အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, September 20, 2019
သင့်ဘဝ လှပါစေ 🌾🌾🌾🌾🌾🌾 🌾လောဘတွေ အားကောင်းလာတဲ့အခါ အရှက်တရားမဲ့ပြီး ဘဝက အကျည်းတန်တယ်၊ ဒါ့ကြောင့် စွန့်လွှတ်မှုနဲ့ ကိုယ့်ဘဝကို အလှဆင်ပါ~ 🌾ဒေါသတွေ အားကောင်းလာတဲ့အခါ အသိတရားမဲ့ပြီး ဘဝက အကျည်းတန်တယ်၊ ဒါ့ကြောင့် မေတ္တာများနဲ့ ကိုယ့်ဘဝကို အလှဆင်ပါ~ 🌾မောဟတွေ အားကောင်းလာတဲ့အခါ ဆင်ခြင်တုံတရားမဲ့ပြီး ဘဝက အကျည်းတန်တယ်၊ ဒါ့ကြောင့် ပညာများနဲ့ ကိုယ့်ဘဝကို အလှဆင်ပါ~ 🌾အတ္တတွေ အားကောင်းလာတဲ့အခါ ကိုယ်ချင်းစာတရားမဲ့ပြီး ဘဝက အကျည်းတန်တယ်၊ ဒါ့ကြောင့် စာနာစိတ်နဲ့ ကိုယ့်ဘဝကို အလှဆင်ပါ~ 🌾မာန်မာနတွေ အားကောင်းလာတဲ့အခါ ဂါရဝတရားမဲ့ပြီး ဘဝက အကျည်းတန်တယ်၊ ဒါ့ကြောင့် နှိမ့်ချမှုနဲ့ ကိုယ့်ဘဝကို အလှဆင်ပါ~ 🌾ရလာတဲ့ ဘဝခဏမှာ သံသရာတစ်လျှောက်လုံး အရုပ်ဆိုး အကျည်းတန်စေနိုင်တဲ့ အပြုအမူတွေကို ပြင်နိုင်သမျှ ရအောင် ပြင်ပြီး ဘဝ လှပါစေ……။ credit :
via အလင်းရောင် ဓမ္မ https://ift.tt/30f7Uh2
Newer Post
Older Post
Home