Thursday, September 19, 2019

🌷 တရားကို မြင်မှ ဘုရားကို မြင်မည် 🌷 🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥 ☀ ယခု ဘုရားရှင်၏ သာသနာတွင် ဝိပဿနာ၏ အခြေခံ ဖြစ်သော နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်လောက်​ ကိုမှ အားထုတ်နာကြားခြင်းမပြုဘဲ နောက်ပွင့်မည့် ဘုရားရှင်ကို ဖူးတွေ့ရအောင် ဆုတောင်းနေကြသူများ အထူးသတိပြုသင့်သောအချက်တစ်ချက်ရှိ၏။ ☀ ဝိပဿနာတရား အခြေခံ​လေးမှမရှိသောသူသည် ဘုရားရှင်ကို မျက်စိရှေ့တွင်တွေ့မြင်နေရသော်လည်း ဖူးမြော်ကန်တော့ဖို့နေနေ သာသာ ဘုရားရှင်မှန်းပင်မသိနိုင်ချေ။ ဓမ္မစကြာတရားကိုဟောပေး ချင်သဖြင့် သူတို့ထံလိုက်လာသော ဘုရားရှင်ကို ပဉ္စဝဂ္ဂီငါးဦးသည် ရှိခိုး ခြင်းမပြုရန် နေရာထိုင်ခင်းမပေးကြရန် အစက တိုင်ပင်ထား ကြ၏။ ဤကား ဘုရားရှင်ကို တွေ့မြင်နေရသော်လည်း တရား မမြင်​သော​ကြောင့်​ ဘုရားရှင်မှန်းပင် မသိနိုင်ခြင်းဖြစ်၏။ ☀ ပက္ကုသာတိမင်းကြီးသည်​ ဘုရားရှင်နှင့်အခန်းတစ်ခန်းထဲတွင် တည်းခိုနေရသော်လည်း သူဖူးတွေ့ချင်နေသောဘုရားရှင်မှန်း မသိခဲ့။ ဘုရားရှင်ဟောကြားသော ဓါတ်ခြောက်ပါးတရားကို နာကြားရပြီး အနာဂါမ်တည်သောအခါမှပင် ဘုရားရှင်မှန်းသိရှာ၏။ ☀ ဘုရားဖြစ်ပြီးကာစ အချိန်က လမ်းတွင်ဥပကကြီးနှင့်တွေ့၏။ ဥပက က မေးသောကြောင့် မာရ်ငါးပါးကို အောင်မြင်သော ဇိန ( ဘုရားရှင် ) ဖြစ်ကြောင်း ပြောကြားသော်လည်း ဥပကကား စိတ်ချလက်ချ ယုံကြည်ပုံ မရဘဲ "ဇိန" ဆိုတာဟုတ်လောက်ပါပေ တယ်ဟု ပြောပြီးလမ်းခွဲသွားခဲ့၏။ ဤသည်လည်း တရားကိုမမြင် သောကြောင့် ဘုရားကိုမမြင်ခြင်းပင်ဖြစ်၏။ ☀ ထို့ကြောင့် ယခုဘုရားသာသနာမှာပင် ဝိပဿနာတရားကို အခြေခံရအောင်နာကြားအားထုတ်ထားသင့်၏။ သို့မှသာ ​နောက်ပွင့်မည့် ဘုရားရှင်ကိုဖူးတွေ့ရသောအခါ ဘုရားရှင်မှန်း သိနိုင်မည်ဖြစ်၏။ သို့မဟုတ်ပါက ဘုရားရှင်ကိုတွေ့ မြင်ရပါ ​သော်လည်း ဘုရားမှန်းပင်သိနိုင်မည်မဟုတ်ပေ။ 🌷 ( တရားကိုပွားများအားထုတ်​ထားတဲ့သူသည်​ တရားကိုမြင်​တဲ့ အခါ ဘုရားရှင်​၏ ဂုဏ်​​ကျေးဇူး​တော်​​တွေကို နားလည်​သိမြင်​လာ မည်​ဖြစ်​သည်​။ )🌷 🙏 ရွှေပြည်သာမြို့၊ မန္တ​လေးကျောင်းဆရာတော်။ မေတ္တာရှင်-ရွှေပြည်သာ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ..အတွဲ ၅၊ ၆။🙏 Credit::🍀 ဓမ္မဒါန ပြန်​လည်​မျှ​ဝေ ပူ​ဇော်​ပါ၏။🍀 💫 War Win Hnin Phyu 💫 ~~~~~~~~~~~~~~~~~~~~~~~~~~~


via အလင်းရောင် ဓမ္မ https://ift.tt/2IcJutu