Thursday, September 19, 2019

🌱 ငါသေရင်ဘယ်ရောက်မလဲ ဆိုပြီးသံဝေဂဥာဏ် စဖြစ်ပြီး ကျင့်တာ.. သမာဓိထူထောင်ပြီး သမာဓိအခြေခံအားကောင်း လာတော့ အာနာပါနသတိ ယူလိုက်တဲ့အခါမှာ တော့ .. အင်း.. အာနာပါနသတိဆိုတာ ထွက်လေ ဝင်လေ လေးကို ရှုနေတဲ့အချိန်အခါမှာ သမာဓိ အားကောင်းလာတော့ နှာသီးဝတံခါးကနေပြီး အဇ္ဈတ္တသန္တန်က တွန်းထုတ်လာတဲ့လေကြောင်း ကြီးက တခါထဲမြင်လာတယ်၊ ဗဟိဒ္ဓကတိုးဝင် လာတဲ့လေကြောင်းကြီးမြင်လာတယ်..အဲဒီလေ ကြောင်းကြီးရှုနေတာပဲ ဒကာကြီးရေ။ 🌱 အဲဒီလေကြောင်းကြီးဘယ်လိုဖြစ်လာသလဲ... ကြည်သထက်ကြည်, ကြည်သထက်ကြည်လာ တာပဲ၊ လေကြောင်းထဲစိတ်ကလေးဖွင့်ထားတာ၊ ကမ္ဘာပေါ်မှာဒီလိုအဆင်းလှတာမရှိဘူး, ကမ္ဘာ ပေါ်မှာတပ်မက်စရာ, ဒီလောက်ကြည်နူးဖွယ်ရာ အတိတ်က မရှိဘူး၊ ပီတိဖြစ်တာပဲ ဒကာကြီးရဲ့။ ဦးဇင်းဖြစ်ခဲ့တာပြောတာနော်။ 🌱 ဒီလိုပီတိဖြစ်လာတဲ့အခါ ဒီစိတ်ကလေးက လေ ကြောင်းထဲထားရမှ ချမ်းသာတယ်၊ လေကြောင်း ကြီးလဲရှုနေရော ဆေးရိုးပင်ပေါ်ကနေပြီးတော့ ကျီးကန်းတစ်ကောင်က အော်လိုက်တာ.. အာ့ အာ့ ဆိုပြီးကောက်အော်လိုက်တာ ကိုယ့် စိတ်ကလေးက ကျီးပေါ်ရောက်သွားပြီး လေ ကြောင်းကိုလွှတ်ပြီး ကျီးအော်တဲ့ဆီ ဒေါသဖြစ် သွားတယ်..အဲဒီဒေါသဖြစ်သွားပြီး ဒီကျီးနယ် ဒီအချိန်မှလာအော်တယ်ဆိုပြီး ဒီကျီးစိတ်ပဲဖြစ် နေတယ်။ ကျီးအော်တာ ဦးဇင်းကဒေါသဖြစ်သွားတော့ ဒီကျီးကလေကြောင်းခိုပါရော၊ အဲ့ဒီကျီးကိုထုတ် နေလိုက်ရတာ တခါထဲ ချွေးလုံးနပန်းလုံးကျတာပဲ။ လက်ဦး ကျီးကနားပြီး ဖျတ်ဖျတ်, ဖျတ်ဖျတ်နဲ့ ဒေါသစိတ်ကိုး.. ဒါကြောင့် ဒေါသစိတ်နဲ့များချုပ် လိုက်ရင် ကိုယ်ကျိုးနည်းမယ် ။ ဥပါဒါန်စိတ်ကို ဒကာကြီးရဲ့။ 🌱 ဦဇင်းကျီးနဲ့ နပန်းချတာဘယ်လောက်ကြာသလဲ ဆိုရင် ၃ လတောင်ကြာတယ်။ ဦးဇင်းအတိတ်က ကျီးဘဝများခဲ့တယ် ၊ ဒါကြောင့် ကျီးစိတ်ဖြစ်ပြီး ကျီးဒေါသဖြစ်နေတယ်။ အဲ့ဒီတော့...ဦးဇင်းတရားကျင့်တဲ့ အချိန်အခါမှာ နတ် ၂ ပါးက အနားထိုင်စောင့်နေတယ်၊ ဦဇင်း က ဒီကောင်တွေ အလကားကောင်တွေဘဲ ဂရုမ စိုက်ပါဘူး၊ ကိုယ့်တရား ကိုယ်လုပ်နေတာ... အဲ့ဒီလိုတွေးလိုက်တာပဲ.. အဲ့ဒီတော့..ဘယ်လိုဖြစ်လာလဲဆိုတော့ တရား ဖြုတ်လိုက်တယ် ၊ ၃ နာရီ ၄ နာရီ ၅ နာရီအဲဒီလို ထိုင်ပြီး ပြီဆို တအောင့်နားတယ် တရားဖြုတ် လိုက်တယ်... အဲဒီလိုနဲ့ မျက်စိတွေပါတွေဖွင့်ပြီးတော့ ခေတ္တနား၊ အင်း..ဒီတခါလဲကျီးလာအုံးမှာပဲ ဆိုပြီးဒီစိတ်ဖြစ် လာတယ်၊ မထိုင်ပဲလဲမနေနိုင်ဘူး တအောင့်ကြာ တော့ထိုင်ပြန်တာပဲ၊ ဒီကျီးလာအုံးမှာပဲ လို့ဆို လိုက်တာနဲ့တပြိုင် ဖျတ်ဖျတ်,ဖျတ်ဖျတ်နဲ့ကျီးပြန် လာတာပဲ၊ လာပြီ ကျီးလေကြောင်းထဲခိုနေတာ။ 🌱 နောက်ထိုင်တဲ့အခါ မျက်စိဖွင့်ကြည့်တယ် နတ် ၂ ပါးမြင်နေရတာ၊ အဲဒီတော့ ဦးဇင်းက မထိုင်ခင် တည်းက ဒီကျီးလာအုံးမှာပဲဖြစ်နေတာ..ကိုယ့် စိတ်ကဖြစ်လိုက်တာ ၊ ကိုယ့်စိတ်ကဖြစ်ပြီးတော့ မျက်စိမှိတ်ပြီး လေရှုလိုက်တဲ့အခါ နတ်တစ်ပါးက ထလာတယ်.... ထလာပြီး လက်ထဲကကျီးက လေးကိုင်ပြီး " လွှတ်လိုက်မယ်လေတဲ့ ".. ဟယ်..ငါ့စိတ်သူသိပါလား.. ကြည့်စမ်း နတ်ကသိတယ် ၊ အဲဒီတော့မှ ပုဂ္ဂိုလ် သတ္တဝါတွေဟာ လူကတော့မသိဘူး နတ်ကသိ တယ်... နတ်ကကြည့်နေတယ် ဘယ်ပုဂ္ဂိုလ်ဘာလုပ်တယ် နတ်ကသိတယ်.. အဲဒီတော့နတ်ကိုရှက်တော့ အဲဒီ့ ကျီးစိတ်ကို နင်လားငါလား သမာဓိယူတော့ တာပဲ..အဲဒီမှာ တခါထဲ ကျီးစိတ်ပျောက်သွား တယ် ။ (သဲအင်းဂူဆရာတော်ဘုရားကြီး)..z


via အလင်းရောင် ဓမ္မ https://ift.tt/2V4IWer