Saturday, September 21, 2019

သံသရာ ဘာ့​ကြောင့်​ရှည်​ရသလဲ...? 🌊🌀🌊🌀🌊🌀🌊🌀🌊🌀🌊 ​ကျေးဇူး​တော်​ရှင်​မိုးကုတ်​ဆရာ​တော်​ဘုရားကြီး။ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 သတ္တဝါ​တွေဟာ ဘာ​ကြောင့်​သံသရာ ဝဋ်​ဒုက္ခက မလွတ်​နိုင်​ ကြသလဲ။ ဘာ့​ကြောင့်​ သံသရာရှည်​ရသလဲ။ အမှန်​တရား​လေးခု၊ သစ္စာ​လေးပါးကို မသိကြလို့ သံသရာရှည်​တယ်​လို့မှတ်​ကြ။ ဒီအမှန်​တရား သစ္စာ​လေးပါးကို သိကြရင်​ဖြင့်​ သံသရာတိုမယ်​ဆိုတဲ့ အဓိပ္ပာယ်​လဲ​ပေါ်ကြပြီ။ဒီ​တော့...အကျဉ်းချုပ်​ မှတ်​သားဘို့က သစ္စာသိရင်​ သံသရာတိုမယ်​ သစ္စာမသိရင်​ သံသရာရှည်​မယ်​ဆိုတဲ့အချက်​ကို မြဲမြဲစွဲစွဲမှတ်​လိုက်​ကြ။ သံသရာတ​လျှောက်​မှာ သစ္စာမသိရင်​ ပုံစံအမျိုးမျိုး၊ အဖြစ်​အမျိုးမျိုးကြုံရမယ်​။ အငယ်​က​လေးဖြစ်​လိုက်​,အကြီးကြီးဖြစ်​လိုက်​, အလုံးဖြစ်​လိုက်​, အပြားဖြစ်​, အပုဖြစ်​, အရှည်​ဖြစ်​နဲ့ ပုံစံကလဲ အမျိုးမျိုး၊ လူအဖြစ်​ နတ်​အဖြစ်​ ၊တိရ စ္ဆာန်​အဖြစ်​၊ ​ခွေး, ဝက်​, ကြက်​, ငှက်​, ဖြုတ်​, ခြင်​, ယင်​, မှက်​ အဖြစ်​စတဲ့ အဖြစ်​ကလည်း အမျိုးမျိုး စုံရာက ထပ်​ဘို့ဘဲရှိတယ်​။ ဒကာ ဒကာမ​တွေ ငါဘုရားလဲ သံသရာတ​စ်​​လျှော​က်​မှာ ဒီနည်းအတိုင်း အမျိုးမျိုးဘဲ ကျင်​လည်​ခဲ့ရတာဘဲ။ သစ္စာသိလို့ အခု ဘုရားဖြစ်​​တော်​မူလာတာ။ သတ္တဝါ​တွေကို သစ္စာတရား​ဟောပြဘို့ ပွင့်​လာရတာဘဲလို့ ​ဟော​တော်​မူတယ်​။ ဘုရားက သစ္စာမသိခင်​က သံသရာတစ်​​လျှောက်​မှာ ပုစံအမျိုးမျိုး၊ အဖြစ်​အမျိုးမျိုးနဲ့ ကျင်​လည်​ခဲ့ရပြီ၊ သင်​တို့တ​တွေလည်း ဒီ- အတိုင်းဘဲ အဖြစ်​အမျိုးမျိုး ပုံစံအမျိုးမျိုးပုံစံကလည်းအမျိုးမျိုး အ​ထွေ​ထွေနဲ့ ကျင်​လည်​ခဲ့ရတာဘဲ။ယခုအခါမှာ ငါ- ဘုရားဟာ အမှန်​တရား သစ္စာ​လေးပါးသိမြင်​ပြီး ဘုရားဖြစ်​​ တော်​မူခဲ့တယ်​၊ ဒီအချိန်​မှာ သံသရာဒုက္ခအမျိုးမျိုး​ တွေက ကျွတ်​လွတ်​ခွင့်​ရပြီး သံသရာဇာတ်​သိမ်းခဲ့ပြီ။ ဒါ​ကြောင့်​... သင်​တို့သတ္တဝါ​တွေရဲ့ သံသရာဒုက္ခ မြင်​လို့ သိလို့ ဒီ- ဒုက္ခက လွတ်​​မြောက်​နိုင်​​အောင်​ သစ္စာတရား​ဟောပြဘို့ ငါဘုရား ပွင့်​လာတာဘဲလို့ ​ဟော​တော်​မူတယ်​။ ဒီ​တော့... သံသရာဒုက္ခက လွတ်​ချင်​ရင်​ သံသရာကို တိုချင်​ရင်​ ဘာလိုသလဲ။ သစ္စာသိဘို့လိုတယ်​ ဆိုတဲ့ အဓိပ္ပါယ်​​ပေါ်ကြပြီ။ ဒါ​ကြောင့်​ ဒကာ, တကာမ​တွေ သစ္စာသိ​အောင်​လုပ်​ရမယ်​။သစ္စာသိ​အောင်​ဝိပဿနာ အလုပ်​လုပ်​ရမယ်​လို့မှတ်​လိုက်​ကြ၊ ဝိပဿနာမရှုရင်​ မသိနိုင်​ဘူး၊ ဝိပဿနာ ရှုမှသာ သစ္စာသိနိုင်​မှာ မရှုရင်​ ​ပြောသံကြားသစ္စာဘဲ သိရမယ်​ဆိုတာ မှတ်​ထားကြ သ​ဘောပါကြပလား။ ဝိပဿ နာရှုမှသာ သစ္စာကို အဟုတ်​သိဖြစ်​မယ်​၊ အဲဒီလို သိမှသာ သမုဒယ​သေမှာ။ သမုဒယ ​သေ​အောင်​သိတဲ့ အသိမှ သစ္စာသိအစစ်​ဘဲလို့ ဆုံးဖြတ်​ချက်​ချကြ၊ တဆင့်​ကြား အနုဿဝ သိမျိုး စာသိမျိုးမဟုတ်​ဘူး။ မဂ်​ဥာဏ်​နဲ့ထိုးထွင်းပြီး သိတဲ့အသိမျိုးသာ လိုတယ်​လို့ မှတ်​လိုက်​ကြ။ သစ္စာ သိရမယ်​ဆို​တော့ သစ္စာကို တခြားမှာ သွားသိဘို့ မဟုတ်​ဘူး။ သစ္စာက မိမိခန္ဓာထဲမှာရှိတယ်​ ခန္ဓာထဲမှာရှိ တဲ့ ရုပ်​က​လေး, နာမ်​က​လေး​တွေကိုမြင်​​အောင်​, သိ​အောင်​ကြည့်​ရမှာဘဲ။ ခန္ဓာမှာ ရုပ်​, နာမ်​က​လေး တစ်​ခုခု​ပေါ်လာရင်​ ဘယ်​လိုဖြစ်​သလဲလို့ ဥာဏ်​နဲ့ အကဲခတ်​ကြည့်​ရင်​ ​ပေါ်လာတဲ့ ရုပ်​, နာမ်​က​လေးဟာ ဖြစ်​ပြီး, ပျက်​သွားတာကို ​တွေ့မြင်​ရမယ်​။ ဒီလို ဥာဏ်​နဲ့ ဖြစ်​, ပျက်​ ဒုက္ခသစ္စာကို မြင်​​တွေ့ရမှ သစ္စာသိတာဘဲလို့ မှတ်​ကြ။ သစ္စာသိဘို့ဥာဏ်​လိုတယ်​။ ​ပြောသံကြားသိ, စာသိမလိုဘူး။ ခန္ဓာအရှိကို ဥာဏ်​နဲ့ သိဘို့ လိုတယ်​လို့ မှတ်​လိုက်​ကြ။ ကိုယ့်​ခန္ဓာရဲ့ဖြစ်​ဒုက္ခ ပျက်​ဒုက္ခ မရှုတတ်​၊ မရှုတတ်​လို့ မရှုတဲ့သူဟာ ကိုယ့်​ခန္ဓာကို အ​ကောင်း အမြတ်​ကြီး ထင်​ပြီး ကိုယ့်​ခန္ဓာနဲ့ မခွဲချင်​​တော့ဘူး။ ပညာကို မပါ​တော့ဘူး ပညာမပါ​တော့ အမှန်​မသိ။ မသိ​တော့ မခွဲချင်​​တော့ဘူး​ပေါ့ဒါ​ကြောင့်​ ပညာမပါရင်​ မရဘူး ဆိုတာ မှတ်​ကြ ရိပ်​မိကြပလား။ မရှုတတ်​ ရှုတတ်​၊ မရှုရင်​လည်း မဖြစ်​​တော့ဘူးလို့သာ ဆုံးဖြတ်​ချက်​ချ။ မရှုရင်​အမှန်​အကန်​မသိ​တော့ဘူး။မသိ​တော့ ခန္ဓာကို တဏှာနဲ့ ခင်​၊ တဏှာနဲ့ အ​ဖော်​လုပ်​​နေမယ်​။ သားနဲ့ မခွဲချင်​, သမီးနဲ့ မခွဲချင်​, မယားနဲ့ မခွဲချင်​ ခင်​ပွန်းနဲ့ မခွဲချင်​။ အဲဒါ တဏှာနဲ့ အ​ဖော်​လုပ်​​နေတာဘဲ သ​ဘောပါပလား။ တဏှာကို အ​ဖော်​လုပ်​​နေသမျှ ဘယ်​အခါမှဒုက္ခနဲ့ အိုးစားမကွဲ​တော့ဘူးလို့သာ မှတ်​ကြ။ တဏှာက သမုဒယသစ္စာအ​ကြောင်းတရား။ သူက ဒုက္ခစက်​ ကိုလည်​​အောင်​၊ သံသရာရှည်​​အောင် ​လုပ်​မဲ့တရားဘဲ။ ခန္ဓာခင်​တဲ့ တဏှာရှိ​တော့တဏှာ ပစ္စယာ(စွဲလမ်းတဲ့ ) ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ကမ္မဘ​ဝေါ။္ပ(ကာယကံ ဝစီကံ မ​နောကံ​တွေလာ ) ​နောက်​- ပဋိသ​န္ဓေ ဇာတိ ဇရာ မရဏ ​သောက ပရိ​ဒေဝ ဒုက္ခ ​ဒေါမန ဿ ဥပါယာသ ပဋိစ္စသမုပ္ပါဒ်​ ဒုက္ခစက်​ကြီး ဆက်​ပြီးလာ​တော့တယ်​။ ဒါ​ကြောင့်​ တဏှာက ဒုက္ခရှည်​ ​အောင်​ သံသရာရှည်​​အောင်​ လုပ်​တဲ့ လက်​သယ်​တရားခံ ဘဲဆိုတာ မှတ်​လိုက်​ကြ။ ဒါ​ကြောင့်​ ဘုရားရှင်​က "သုတ္တနိပါတ်​ ပါဠိ​တော်​ " မှာ ဒီ အဓိပ္ပာယ်​စကားကို ​ဟောကြား​တော်​မူခဲ့တယ်​ဆိုတာ မှတ်​ ရမယ်​။ ​ကျေနပ်​ပလား။ ​ကျေးဇူး​တော်​ရှင်​ မိုးကုတ်​ဆရာ​တော်​ဘုရားကြီး။ ဒုလ္လဘ​ဒေသနာ​တော်​စာအုပ်​မှ ကူးယူ ပူ​ဇော်​ မျှ​ဝေပါသည်​။ Credit ,


via အလင်းရောင် ဓမ္မ https://ift.tt/30lz1Hr