အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, September 19, 2019
#နေ့တစ်နေ့ရဲ့နံနက်ခင်းမှာ #စိတ်ချမ်းသာခြင်းနဲ့စတင်ဖို့ စိတ်ဆင်းရဲတယ်ဆိုတာ ရင်ထဲကို “လောဘ၊ ဒေါသ၊ ဣသာမစ္ဆရိယ၊ ရာဂ၊ တဏှာ” စတဲ့ အကုသိုလ်တရားတွေ ၀င်လာလို့ပါ ဒီသဘောကို ကိုယ်က အရင် သဘော ပေါက်ထား လိုက်ပါ ဒီတော့ မနက်အိပ်ယာထ နိုးတာနဲ့ “ငါ ဒီနေ့ သတိပဋ္ဌာန်ရယ်၊ နမောတဿ ရယ် နဲ့ ငါ့စိတ်ကလေးကို ငြိမ်းအေးအောင် နေမယ်” လို့ သုံးခါလောက် စိတ်ထဲကနေ အဓိဋ္ဌာန်လိုက်ပါ အိပ်ရာထကတည်းက သတိပဋ္ဌာန်လေးနဲ့ ထလိုက်ပါ ရေချိုးခန်းဝင်တာ၊ မျက်နှာသစ်တာ၊ သွားတိုက်တာ၊ မျက်နှာသုတ်တာ၊ ခြေလှမ်းလှမ်း တာ၊ ခြင်ထောင်သိမ်းသာ၊ စောင်ခေါက်တာ၊ မီးဖိုချောင်ဝင်တာ စသည်တွေကို သိ ,သိနေလိုက်ပါ တကယ်လို့ မှတ်ရတာ ကြာလာလို့ နည်းနည်း ငြီးငွေ့လာရင် နမောတဿကို လှည့်ပွားနေလိုက်ပါ နမောတဿ ပွားလို့ အားရလာတဲ့အခါ သတိပဋ္ဌာန်ကို ပြန်မှတ်ပါ သတိပဋ္ဌာန်လေးနဲ့ နေလိုက်၊ နမောတဿလေးနဲ့ နေလိုက်နဲ့ သေချာ သတိကပ်ပြီး နေနေလိုက်ပါ သတိပဋ္ဌာန်လေးနဲ့ နေနေတဲ့အချိန်၊ နမောတဿပွားနေတဲ့အချိန်လေးမှာ လောဘ၊ ဒေါသ စတဲ့ အကုသိုလ်တရားတွေ မ၀င်ပါဘူး အဲဒီ အကုသိုလ်တရားတွေ မ၀င်ရင် စိတ်ကလေး ငြိမ်းအေးနေတော့တာပါ တစ်နေ့လုံး မကျင့်နိုင်ရင်တောင် မနက်ပိုင်းလေး မှာတော့ အချိန်လေးသတ်မှတ်ပြီး ကျင့်ကြည့် စေချင်ပါတယ် ကျင့်စမှာ နည်းနည်းခက်ချင် ခက်မယ် ကျင့်ပါ များလာရင်တော့ မှတ်ရ၊ ပွားရတာ လွယ်သွား ပါလိမ့်မယ် ၀ိပဿ နာဆိုတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာ တွေ့မြင်ပါမှ ၀ိပဿနာ စစ်စစ်ဖြစ်တာပါ ဒါပေမယ့် သွားရင်သွားတယ် လို့ သိနေတဲ့အချိန်မှာ၊ သောက်ရင်သောက်တယ်လို့ သိနေတဲ့အချိန်မှာ သတိဖြစ်နေတဲ့ အတွက်အကုသိုလ် စိတ်ကလေး တွေကမ၀င်ပါဘူး မ၀င်တဲ့အတွက် စိတ်ကလေးကငြိမ်းအေးနေ တော့တာပါ ဒီလောက် ဆိုရင်ပဲ ကိုယ့်အတွက် တော်တော်လေး ဟုတ်နေပါပြီ ဒါလေးကို စမ်းပြီးတော့ကျင့်ကြည့်စေချင်ပါတယ် စိတ်ကလေး ငြိမ်းအေးနေစေချင်လို့ပါ သိပ်ပြီး ခက်လှတဲ့ ကျင့်စဉ်လည်း မဟုတ်ပါဘူး စာဖတ်သူရေ၊ တချို့ စိတ်ဆင်းရဲမှုတွေဟာ တွေးလို့ ဖြစ်ရတာပါ တွေးတာက ကြာလာရင် အကျင့်ပါသွားတတ်ပါတယ် ဒါကြောင့် စိတ်ဆင်းရဲစရာတစ်ခု တွေးမိလိုက်တာ နဲ့ “တွေးတယ်၊ တွေးတယ်” လို့ မှတ်ချက်လိုက်ပါ “တွေးတယ်၊ တွေးတယ်” လို့ သိချလိုက်ပါ မှတ်ရတာ ကိုယ့်အတွက် သိပ်ခက်နေရင်လည်း နမောတဿ ကို အားရသလောက် ပွားချပစ်လိုက်ပါ မတွေးမိအောင်လည်း အကျင့်လုပ်ထားလိုက်ပါနော်။ ရဝေနွယ် (အင်းမ)အရှင်ရာဇန္ဒိ
via အလင်းရောင် ဓမ္မ https://ift.tt/2NnTlky
Newer Post
Older Post
Home