Wednesday, September 18, 2019

ဝိပဿနာမလုပ်ရင် အပါယ်ကျမှာလား ===================== ♻ ဝိပဿနာအလုပ်တွေ မလုပ်ရင် အပါယ်ကျတော့မှာလား~ ဒါနတွေ ပြုနေတယ်~ သီလတွေဆောက်တည်နေတယ်~ သမထတွေ ပွားနေတယ်~ အဲဒါတွေက သုဂတိမရောက်နိုင်ဘူးလား ♻ ♻ ဝိပဿနာမလုပ်လည်း အဲဒီကုသိုလ်ကောင်းမှုတွေကို သတိရပြီး သေရင် အပါယ်မကျနိုင်ပါဘူး~ သုဂတိကို ရောက်နိုင်ပါတယ်~ ဝိပဿနာမလုပ်တဲ့သူမှန်သမျှ အပါယ်ကျရမယ်လို့ မဆိုလိုပါဘူး~ ဒါနကို သတိရပြီးသေမယ်ဆိုပါစို့ 🚭 ♻ သခွားသီးတစ်လုံးလှူတာနဲ့ နတ်ပြည်ရောက်နေတဲ့ နတ်သမီးတွေရှိပါတယ်~ သရက်သီးတစ်လုံးလှူလို့ နတ်သား နတ်သမီးတွေ ဖြစ်နေတာရှိတယ်~ သည်းခံလို့ နတ်သား နတ်သမီးတွေ ဖြစ်နေတာရှိတယ်~ ဝိပဿနာဆိုလို့ တစ်ပြားသားမျှ မပါဘူး 🚭 ♻ ဖားနတ်သားလေးတောင်ကြည့်ပါလား~ တရားနာရင်းနဲ့ နတ်ပြည်ရောက်သွားတာ~ ဝိပဿနာမပါဘူး~ တရားနာတဲ့ ကုသိုလ်လေးနဲ ရောက်သွားတာ~မဋ္ဌကုဏ္ဏလီသတို့သားဆိုရင်လည်း မြတ်စွာဘုရားကို ကြည်ညိုရုံလေးနဲ့ နတ်ပြည်ရောက်သွားတာ 🚭 ♻ " ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ " တောင် မဆိုနိုင်ဘူး~ ဝိပဿနာ အဝေးကြီးပဲ~ ဝိပဿနာအားမထုတ်ပေမယ့်လို့ လူ့ပြည် နတ်ပြည် ရောက်တာတွေ အများကြီးပါဘဲ~ သာသနာပမှာလည်း လူတွေ နတ်တွေ ဗြဟ္မာတွေဖြစ်တာ ရှိတာပဲ~ ဝိပဿနာ အားမထုတ်သော်လည်းဘဲ လူလည်းဖြစ်နိုင်တယ်~ နတ်လည်းဖြစ်နိင်တယ်~ ဗြဟ္မာလည်းဖြစ်နိုင်တယ် 🚭 ♻ ဒါန သီလကြောင့် လူ့ပြည်ရောက်နိုင်တယ်~ နတ်ပြည်ရောက်နိုင်တယ်~ ဈာန်တွေကြောင့် ဗြဟ္မာဖြစ်နိုင်တယ်~ အဲဒီလိုဆို ဝိပဿနာအားထုတ်စရာ ဘယ်လိုမလဲ~ ဒါန သီလ သမထလုပ်ရင်လည်း ရောက်တာပဲ 🚭 ♻ ဒါန သီလ သမထလုပ်လို့ရောက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဝိပဿနာလုပ်လို့ရောက်တဲ့ ပုဂ္ဂိုလ်တွေနဲ့မတူဘူး~ ဒါန သီလ သမထလုပ်လို့ရောက်တဲ့ ပုဂ္ဂိုလ်ဟာ ဝိပဿနာမျိုးစေ့ ပါမသွားဘူး~ များသောအားဖြင့် ကုသိုလ်အရှိန်အဟုန်ကုန်ရင် ပြန်ကျတာပဲ 🚭 ♻ နတ်ပြည်မှာလည်းပဲ လူ့ပြည်လိုပေါ့~ တရားပွဲတွေ ကျင်းပတယ်~ နတ်သား ဓမ္မကထိကတွေဟောတယ်~ ဗြဟ္မာကြီးတွေကဟောတယ်~ လူ့ပြည်ကနေပြီးတော့ တန်ခိုးအဘိညာဉ်တွေရတဲ့ ရဟန်းတွေက နတ်ပြည်တက် ဟောတာတွေလည်းရှိတယ် 🚭 ♻ ဝိပဿနာမျိုးစေ့ ပါမသွားတဲ့ပုဂ္ဂိုလ်က တော်ရုံတန်ရုံ တရားမနာချင်ဘူး~ မလွဲသာမရှောင်သာလို့ အတင်းဆွဲခေါ်လို့ တရွတ်တရွတ်နဲ့ ပါသွားပြီး တရားနာရသော်လည်းပဲ စိတ်မပါဘူး~ တရားကို စိတ်မပါဘူး 🚭 ♻ တရားဆိုတာ နိဗ္ဗာန်ရောက်ကြောင်း အဓိကဟောတာပဲ~ နိဗ္ဗာန် ရောက်ချင်တာမှ မဟုတ်ဘဲ~ လူ့စည်းစိမ် နတ်စည်းစိမ်ကို မြိန်မြိန်ယှက်ယှက်ကြီး ခံစားချင်တာပဲ 🚭 ♻ လူဖြစ်ရင်လည်း အထက်တန်းကျကျ မျက်နှာပန်းလှလှ နတ်ဖြစ်ရင်လည်း နတ်သမီး တစ်ဖက်တစ်ထောင်လောက်ကိုပဲ သဘောကျနေကြတယ်~ ဒီတော့ နိဗ္ဗာန်ကို မရောက်ချင်ဘူး 🚭 ✔ဝိပဿနာမလုပ်ရင် အပါယ်တန်းမကျပါဘူး✔ လူလည်းဖြစ်နိုင်တယ် နတ် ဗြဟ္မာလည်းဖြစ်နိုင်ပါတယ် သို့သောလည်းပဲ💦💦💦 ♻ အနိစ္စ ဒုက္ခ အနတ္တ သဘောတရားတွေကို အရှိအမှန်တရားတွေကို ဘာတစ်လုံးမှ သိမသွားတဲ့ လူမင်း နတ်မင်း ဗြဟ္မာမင်း ရိုးရိုးလူ ရိုးရိုးနတ်မဟုတ်ပါဘူး မင်းပဲဖြစ်ဖြစ် ကုသိုလ်အရှိန်အဟုန် ကုန်သွားတဲ့အခါ 💦💦💦 အပါယ်လေးပါးကို နောက်တစ်ခါပြန်ကျတာပဲ 💠 ♻ ခဲလုံးများမြှောက်တင်လိုက်သလို အရှိန်အဟုန်ရှိသလောက်တော့ အပေါ်တက်မှာပဲ~ အရှိန်အဟုန်ကုန်တာနဲ့ ပြန်ကျမှာပဲ~ ဗြဟ္မာကတော့ တန်းအပါယ်မကျဘူး~ လူတွေ နတ်တွေ ဖြစ်ပြီးမှ ခွေးတို့ ဝက်တို့ နွားတို့ဖြစ်တာ~ ဒေသနာတော်တွေမှာ ရှိပါတယ် 💠 ♻ ဒီဘဝမှာ တိဟိတ်ပုဂ္ဂိုလ် ဉာဏ်ပညာကြီးမားတဲ့ပုဂ္ဂိုလ် မေတ္တာဂရုဏာ အင်မတန်ကြီးမားတယ်~ နောင်ဘဝမှာ ဒွိဟိတ် ပြန်ဖြစ်နိုင်တယ်~ ခုတရားနာနေတဲ့ ပုဂ္ဂိုလ်တွေဟာ များသောအားဖြင့် တိဟိတ်ပုဂ္ဂိုလ်တွေက များတယ်~ ခန့်မှန်းခြေပြောတာပါ 💠 ♻ မဂ်ဉာဏ် ဖိုလ်ဉာဏ်မှ ရအောင်မကြိုးစားရင် နောင်ဘဝမှာ ဒီလို တိဟိတ်ပြန်ဖြစ်မယ်လို့ ပြောလို့မရဘူး~ ဒွိဟိတ်ပြန်ဖြစ်သွားနိုင်တယ်~ အာသန္နကံမှာ ဘယ်လိုကံမျိုးနဲ့ သေရမယ်ဆိုတာ ပြောလို့မရဘူး~ အာသန္နကံဆိုတာ 💦💦💦 ✔ သေခါနီးကပ်ပြီးတော့ဖြစ်တဲ့ကံကို ခေါ်တာ ✔ ♻ အမြဲတမ်းတရားပွားများနေတဲ့ ပုဂ္ဂိုလ်ကတော့ လောဘ ဒေါသ မောဟ နည်းတာပေါ့ဗျာ~ အမြဲတမ်း တရားမပွားများဘဲနဲ့ စားဝတ်နေရေးလောက် လုပ်နေရတဲ့သူကတော့ အကုသိုလ်များတာပဲ~ အဲဒါ အာစိဏ္ဏကံ~ ♻ ကဋတ္တာကံမှာလည်း တစ်ခါတစ်ရံ မပြောသင့်တာတွေလည်း ပြောမိ~ ဒီလိုပဲရှိမှာပေါ့~ မိဘနဲ့သားသမီးတောင် ပြန်ပြောမိတာပဲ~ မိဘနဲ့သားသမီး တစ်ခါတစ်လေပြန်ပြောမိတာ စိတ်ဆိုးမိတာတွေ ရှိတာပဲ 💠 ♻ အဲဒီတော့ ဝိပဿနာမလုပ်သော်လည်း ဒါန သီလ သမထတွေ အာစိဏ္ဏကံတွေ လုပ်ထားတယ်~ ဒါနတွေလည်း အမြဲတမ်းပြုတယ်~ သီလတွေလည်း ဆောက်တည်ထားတယ်~ စုတိပျက်ကြွေ သေခါနီးမှာ ဒါန သီလကို သတိရပြီးသေရင် နတ်ပြည်ရောက်မယ်~ လူလည်း ဖြစ်နိုင်ပါတယ်~ ဈာန်တွေရလို့ရှိရင်လည်း ဗြဟ္မာဖြစ်နိုင်ပါတယ်~ သို့သောလည်းပဲ အပါယ်တံခါးပိတ်ပြီလား 🚭 " မပိတ်သေးပါဘူးဘုရား " ♻ မိမိတို့ ခုဘဝမှာ သူဌေးကြီးဖြစ်မယ် နောင်ဘဝမှာ သူဌေးကြီးဖြစ်မယ်လို့ ပြောလို့ရပါ့မလား 🚭 " မရပါဘူးဘုရား " ♻ ခုဘဝမှာ အရာရှိကြီးဖြစ်တယ်~ နောင်ဘဝမှာ အခုလို အရာရှိကြီးဖြစ်မယ်လို့ ပြောလို့ရပါ့မလား 🚭 " မရပါဘူးဘုရား " ♻ ခုဘဝမှာ မိမိတို့က သူများရဲ့အပူဇော်ခံပေါ့~ ဆရာတော် ဆရာတော်နဲ့ ပူဇော်တာပေါ့~ နောင်ဘဝမှာ သူများရဲ့ အပူဇော်ခံဖြစ်ပါမယ်လို့ ပြောလို့ရပါ့မလား 🚭 " မရပါဘူးဘုရား " ♻ ခုဘဝမှာ သမာဓိတွေ အားကောင်းပြီးတော့ ဈာန်တွေဘာတွေရလို့ သူများတွေက လေးစားတယ်~ နောင်ဘဝမှာ အဲဒီလို ဈာန်တွေဘာတွေရမယ်လို့ ပြောလို့ရပါ့မလား 🚭 " မရပါဘူးဘုရား " ♻ ခုဘဝမှာ မြင်ရတဲ့သူတိုင်းက လေးစားတဲ့ပုဂ္ဂိုလ်~ နောင်ဘဝမှာ အရူးအနှမ်းကြီး ဖြစ်သွားနိုင်တယ်~ ဘာဖြစ်လို့လဲ~ ကံက စီမံနေတာပဲ~ ကံကအရူးအနှမ်း ဖြစ်စေမယ့်ကံဆိုရင် အရူးအနှမ်းဖြစ်သွားတာပဲ~ ခုဘဝမှာတော့ တကယ့်ပညာရှင်ကြီးပေါ့~ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရသေးရင် စိတ်မချရသေးဘူးဗျ~ နောက်တစ်ခါကျရင် ပညာမဲ့တဲ့ပုဂ္ဂိုလ် ဖြစ်သွားနိုင်တယ်🚭 ✳ သီလအင်မတန်ကောင်းတဲ့ပုဂ္ဂိုလ် နောင်ဘဝကျရင် သီလပျက်တဲ့ပုဂ္ဂိုလ် ဖြစ်သွားနိုင်တယ်~ နိမ့်လိုက် မြင့်လိုက် ကောင်းလိုက် ဆိုးလိုက် ဒီလိုဖြစ်နေကြရတာပဲ~ ခုဘုရားဒကာ ကျောင်းဒကာ နောင်ဘဝကျတော့ သူခိုးဖြစ်သွားနိုင်တယ်~ နောင်ဘဝကို ထားပါဦး~ ဒီဘဝကိုပဲ ကြည့်ပါဦး~ ဒီလမှာ ဘုရား တရား သံဃာကို မကြည်ညိုပေမဲ့ နောက်လကျရင် ကြည်ညိုပါ့မယ်လို့ ပြောလို့ရပါ့မလား🚭 " မရပါဘူးဘုရား " ♻ ဒီလမှာ ယောဂီတို့ တရားအားထုတ်လို့ သမာဓိတွေ အထိုက်အလျောက် ရတယ်ဆိုပါတော့~ နောက်လကျတော့ အားမထုတ်တော့ရင် အဲဒီသမာဓိတွေ ရှိပါဦးမလား🚭 " မရှိနိင်တော့ပါဘူးဘုရား " ဒီလမှာ သာသနာ့ဘောင်ဝင်လို့ တရားတွေနာ တရားတွေ အားထုတ်လို့ အထိုက်အလျောက် ဉာဏ်ပညာတွေ အားကောင်းနေတယ်~ ကိလေသာဗွက်ထဲ ရောက်သွားတဲ့အခါကျတော့ အဲဒီ တရားတွေ ရှိနိုင်ပါဦးမလား🚭 " မရှိနိုင်တော့ပါဘူးဘုရား " ဒါ ဘဝမကူးသေးပါဘူး~ ဒီဘဝမှာကိုပဲ အမျိုးမျိုးဖောက်ပြန် ပြောင်းလဲနေတယ်~ ဝိနိပါတဘေးလို့ ခေါ်ပါတယ်~ ဖရိုဖရဲကျတဲ့ဘေး ပုတုဇဉ်တွေကျမဲ့ဘေး~ အခုပဲ အထက်တန်းကျကျ မျက်နှာပန်းလှလှ အခုပဲ မွဲတေ တောင်းစားရ ခုပဲ ပညာရှင်ကြီး သူများတွေ ဆရာလုပ်နေတယ်~ အခုပဲ ဟော💦💦💦 အရူးအနှမ်း သူရူးသူနှမ်း ဖြစ်သွားနိုင်တယ် ခုပဲ သူဌေးကြီး ရော့အင့်... ရော့အင့် ပေးနိုင်တယ်~ ခုပဲ မွဲတေပြီးတော့ ကုန်းကောက်စရာမရှိဘူး ဖြစ်သွားနိုင်တယ်~ ခုပဲ သူတစ်ပါးတွေက လက်အုပ်ချီပြီး ကိုယ့်အဖေအရွယ် အမေအရွယ်တွေက လက်အုပ်ချီပြီး ရှိခိုးကြတယ်~ ခုပဲ တစ်ခါတည်းနဲ့ သူများခိုင်းဖတ် ကျွန်ဖြစ်သွားနိုင်တယ်💠 လောကကြီးရဲ့ သဘောကိုကြည့်ရင် ကြောက်စရာမကောင်းဘူးလား💠. " ကောင်းပါတယ်ဘုရား " 💡 လောကမှာ သီလ သမာဓိ ပညာဟာ လူ့ဘဝရဲ့ တန်ဖိုးပဲ~ (၃၁) ဘုံမှာ လူဟာ တန်ဖိုးရှိတယ်~ လူဟာ အဖိုးတန်တယ်ဆိုတာ ရုပ်ချောလို့ ဥစ္စာပေါလို့ ဘွဲ့တွေရလို့ အဖိုးတန်တာ မဟုတ်ပါဘူး~ 💥 သီလ သမာဓိ ပညာကြောင့် အဖိုးတန်တာ 💥 ✔ သီလသိက္ခာ သမာဓိသိက္ခာ ပညာသိက္ခာ~ ကိုရင်တွေ ဝတ်ကြတယ် ဦးပဉ္ဇင်းတွေ ဝတ်ကြတယ်~ လူနတ်ဗြဟ္မာ အားလုံးတို့ရဲ့ ရှိခိုးမှုကို ခံနိုင်တယ်~ သီလ သမာဓိ ပညာကြောင့် လူ့ဘဝက တန်ဖိုးမြင့်တက်သွားတာ ~ ✔ လူ့ဘဝရဲ့တန်ဖိုးဟာ အဲဒီသိက္ခာသုံးပါးပဲ ✔ ♻ခုချိန်မှာ သင်္ကြန်တွင်းမှာ သိက္ခာတွေ ထိန်းသိမ်း~ နောက် လူပြန်ထွက်တော့ သိက္ခာတွေ ကျသွားတယ်~ မသေသေးပါဘူး~ ခုတစ်ဘဝထဲမှာကိုပဲ အခု အထက်တန်းရောက်တယ်~ ခုပဲ အောက်ပြန်ကျတယ်~ ♻ ခုပဲ သူများတွေက ကိုယ့်ကို ရှိခိုးတယ်~ နောက်ကျတော့ သူများပြန် ရှိခိုးရမယ်~ လောကကြီးက ဖောက်ပြန်ပြောင်းလဲမနေဘူးလား~ အဲဒီသဘောတွေကိုသိလို့ 💦💦💦 ✔ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရတဲ့ပုဂ္ဂိုလ်က တော်ရုံတန်ရုံ လူမထွက်တော့ဘူး~ ထွက်ပါဆိုတောင် မထွက်တော့ဘူး~ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဲ့သတ္တိကြောင့် အကြွင်းမဲ့ယုံကြည်သွားပြီ~ ရတနာသုံးပါးနဲ့ ကင်းကွာလို့ မရတော့ဘူး ✔ ♻ ဝိပဿနာ အားမထုတ်ရင် အပါယ်တန်းမကျနိုင်ပါဘူး~ ကုသိုလ်ကောင်းမှုတွေကြောင့် လူလည်းဖြစ်နိုင်တယ်~ နတ်လည်းဖြစ်နိုင်တယ်~ သို့သော်လည်းပဲ လူပြန်ဖြစ်တဲ့အခါမှာ ⚫⚫⚫ သူတော်ကောင်းဓာတ်က နည်းတယ်~ များသောအားဖြင့် ပြောပါတယ်~ အကြွင်းမဲ့ပြောတာ မဟုတ်ဘူး~ များသောအားဖြင့် သူလည်း ဖြစ်တာပဲ ငါလည်းဖြစ်တာပဲ~ ဝိပဿနာကို အသာထားပါဦး💠 ♻ ဒါနပြုချင်တဲ့ပုဂ္ဂိုလ် နည်းတယ်~ သီလဆောက်တည်ချင်တဲ့ပုဂ္ဂိုလ် နည်းတယ်~ ဘာဝနာပွားများချင်တဲ့ပုဂ္ဂိုလ် နည်းတယ်~ သီလထဲမှာ ဝေယျာဝစ္စကုသိုလ် ပါပြီးသား~ ဝိပဿနာ အသာထားဦး~ သမထလည်း မပွားချင်ဘူး~ ဘာလုပ်ချင်လဲ သီချင်းပဲ ဆိုချင်တယ်~ ဟိုဟာဒီဟာလျှောက်ပြောလိုက် သီချင်းဆိုလိုက် အဲ့ဒါပဲ လုပ်ချင်တာ💠 ♻ ဂုဏ်တော်ပွားဖို့ မေတ္တာပွားဖို့ သိပ်ဝါသနာမပါဘူး~ အတိတ်တုန်းကလည်း အားနည်းခဲ့တယ်~ ပစ္စုပ္ပန်မှာလည်းပဲ ကလျာဏမိတ္တကို မပေါင်းဘူး~ ပါပမိတ္တတွေချည်းပဲ ပေါင်းကြတယ်~ ပါပမိတ္တဆိုတာ အရက်သောက်နေမှ မဟုတ်ဘူး~ တရားမလိုက်စားဘဲ အာရုံငါးပါး ကာမဂုဏ်တရား လိုက်စားနေတဲ့သူတွေဟာ ပါပမိတ္တပဲ~ အဲဒါတွေနဲ့ပဲ ပေါင်းချင်ကြတာ~ ပေါင်းချင်တော့ အချိန်ဖြုန်းတာပေါ့ ~ လူ့ဘဝ ခဏလေးရတာ🚭 " သမုဒ္ဒရာရေပြင်ထက် ခဏတက်သည့် ရေပွက်ပမာ " အဲ့ဒီ ခဏလေးရတဲ့လူ့ဘဝကို တန်ဖိုးရှိရှိအသုံးမချချင်ချင်ဘူး🚭 ဘဝဆိုတာ အသုံးချစရာ~ ဘဝဆိုတာ ခံစားရမှာမဟုတ်ဘူး🚭 ရလာတဲ့ဒီခန္ဓာ ရလာတဲ့ဘဝကို ကိရိယာတန်ဆာပလာလို အသုံးချရမှာ🚭 ♻ အငှားးနွားကြီးကို တစ်ချိန်ပြန်ပေးရမှာ~ သေမင်းမခေါ်မီ ဒီခန္ဓာကြီးကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရေးအတွက် အသုံးချပါလို့ ဆိုလိုပါတယ်🚭 လူ့ဘဝမှာ အာရုံငါးပါး ကာမဂုဏ်တရား လိုက်စားနေရင်တော့ အရှုံးကြီးရှုံးတာပဲ~ အကြီးအကျယ်ရှုံးတာ~ နောင် ဒီလိုဘဝကို ပြန်မရတော့ဘူး✔ အဲ့တော့ ဒါန သီလ သမထ ကုသိုလ်ကံကြောင့် လူ့ပြည် နတ်ပြည် လူချမ်းသာ နတ်ချမ်းသာ လူမင်း နတ်မင်းဖြစ်သော်လည်းပဲ တရားကို စိတ်မဝင်စားတော့ဘူးတဲ့~ အဓိက ဘာတွေကို စိတ်မဝင်စားသလဲဆိုတော့ - 💡 သုညတဓမ္မတွေကို စိတ်မဝင်စားဘူး 💡 သုညတဓမ္မဆိုတာ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့တရားကို သုညတဓမ္မလို့ ခေါ်ပါတယ်💠 ရုပ်ဆိုတာ ငါလည်းမဟုတ်ဘူး~ ငါ့ဥစ္စာလည်း မဟုတ်ဘူး~ ဘာလဲဆိုတော့ ဖောက်ပြန်တဲ့သဘောလေးပဲ💠 နာမ်ဟာလည်းပဲ ငါလည်းမဟုတ် ငါ့ဥစ္စာလည်းမဟုတ်ဘူး~ သိတတ်တဲ့သဘောလေးပဲ💠 ရုပ်တရား နာမ်တရား သင်္ခါရတရားတွေဟာ အနိစ္စတရား ဒုက္ခတရား အနတ္တတရား အသုဘတရားတွေပဲ💠 💥 အဲ့ဒီ သုညတဓမ္မ ငါ ငါဥစ္စာမှ ဆိတ်သုံးတဲ့တရားကို နာလည်းမနာချင်ဘူး~ လေ့လည်း မလေ့လာချင်ဘူး~ သိအောင်လည်း မလုပ်ချင်ဘူး~ မလုပ်ချင်ဘူးဆိုတော့ မသိဘူးပေါ့💠 💥 ရုပ်တွေ နာမ်တွေတောင် မသိဘူးဆိုတော့ ရုပ်နာမ်တွေရဲ့ လက္ခဏာကို သိနိုင်ပါတော့မလား~ " မသိနိုင်တော့ပါဘူးဘုရား " မသိတဲ့အခါကျတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရဘူး~ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရတော့ ကုသိုလ်အရှိန်အဟုန်လည်းကုန်ရော အပါယ်လေးပါး ပြန်ကျရော~ ပြန်ကျတဲ့အခါကျတော့ ကမ္ဘာပေါင်းများစွာ အပါယ်လေးပါးမှာနေ နောက်တစ်ခါပြန်တက်လာ အာရုံငါးပါး ကာမဂုဏ်တရားနဲ့ပဲ အချိန်ကုန်~ နောက်တစ်ခါ အပါယ်လေးပါးပြန်သွား~ ကုသိုလ် ကောင်းမှုလေးရှိတော့ ပြန်တက်လာ~ နောက်တစ်ခါ ပြန်သွား~ ဘာဖြစ်လို့လဲ... သူတော်ကောင်းတရားတွေ မနာ တရားတွေ အားမထုတ်တော့ သက္ကာယဒိဋ္ဌိမှမပြုတ်ဘဲ ဒီပဲပြန်သွားရမှာပေါ့~ (၃၁)ဘုံမှာ လည်လို့ကို မဆုံးနိုင်တော့ဘူး~ အဲဒါ ဝိပဿနာအားမထုတ်ရင် အပါယ်ကျမှာလားဆိုတဲ့ မေးခွန်းကို ပြန်ဖြေထားတာ💠💠💠 💢💢💢💢💢💢💢💢💢💢💢💢💢💢💢 မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ လွတ်မြောက်မှုချမ်းသာကို ရှာဖွေခြင်းနှင့် အလုပ်ပေးတရားတော်များ - မှ ကူးယူပူဇော်ပါသည် #Credit


via အလင်းရောင် ဓမ္မ https://ift.tt/2I9MnLK