အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, September 20, 2019
🍃🌼 နတ်ပြည်ခြောက်ထပ်စိုးစံချင်ရင် 🌼🍃 . ကြိုးစားပြီးတော့ ဒကာကြီး ... ဒကာမကြီးတွေ ကြိုးစား ထိုင်နော်။ သေခါနီးပြီ။ ဒီကနေ့သေမလား ... မနက်ဖြန်သေမလား မသိဘူး။ . ကားစီးရင်းလည်း ... သေမယ်။ အိပ်နေရင်းလည်း ... ခြင်ထောင်ထဲ သေမယ်။ နောက်ဖေးသွားရင်းလည်း ... သေမယ်။ အလုပ်လုပ်ရင်းလည်း ... သေမယ်။ ဈေးရောင်းရင်းလည်း ... သေမယ်။ စာအံရင်းလည်း ... သေမယ်။ . သေတော့ ... သေရမှာပဲ။ အဲဒါ ... သေခါနီးဆဲဆဲကို အလေ့အကျင့်။ အခုဟာက ဝသီဘော် လုပ်ခိုင်းတာ။ သေတတ်ဖို့ ဟာကို။ . ငါ တန်းလန်းနဲ့သေရင် ... ငါ ခံ။ ငါ တန်းလန်းနဲ့မသေအောင် ... ငါ လွတ်အောင် ရှုလိုက်ပြီဆိုရင် ... ဝေဒနာသည် ... နာမ်လို့ ရှုလိုက်ရင် ... ဝေဒနာသည် ... နာမ်၏ ခံစားတဲ့သဘောကို ရှုလိုက်ရင် ... သုဂတိဘုံ နတ်ပြည်ခြောက်ထပ်ကို စိုးစံလိမ့်မယ်။ . အခု လူ့လောကကြီးမှာဗျာ ... နေရတဲ့ ဥစ္စာဗျာ ... ဒုက္ခသစ္စာကြီး ခံစားနေရတဲ့ဥစ္စာ စားဖို့လည်း ... လုပ်ရ ဝတ်ဖို့လည်း ... လုပ်ရ အိပ်ဖို့လည်း ... လုပ်ရ နေဖို့လည်း ... လုပ်ရ လုပ်နေရတာဘဲ။ . အခု ဒီဒုက္ခကြီးကို မလိုချင်ကြနဲ့တော့ ... နတ်၏ စည်းစိမ်တွေကို ... ခံစားကြ။ နတ်၏ စည်းစိမ်ကြမှ ... ဟိုကျတာ့ ... ဒီမယ် ... အထည် အလိပ်တွေ ဝယ်မယူရပါဘူး ဗျ။ . ဒီမှာတော့ ဒီမယ် ... ကိုယ်လှချင်လို့ ရှိရင် ဒီမယ် ... အထည်အလိပ်တွေ ဝယ်ရတယ်။ ဝယ်လို့ နိုင်လွန်အင်္ကျီ ရချင်မှ ရမယ်။ . နတ်ပြည်ကျတော့ ... နိုင်လွန်အင်္ကျီတွေ ပိုက်ဆံပေးပြီးတော့လည်း မဝယ်ရဘူး။ အလိုအလျောက် ... ဒီမယ် ... ဝိပဿနာ ... နိဗ္ဗာန်နဓါတ် ဝင်သွားတဲ့ပုဂ္ဂိုလ်ဟာ နတ်ပြည် ခြောက်ထပ်ကျတော့ ကိုယ့်အဆင်းလေးက ... လှပါဘိနဲ့ဗျာ။ ကိုယ့်အဆင်း ... သူများ မကြည့်နိုင်ဘူး။ ဝိပဿနာ ပညာကိုး။ . အဲဒီတော့ ... နတ်ပြည်ကျတော့ ဝယ်လို့တောင် မချုပ်ရပါဘူး။ သူ့ဟာသူ အလိုအလျောက်ကို တခါတည်း ... အဆင်းတွေ တောက်ပနေတာ။ . အဲဒီတော့ ... ဒီလောကကြီးမှာ ဝေဒနာတွေ ... ခံစားနေရတယ်။ ဝေဒနာတွေ ... ဖြစ်နေတယ်။ ဒုက္ခဝေဒနာတွေကို ... ဒုက္ခဝေဒနာမှန်း မသိဘူး။ . အဲဒီတော့ ... အခုကတည်းက အလေ့အကျင့်လုပ်ပြီး အရိုးကြေကြေ ... အရေခမ်းခမ်း လူသေရင်သေ ... မသေရင် တရားရ ဆိုတဲ့ ဒီစိတ်ကို ထားပါ။ မသေလဲ မသေနိုင်ပါဘူး။ . အဲဒီတော့ ... ကြိုးစားပြီးတော့ ရှေ့စိတ်က တော်ချင်ရင် နောက်စိတ်က ... တွန်းတင်။ သေချင်လည်း ... သေရောဆိုတဲ့ သဒ္ဒါစိတ် ထားပါ။ . တစ်ထိုင်တည်းနဲ့ ... ဒီမှာ ... အပယ်လေးပါး ... လွတ်တယ်။ . ကျေးဇူးတော်ရှင် မူလသဲအင်းဂူဆရာတော်ဘုရားကြီး အရှင်ဥက္ကဋ္ဌ . ဓမ္မဒါန မေတ္တာဖြင့် သဲအင်းဂူဆရာတော်ဘုရားကြီးအရှင်ဥက္ကဋ္ဌ၏ တရားတော်များ . https://ift.tt/31EdyWz
via အလင်းရောင် ဓမ္မ https://ift.tt/30amaH8
Newer Post
Older Post
Home