်သည်ညီနောင်တို့ ဆွမ်းဦးလှူဒါန်းဆပ်ကြကြလေပြီ"ဟူသော သီတင်းစကားကြားရလေလျင် သူငယ်ချင်း (တပုဿလောင်းလျာ)နှင့်အတူ သိခီမြတ်စွာဘုရားရှင်မှောက်ထံသို့ သွားရောက် ရှိခိုးဆည်းကပ်ကြကုန်လျက် ကောင်းမှုအလျု့ငှါ ဘုရားရှင်အားပင့်ဖိတ်လျက် ကြီးစွာသော အလှူကိုပေးလှူကြပြီးလျင် " မြတ်စွာဘုရား၊ တပည်တော်တို့နစ်ယောက်စလုံးသည် နောင်အခါဝယ် အရှင်ဘုရားကဲ့သို့ မြတ်စွာဘုရားရှင်အား အဦးဆုံးဆွမ်းဦးအလှူဒကာများဖြစ်ကြရပါလိုကုန်၏" ဟုဆုတောင်းကြလေသည်။ ▪ထိုသူငယ်ချင်းနစ်ယောက်တို့သည် ထိုထိုဘဝတို့၌ ကုသိုလ်ကောင်းမှု တို့ကို အတူတကွပြုလုပ်ကြ၍ လူပြည်၊နတ်ပြည်ကျင်လည်လာကြရာ " ကဿဖမြတ်စွာလက်ထက်တော်အခါတွင် ဂေါပါလ(နွားသူဋ္ဌေး)၏ သားညီနှောင်ဖြစ်ကြကုန်လျက် နစ်ပေါင်းများစွာ သံဃာတော်တို့ကို နွားနို့ဆွမ်းဖြင့် ဆပ်ကပ်လှူဒါန်းပြုစုလုပ်ကျွေးခဲ့ဖူးလေပြီ။ [ ထေရဂါထာ၊ အဋ္ဌကထာ ] 🌹နောက်ဆုံးဘဝ ဥပသကာဖြစ်ရပြီ ▪ကဿဖဘုရားရှင်နှင် ကျွန်ုပ်တို့ ဂေါတမမြတ်စွာဘုရားရှင်အကြား ဗုဒ္ဓန္တရအသင်္ချေယကာလပတ်လုံး နတ်ပြည်၊လူပြည်တို့၌ ကျင်လည်ခဲ့ကြလျက် ကျွနုပ်တို့မြတ်စွာဘုရားရှင်လက်ထက်တော်၌ အသိတဉ္ဇနမြို့ (ထေရဂါထာအဋ္ဌကတာအလို ပေါက္ခဝတီမြို့ )ဝယ် လည်းကုန်သည်သူကြွယ်၏ သားနစ်ယောက် ဖြစ်လာကြ၍ နောင်တော်ကား "တပုဿ" ညီတော်ကား "ဘလ္လိက",အမည် အသီးသီးရှိကြလေသည်။ ▪ မြတ်စွာဘုရားရှင်ဘုရားဖြစ်မှုပြီးနောက် သတ္တသတ္တာဟ (၄၉)ရက်ကာလပတ်လုံး နေတော်မူစဉ်အခါကာလ။ ထိုကာလအတွင်း၌ ညီနောင် တပုဿနှင် ဘလ္လိကတို့သည် လည်းအစီး ၅၀ဝ ဖြင့်ကုန်သွယ်ကူးသန်းလျက် ထိုအရပ်သို့ရောက်ရှိလာကြကုန်၏။ ထိုအခါ၌ မိခင်ဟောင်းနတ်သည် ကုန်သည်ညီနောင်တို့အား သီသာထင်ရှားစွာ ပြု၍ လှည်းတို့အားရပ်တန့်စေကုန်လျက် ဤသို့ ပူးကပ်ပြောလေတော့၏... " အားဆယ်ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင် လင်းလွန်းပင်၌ သီတင်းသုံးနေတော်ပြီ ဆွမ်းဦးကို ဆပ်ကပ်ကြလော့"ဟု ကုန်သည်ညီနောင်တို့ကို သတိပြုသိစေခဲ့လေ၏။ ထိုသို့ဖြင့် ကုန်သည် ညီနောင်တို့သည် ရှေးပါရမီဆုတောင်းကောင်းမှု့ကြောင့် မြတိစွာဘုရားရှင်အား "မုန်ကြွက်ကျစ်နှင် "ပျားဆုပ်မုန့်"တို့ကို ဆက်ကပ်လှူဒါန်ကြကုန်လျက် မြတ်စွာဘုရားရှင်၏ တရားတော်အားရိုသေစွာနာကြားကြကုန်၏။ ▪ ဒေသနာနိဂုံးဆုံးလျင် ညီနောင်နစ်ဦးတို့သည်ပင်လျင် "ဒွေဝါစိကသရဏဂုံ"တည်ကြလေသည်။ ကုန်သည်ညီနောင်တို့ "ဒွေဝါစိကသရဏဂုံတည်ကြပြီးနောက် မြတ်စွာဘုရားရှင်အား ရိုသေမြတိနိုးရှိခိုကြပြီးလျင် မိမိတို့နေရပ်သို့ ပြန်လိုကြသည်ရှိသော် မြတ်စွာဘုရားကို " မြတ်စွာဘုရား၊ တပည့်တော်တို့အား နေ့စဉ်ပြုစုပူဇော်ရန် ဝတ္ထုကို ကရုဏာရှေ့ထားပေးသနားတော်မူပါ"ဟူ၍ လျောက်ထားကြလေ၏။ မြတ်စွာဘုရားရှင်သည် လက်ယျာတော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်၍ ကုန်သည်ညီနောင်တို့အား "ဆံတော်ရှစ်ဆူ"ကို ပေးသနားတော်မူခဲ့လေ၏။ ညီနောင်တို့သည် ဆံတော်တို့ကို ရွှေကြုတ်၌ ထည့်သွင်းပင်ဆောင် ပြန်လာကြကုန်လျက် "အသိတဉ္ဇနမြို့၌ စေတီကြီးတည်ထားကိုးကွယ်ကြလေကုန်၏။ 🌹ကုန်သည်ညီနောင်တို့ ဧတဒဂ်ရရှိခြင်း ▪ မြတ်စွာဘုရားသည် နောက်အဖို့ဝယ် ဇေတဝန်ကျောင်းတော်၌ နေတော်မူ၍ ဥပသကာတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူးဌာနန္တပေးသော်မူသည်ရှိသော် ဤ "တပုဿ, ဘလ္လိက"ညီနောင်တို့ကို - " ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပသကာနံ ပဌမံ သရဏံ ဂစ္ဆန္တာနံ ယဒိယံ တပုဿဘလ္လိက ဝါဏိဇာ - ရဟန်းတို့... သူခပ်သိမ်းတို့အလျင် ကိုးကွယ်ဆည်းကပ်ခြင်း သရဏဂုံသို့ ရောက်ကြ ကုန်သော ငါဘုရား၏ တပည့် သာဝက ဥပသကာ တို့တွင် တပုဿဘလ္လိကညီနောင်တို့သည် အမြတ် ဆုံး အသာဆုံး ဖြစ်ကြကုန်၏ " ဟုချီးကြူးမိန့်မြတ်တော်မူကာ " ပဌမံ သရဏ ဂမန =ရှေးဦးစွာ သရဏံဂုံခံယူသောအရာ"ဝယ် အသာဆုံးအမြတ်ဆုံး = ဧတဒဂ်အရာ၌ ထားတော်မူလေသည်။ 🌹ကုန်သည်ညီနောင်တို့၏ တရားထူးရပုံ ▪ မြတ်စွာဘုရားရှင် ရာဇဂြိုလ်ပြည် ကြွရောက်တော်မူစဉ်။ ကုန်သည်တိုညီနောင်တို့သည် ကုန်စည်ကူးသန်းကြလျက် ရာဇဂြိုလ်သို့ရောက်ကြ၍ မြတ်စွာ ဘုရားထံမှောက် ဆည်းကပ်ရှိခိုးကြကုန်လျက် မြတ်စွာဘုရားရှင်မှ ညီနောင်ကုန်သည်တို့အား တရားဟောကြားတော်မူလေ၏။ ထိုကုန်သည်ညီနောင်တို့အား မြတ်စွာဘုရားရှင် တရားဟောကြားတော်မူလေလျင် နောင်တော်ဖြစ်သော "တပုဿ"သည် သောတ္တာပတ္တိဖိုလ်၌တည်၍ ဥပသကာသာလျင်ဖြစ်၏။ ညီတော် "ဘလိက"ကုန်သည်ကား သာသနာ့ဝန်ထမ်း ရဟန်းပြု၍ "အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော ဆဠဘိည ရဟန္တာဖြစ်တော်မူလေ၏။ [ ထေရဂါထာ၊ အဋ္ဌကထာ ၁/၆၀ ] {အဂုင်္တ္တရ အဋ္ဌကထာ၊ ထေရဂါထာ၊ အဋ္ဌကထာ၊ ဧကကနိပါတ်} _______________________________ 🔹 ဤသည်ကား ကျမ်းတော်လာ ညီနောင် တပုဿ,ဘလ္လိက ကုန်သည် ဝတ္ထုအကျဉ်းပြီး၏ အကျယ်ရှု့လိုပါက တိပိဋကမင်းကွန်းဆရာတော်ကြီးရေးသားပြုစုတော်မူသော မဟာဗုဒ္ဓဝင် ဒုတိယတွဲ၊စာ ၃၉၄ နှင့် မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ ခန်း/ ၄၅ တို့၌ အကျယ်တဝင့် ကြည့်ရှုတော်မူနိင်ကြပါရန်။ 🔹ကျန်သည့်နောက်ပိုင်း ခေတ်ကို ရွှေတိဂုံဘုရားသမိုင်း ၌လည်းကြည့်ရှုပါရန်။ _______________________________ 🌺 အများဝေနေယျာဘေးဘယာဝေးကွာကြပါစေ။ 🌺စိတ္တသုခ၊ကာယသုခ၊ဉာဏသုခ နဲ့ပြည့်စုံကြပါစေ။ 🌺 ဒါန၊သီလ၊ဘာဝနာများ ပြုလုပ်အားထုတ်နိင်ကြပါစေကုန်။ _____________________________ #ဓမ္မမိတ်ဆွေ


via အလင်းရောင် ဓမ္မ https://ift.tt/30ztx78