အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, September 20, 2019
🍃🌼 မောဟဆိုတဲ့ ... အမှောင်တိုက် 🌼🍃 . မောဟ ... ဆိုတာ ... ဥပမာ ... ဘာနဲ့တူသလဲဆိုတော့ အမိုက်တိုက်ကြီး အမှောင်တိုက်ကြီးနဲ့ ... တူတယ်။ . ဒီ ... မာဟအမှောင်ကြီး.ဖုံးလွှမ်းထားလို့ ရုပ်-နာမ် ဆိုတဲ့ ... ပရမတ္တသဘာဝကို ထိုးထွင်းပြီး ... မမြင်နိုင် ... မသိနိုင်ဘဲ ဖြစ်နေရတယ်။ . သမာဓိ ဆိုတာက ... ဒီအမှောင်တိုက်ကြီးကို ထိုးဖောက် ... ထွန်းပြတဲ့ အလင်းရောင်ဓာတ်ကြီး ဖြစ်တယ်။ . ဒီလို ... သမာဓိ အလင်းရောင်ဓာတ်ကြီး ပေါ်လာပြီး အမှောင်ကြီးထဲကို ထွန်းလင်း ပြလိုက်ရင် ပရမတ် ရုပ်-နာမ်ရဲ့ သဘာဝတွေကို မြင်လိမ့်မယ်။ . ဒီလို မြင်တဲ့အခါ ဉာဏ်က ... အမှား ... အမှန်ကို ဝေဖန်ဓိကပြုလို့ ရုပ်-နမ် တို့ရဲ့ သဘောတွေကို ကုန်စင်အောင် သိမြင်တဲ့အချိန်မှာ ... . မဂ္ပညာက ... အမှန်ကို ... တစ်ထစ်ချ ဆုံးဖြတ်ချက် ချလိုက်လိမ့်မယ်။ . မောဟက ... အမိုက်မှောင် သမာဓိက ... အလင်းရောင် . ဝိပဿနာက ... ဝေဖန် မဂ်ပညာက ... ဆုံးဖြတ် . အဲ ... အခု ... တရားထိုင်တယ်ဆိုတာ အဲဒီကိစ္စတွေကို ပြီးစီးပြည့်စုံအောင် လုပ်နေတာဘဲ။. . ကဲ ... အာနာပါန သတိက အာနာပါန သမာဓိ ဖြစ်လာလိမ့်မယ်။ . ခန္ဓာကိုယ်ပေါ်မှာ ... တင်းတဲ့ ဝေဒနာ ... တောင့်တဲ့ ဝေဒနာ ကိုက်တဲ့ ဝေဒနာ ထုံတဲ့ ဝေဒနာ ... ကျင်တဲ့ ဝေဒနာတွေ ပေါ်လာလိမ့်မယ်။ . အဲဒီလို ... ဒုက္ခဝေဒနာ ပေါ်လာတဲ့အခါ .နှာသီးဝက တွန်းသဘောလေး ... တိုးသဘောလေးကို သိနေတဲ့ စိတ်ကလေးဟာ ဝေဒနာကို ... သူ့သဘောနဲ့သူ သွားပြီး သိလိမ့်မယ်။ . ကိုယ်က လုပ်မပေးရပါဘူး။ အနတ္တသဘောဆိုတာ ... သူ့သဘော.သူဆောင်နေတယ် မဟုတ်လား။ . ဒီလို ... ဝေဒနာကို အသိစိတ်ကလေးက သွားပြီး သိတယ်ဆိုရင် ... ညောင်းတယ် ... ကိုက်တယ် ... ခဲတယ် ထုံတယ် ... ပူတယ်လို့ သွားပြီး သညာမပေးနဲ့ မသတ်မှတ်နဲ့ ... မသိလိုက်နဲ့။ . ဒီ ... ညောင်းညာ ... ကိုက်ခဲ ... ထုံကျင် ... ပူအေးတယ်လို့ သိတဲ့ အသိဟာ သံသရာ လဆန်း တစ်ရက်နေ့ကစပြီး သိလာတဲ့ ... အသိမျိုး။ . အမှားကို သိတဲ့ ... မိစ္ဆာဒိဋ္ဌိ အသိလို့ ခေါ်တယ်။ . ဒီ ... မိစ္ဆာဒိဋ္ဌိ အသိမျိုးနဲ့ သိလာခဲ့လို့ သံသရာတစ်လျှောက်လုံးကို ပြေးလျှောက်ခဲ့ကြရတယ်။ . ဒီ ... မိစ္ဆာဒိဋ္ဌိ အသိမျိုးနဲ့ ယခု ပစ္စုပ္ပန်မှာ ထပ်ပြီး သိနေဦးမယ်ဆိုရင် သံသရာကို ... ပြေးလျှောက်ရလိမ့်ဦးမယ်။ အပါယ်လေးရွာကို ... ကျကြရလိမ့်ဦးမယ်။ . ဒီတော့ ... ဒီ ... မိစ္ဆာဒိဋ္ဌိ အသိကို သမ္မာဒိဋ္ဌိ အသိနဲ့ အစားထိုးပြီး သိလိုက်ပါ။ . ဘယ်လိုသိရမှာလဲတဲ့။ ညောင်းလာရင် ... ဝေဒနာ၊ ကိုက်လာရင်လည်း ... ဝေဒနာ၊ ထုံလာရင်လဲ ... ဝေဒနာ၊ ပူလာရင်လဲ ... ဝေဒနာ၊ အေးလာရင်လဲ ... ဝေဒနာ ... . စတဲ့ ... ဝေဒနာရဲ့ သဘောကို သိအောင် ကြည့်ပြီး ဝေဒနာ တစ်လုံးဘဲ ... သိ။ တခြားဘာမှ ... မသိနဲ့။ ညောင်းတယ် ... ညာတယ် ကိုက်တယ် ... ခဲတယ် ထုံတယ် ... ကျင်တယ် ပူတယ် ... အေးတယ် လှုပ်တယ် ... ရွတယ် ဆိုတာ မရှိတဲ့ တရားတွေ။ . သညာဝိပ္ပလ္လာသက လိမ်လိုက်လို့။ သူ့ အလိမ်ကို ခံလိုက်ရလို့ ဒီလို ... ညောင်းညာ... ကိုက်ခဲတယ်လို့ မိစ္ဆာဒိဋ္ဌိ အသိနဲ့ သိနေတာ။ . ကျေးဇူးတော်ရှင် မူလသဲအင်းဂူဆရာတော်ဘုရားကြီး အရှင်ဥက္ကဋ္ဌ . ဓမ္မဒါန မေတ္တာဖြင့် သဲအင်းဂူဆရာတော်ဘုရားကြီးအရှင်ဥက္ကဋ္ဌ၏ တရားတော်များ . https://ift.tt/30zRJpI
via အလင်းရောင် ဓမ္မ https://ift.tt/2IuHUU7
Newer Post
Older Post
Home