Tuesday, September 17, 2019

လူကပ်စေးနှဲကြီး၏ ဆွမ်းကျွေးပွဲ 🙏🙏🙏🙏🙏🙏🙏🙏🙏 #မကိုးကွယ်ရသေးဘူးကြည်ညိုရုံပဲရှိသေး အလွန်အကျိုးများ =========== ယ​နေ့ လူတိုင်း အံသြရ​သော​နေ့ဖြစ်​၏ ထူးဆန်း​သောသတင်းကို ကြားရ၏ သာဝတ္ထိမြို့ ရပ်​ကွက်​တစ်​ခုမှ လူ​တွေစု​ပြော​နေကြ၏ "မယုံဘူးဗျာ .. ဒီ​လောက်​ နှ​မြောတဲ့ လူကပ်​​စေးနှဲကြီးက ဘုရားအမှူးရှိတဲ့ သံဃာ​တွေကို ဆွမ်းစားပင့်​သတဲ့ ဘယ်​နည်းနဲ့မှ မဖြစ်​နိုင်​ဘူး" "ရမ်းမ​ပြောနဲ့ သူ့အိမ်​မှာ ဆွမ်း​တွေ, ဟင်း​တွေ ချက်​ပြုတ်​​နေတာ တကယ်​ပဲ" "ဟိုမှာ မြင်​ရဲ့လား ဘုရားကြွသွားတယ်​၊ သံဃာ​တော်​​တွေနဲ့" ဗုဒ္ဓအရှင်​မြတ်​သည်​ သံဃာ​တော်​များနှင့်​အတူ #အဒိန္နပုဗ္ဗက အိမ်​မှာ ဆွမ်းဘုန်း​ပေးလျှက်​ရှိ၏ ပစ္စည်းကို အလွန်​နှ​မြော၍ မည်​သူ့ကို ဘာတစ်​ခုမျှ မ​ပေးဖူး​သော လူ့ကပ်​​စေးနှဲကြီး၏ ဆွမ်း​ကျွေးပွဲသို့ တအံ့တသြ လာကြည့်​ကြ၏။ သတင်းထူး၍ လာကြည့်​သူ တစတစ များလာကြသည်​။ ဗုဒ္ဓအရှင်​မြတ်​နှင့်​ သံဃာ​တော်​များ ဆွမ်းဘုန်း​ပေး၍ ပြီးကြပြီ။ သို့တိုင်​ မြို့​နေလူထုမပြန်​ကြ​သေး။ ဗုဒ္ဓရှင်​​တော်​မြတ်​၏ တရား​တော်​ကို နာယူလိုကြသည်​။ အဒိန္နပုဗ္ဗက၏ အ​ခြေအ​နေကို ​စောင့်​ကြည့်​လိုကြ၏။ #အဒိန္နပုဗ္ဗကသည်​ အရှင်​မြတ်​အနီးသို့ ချဉ်းကပ်​၍.. 🙏အရှင်​ ​ဂေါတမ ခွင့်​ပြုရင်​ ပြသနာတစ်​ခု ​မေးချင်​ပါတယ်​။ 🌸 ​မေးချင်​တာ ​မေးနိုင်​ပါတယ်​။ 🙏 အရှင်​​ဂေါတမ, ကိုယ်​​တော်​တို့ကို မလှူဒါန်းပဲ၊ မပူ​ဇော်​ပဲ , ကိုယ်​​တော်​တို့တရားကို မကြားနာပဲ ဥပုသ်​မ​စောင့်​ပဲ စိတ်​ထဲက ကိုယ်​​တော်​တို့ကို ကြည်​ညိုရုံသက်​သက်​နဲ့ နတ်​ပြည်​​ရောက်​တဲ့သူ ရှိနိုင်​ပါသလား ? 🌸ဘာဖြစ်​လို့ တို့ကိုပြန်​​မေးသလဲ ? သင့်​သား ကိုယ်​တိုင်​က ​ပြောပြလိုက်​တယ်​ မဟုတ်​လား? 🙏ဘယ်​တုန်းကလဲ အရှင်​​ဂေါတမ ? 🌸 ​စော​စောက သုသာန်​နားမှာ ဒီအ​ကြောင်း​တွေ​ပြောပြီး သင့်​သားရဲ့တိုက်​တွန်းချက်​အရ တို့ကို ပင့်​တာ မဟုတ်​လား ? ဗုဒ္ဓအရှင်​မြတ်​သည်​ အဒိန္နပုဗ္ဗက၏ လျှို့ဝှက်​ချက်​များကို ခ​ရေ​စေ့တွင်းကျ မိန့်​​တော်​မူ၏။ ________________________ သာယာ​သောနံနက်​ခင်းပင်​ ဖြစ်​ပါ​စေ သုသာန်​​မြေကား ကျက်​သ​ရေကင်းမဲ့​နေ၏ အဒိန္နပုဗ္ဗကသည်​ သွား​လေသူ သားဖြစ်​သူ၏ ​မြေပုံအနီးဝယ်​ အားရ​အောင်​ငို​ကြွေးပြီး သုသာန်​အပြင်​သို့ ထွက်​လာချိန်​ ........ ဝတ်​​ကောင်းစားလှနှင့်​ လုလင်​​လေးတစ်​​ယောက်​သည်​ အလွန်​နာကြည်းစွာ ရှိုက်​ကြီးတငင်​ ငို​ကြွေး​နေ၏ ။ ဆန်းလိုက်​ပါဘိ ဒီသူငယ်​ ဘာလို့ ငို​ကြွေး​နေပါလိမ့်​.. သိချင်​စိတ်​ နှိုး​ဆော်​သဖြင့်​ လုလင်​​လေးအနီးသို့သွား၏ ကိုယ်​ချင်းစာကာ သူ့ဒုက္ခကို ​မေးကြည့်​မိ၏ အပူသည်​ချင်း အပူညှိကြည့်​၏။ ကျွန်​​တော့်​ဒုက္ခက တခြားမဟုတ်​ပါဘူး ဘဘရဲ့ ကျွန်​​တော့်​မှာ အလွန်​လှပတဲ့ ​ရွှေလှည်းအိမ်​ကြီး ရထားပါတယ်​။ ဒါပေမယ့်​ အဲဒီ လှည်းအိမ်​နဲ့​တော်​တဲ့ လှည်းဘီးက မရှိဘူးဗျ၊ လှည်းဘီးမရရင်​ ကျွန်​​တော်​​တော့ ​သေရမှာပါပဲဗျာ... အဒိန္နပုဗ္ဗကသည်​ သူများအလှည့်​တွင်​ သူက တရားချသည်​၊ ​ဖျောင်းဖျသည်​။ အား​ပေးစကားဆိုသည်​။ "ဒါ​ကြောင့်​လား ဒါအတွက်​​တော့မပူနဲ့ ဘဘက မင်းကို လှည်းဘီးအကြီး လုပ်​​ပေးမယ်​၊ ​ရွှေလှည်းဘီးကြိုက်​လား ​ငွေလှည်းဘီးကြိုက်​လား၊ ဘဘမှာ ​ငွေ​တွေ​ငွေ​တွေ​ပေါတယ်​။ အခု အ​မွေခံသားသမီး ရှိ​တော့တာ မဟုတ်​ဘူး ​မောင်​ရင့်​ ကြည့်​ရတာ ငါ့ရဲ့သွားရှာသူ သား​လေးနဲ့ တူလိုက်​တာကွယ်​........ ဘဘ​ပြောတဲ့ ​ရွှေလှည်းဘီးလည်း မလိုချင်​ဘူး၊ ​ငွေလှည်းဘီးလည်း မလိုချင်​ဘူး ကျွန်​​တော်​လိုချင်​တဲ့ လှည်းဘီးက ​ကောင်းကင်​က လနဲ့ ​နေပဲ ၊ လနဲ့ ​နေကို လှည်းဘီးလုပ်​ တပ်​ရမှ ကျွန်​​တော့်​လှည့်​အိမ်​ကြီး လှမှာ..... ဟာ... မင်းတယ်​မိုက်​တဲ့ ​ကောင်​​လေးပဲ မဟုတ်​တာ သွားတမ်းတလို့ရမလား ၊ လနဲ့ ​နေကို​တော့ မင်း​သေ​တောင်​ မရဘူး... ကျွန်​​တော်​က မြင်​​နေရတဲ့ လနဲ့​နေကို လိုချင်​လို့ငိုတယ်​ ဘဘက ​သေသွားတဲ့သားကို မမြင်​ရပဲ ၊ ဘယ်​​နေမှန်းလဲ မသိ ရမ်းငို​နေတယ်​၊ ဒီ​တော့ ကျွန်​​တော်​နဲ့ ဘဘ ဘယ်​သူက ပိုမိုက်​ရာကျလဲ​ဗျာ... လုလင်​​လေး၏စကားက သူ့ကို အ​လေးအနက်​ စဉ်းစား​စေ၏​၊ ဖြောင့်​ဆိုဝန်​ခံ​စေ၏ "ဟုတ်​တယ်​ .. ဘဘက ပိုမိုက်​ရာကျပါတယ်​ ဒီ​နေ့ကစပြီး ဘဘမငို​တော့ဘူး နားလည်​ပြီ" အဒိန္နပုဗ္ဗကသည်​ လုလင်​​လေးအား ​ကျေးဇူးစကားကို အားရပါးရ ဆို၏ လုလင်​၏ အမည်​နာမနှင့်​ လိပ်​စာကို ​မေးမြန်း၏ လုလင်​​လေးသည်​ ​... မေးသမျှ ​​ဖြေ၍ တစုံတစ်​ခု ပြောပြပြီးလျှင်​ ထွက်​ခွာသွား​လေ၏။ "အဒိန္နပုဗ္ဗကသည် ​ကျောခိုင်းထွက်​ခွာသွား​သော လုလင်​​လေးကို မျက်​စိတဆုံးကြည့်​၍ တစ်​ဦးတည်း ရပ်​​နေရစ်​သည်​။ အဒိန္နပုဗ္ဗကသည်​ သူ့မျက်​စိကိုလည်း သူမယုံ​တော့ သူ့နားကိုလည်း သူအားမထား​တော့ ၊အိပ်​မက်​​လေလားဟု စဉ်းစား​နေမိ၏ လုလင်​​လေး၏ရုပ်​သည်​ မျက်​စိထဲကမထွက်​၊​ပြောသွား​သောအသံကိုလည်း နားကကြားလျှက်​.... "ကျွန်​​တော်​ဟာ ဘဘရဲ့သား ကုဏ္ဍလီ​လေ ကျွန်​​တော်​အသည်းအသန်​ ဖြစ်​​နေတုန်း ဘုရား​ဂေါတမဟာ ကျွန်​​တော်​တို့အိမ်​နားက ဖြတ်​ပြီး ကြွသွားတယ်​။ ဘုရား​ဂေါတမကို မြင်​လိုက်​ရ​တော့ "​သြော်​... တယ်​ထူးမြတ်​တဲ့ပုဂ္ဂိုလ်​ပါလား"ဟု ကြည်​ညိုစိတ်​ ဖြစ်​သွားမိတယ်​။ ​ရောဂါကို ​ခေတ္တ​မေ့ပြီး ကျွန်​​တော့်​စိတ်​​တွေဟာ ဘုရား​ဂေါတမကို အာရုံပြုပြီး အ​တော်​ကြာ ကြည်​နူး​နေမိတယ်​။ ဒိ​နောက်​​တော့ ကျွန်​​တော်​ဘာမှ မသိ​တော့ဘဲ ခုဘဝ ​ရောက်​လာ​ရော.. ​လောကမှာ ဘုရား​ဂေါတမသာ ဘုရားစစ်​ ဘုရားမှန်​ဖြစ်​တယ်​ မယုံမရှိပါနဲ့ ယ​နေ့ပဲ ဘုရား​ဂေါတမကို သွား​ရောက်​ဆည်းကပ်​ပါ......." _________________ ဗုဒ္ဓရှင်​​တော်​မြတ်​က ဖြစ်​​ကြောင်းကုန်​စင်​ကို ဖွင့်​ဟ​တော်​မူလိုက်​သည်​။ အဒိန္နပုဗ္ဗကသည်​ ဟုတ်​မှန်​​ကြောင်း ဝန်​ခံ၏ ။ #ဘုရားကြည်​ညိုစိတ်​၏တန်​ဖိုးဟာ ... အနည်းဆုံး နတ်​ပြည်​ ​ရောက်​နိုင်​တယ်​။ #ဘာဝနာလမ်းဖြင့်​ ဆက်​လှမ်းပါမူ #မဂ်​ဖိုလ်​နိဗ္ဗာန်​တိုင်​​အောင်​ ​ရောက်​နိုင်​တယ်​လို့ မိန့်​ကြားပြီး နီတိဂါထာကို သင်​ကြား​တော်​မူ၏။ "ခံစားမှု_မှတ်​သိမှု_​စေ့​ဆော်​မှုသ​ဘော​တွေကို စိတ်​က ​ရှေ့​ဆောင်​_စိတ်​ကကြီးမှူး _စိတ်​ကဖန်​တီး၏ အကယ်​၍ ကြည်​လင်​​သောစိတ်​ဖြင့်​ ​ပြောလိုက်​မိ_လုပ်​လိုက်​မိပါမူ_သည့်​အတွက်​ ချမ်းသာသုခသည်​ ထိုသူ​နောက်​သို့ မစွန့်​မခွာ အရိပ်​ပမာ လိုက်​​နေမည်​သာတည်း....။ ​ဒေါက်​တာအရှင်​နန္ဒမာလာဘိဝံသ၏ [ မုန်းတုံ့ကို​ဖြေနှင့်​ အခြားဓမ္မ​ဆောင်းပါးများမှ ] #ပါချုပ်ဆရာတော် #တရားမှတ်စု


via အလင်းရောင် ဓမ္မ https://ift.tt/306SxX0