အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, September 17, 2019
လူကပ်စေးနှဲကြီး၏ ဆွမ်းကျွေးပွဲ 🙏🙏🙏🙏🙏🙏🙏🙏🙏 #မကိုးကွယ်ရသေးဘူးကြည်ညိုရုံပဲရှိသေး အလွန်အကျိုးများ =========== ယနေ့ လူတိုင်း အံသြရသောနေ့ဖြစ်၏ ထူးဆန်းသောသတင်းကို ကြားရ၏ သာဝတ္ထိမြို့ ရပ်ကွက်တစ်ခုမှ လူတွေစုပြောနေကြ၏ "မယုံဘူးဗျာ .. ဒီလောက် နှမြောတဲ့ လူကပ်စေးနှဲကြီးက ဘုရားအမှူးရှိတဲ့ သံဃာတွေကို ဆွမ်းစားပင့်သတဲ့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး" "ရမ်းမပြောနဲ့ သူ့အိမ်မှာ ဆွမ်းတွေ, ဟင်းတွေ ချက်ပြုတ်နေတာ တကယ်ပဲ" "ဟိုမှာ မြင်ရဲ့လား ဘုရားကြွသွားတယ်၊ သံဃာတော်တွေနဲ့" ဗုဒ္ဓအရှင်မြတ်သည် သံဃာတော်များနှင့်အတူ #အဒိန္နပုဗ္ဗက အိမ်မှာ ဆွမ်းဘုန်းပေးလျှက်ရှိ၏ ပစ္စည်းကို အလွန်နှမြော၍ မည်သူ့ကို ဘာတစ်ခုမျှ မပေးဖူးသော လူ့ကပ်စေးနှဲကြီး၏ ဆွမ်းကျွေးပွဲသို့ တအံ့တသြ လာကြည့်ကြ၏။ သတင်းထူး၍ လာကြည့်သူ တစတစ များလာကြသည်။ ဗုဒ္ဓအရှင်မြတ်နှင့် သံဃာတော်များ ဆွမ်းဘုန်းပေး၍ ပြီးကြပြီ။ သို့တိုင် မြို့နေလူထုမပြန်ကြသေး။ ဗုဒ္ဓရှင်တော်မြတ်၏ တရားတော်ကို နာယူလိုကြသည်။ အဒိန္နပုဗ္ဗက၏ အခြေအနေကို စောင့်ကြည့်လိုကြ၏။ #အဒိန္နပုဗ္ဗကသည် အရှင်မြတ်အနီးသို့ ချဉ်းကပ်၍.. 🙏အရှင် ဂေါတမ ခွင့်ပြုရင် ပြသနာတစ်ခု မေးချင်ပါတယ်။ 🌸 မေးချင်တာ မေးနိုင်ပါတယ်။ 🙏 အရှင်ဂေါတမ, ကိုယ်တော်တို့ကို မလှူဒါန်းပဲ၊ မပူဇော်ပဲ , ကိုယ်တော်တို့တရားကို မကြားနာပဲ ဥပုသ်မစောင့်ပဲ စိတ်ထဲက ကိုယ်တော်တို့ကို ကြည်ညိုရုံသက်သက်နဲ့ နတ်ပြည်ရောက်တဲ့သူ ရှိနိုင်ပါသလား ? 🌸ဘာဖြစ်လို့ တို့ကိုပြန်မေးသလဲ ? သင့်သား ကိုယ်တိုင်က ပြောပြလိုက်တယ် မဟုတ်လား? 🙏ဘယ်တုန်းကလဲ အရှင်ဂေါတမ ? 🌸 စောစောက သုသာန်နားမှာ ဒီအကြောင်းတွေပြောပြီး သင့်သားရဲ့တိုက်တွန်းချက်အရ တို့ကို ပင့်တာ မဟုတ်လား ? ဗုဒ္ဓအရှင်မြတ်သည် အဒိန္နပုဗ္ဗက၏ လျှို့ဝှက်ချက်များကို ခရေစေ့တွင်းကျ မိန့်တော်မူ၏။ ________________________ သာယာသောနံနက်ခင်းပင် ဖြစ်ပါစေ သုသာန်မြေကား ကျက်သရေကင်းမဲ့နေ၏ အဒိန္နပုဗ္ဗကသည် သွားလေသူ သားဖြစ်သူ၏ မြေပုံအနီးဝယ် အားရအောင်ငိုကြွေးပြီး သုသာန်အပြင်သို့ ထွက်လာချိန် ........ ဝတ်ကောင်းစားလှနှင့် လုလင်လေးတစ်ယောက်သည် အလွန်နာကြည်းစွာ ရှိုက်ကြီးတငင် ငိုကြွေးနေ၏ ။ ဆန်းလိုက်ပါဘိ ဒီသူငယ် ဘာလို့ ငိုကြွေးနေပါလိမ့်.. သိချင်စိတ် နှိုးဆော်သဖြင့် လုလင်လေးအနီးသို့သွား၏ ကိုယ်ချင်းစာကာ သူ့ဒုက္ခကို မေးကြည့်မိ၏ အပူသည်ချင်း အပူညှိကြည့်၏။ ကျွန်တော့်ဒုက္ခက တခြားမဟုတ်ပါဘူး ဘဘရဲ့ ကျွန်တော့်မှာ အလွန်လှပတဲ့ ရွှေလှည်းအိမ်ကြီး ရထားပါတယ်။ ဒါပေမယ့် အဲဒီ လှည်းအိမ်နဲ့တော်တဲ့ လှည်းဘီးက မရှိဘူးဗျ၊ လှည်းဘီးမရရင် ကျွန်တော်တော့ သေရမှာပါပဲဗျာ... အဒိန္နပုဗ္ဗကသည် သူများအလှည့်တွင် သူက တရားချသည်၊ ဖျောင်းဖျသည်။ အားပေးစကားဆိုသည်။ "ဒါကြောင့်လား ဒါအတွက်တော့မပူနဲ့ ဘဘက မင်းကို လှည်းဘီးအကြီး လုပ်ပေးမယ်၊ ရွှေလှည်းဘီးကြိုက်လား ငွေလှည်းဘီးကြိုက်လား၊ ဘဘမှာ ငွေတွေငွေတွေပေါတယ်။ အခု အမွေခံသားသမီး ရှိတော့တာ မဟုတ်ဘူး မောင်ရင့် ကြည့်ရတာ ငါ့ရဲ့သွားရှာသူ သားလေးနဲ့ တူလိုက်တာကွယ်........ ဘဘပြောတဲ့ ရွှေလှည်းဘီးလည်း မလိုချင်ဘူး၊ ငွေလှည်းဘီးလည်း မလိုချင်ဘူး ကျွန်တော်လိုချင်တဲ့ လှည်းဘီးက ကောင်းကင်က လနဲ့ နေပဲ ၊ လနဲ့ နေကို လှည်းဘီးလုပ် တပ်ရမှ ကျွန်တော့်လှည့်အိမ်ကြီး လှမှာ..... ဟာ... မင်းတယ်မိုက်တဲ့ ကောင်လေးပဲ မဟုတ်တာ သွားတမ်းတလို့ရမလား ၊ လနဲ့ နေကိုတော့ မင်းသေတောင် မရဘူး... ကျွန်တော်က မြင်နေရတဲ့ လနဲ့နေကို လိုချင်လို့ငိုတယ် ဘဘက သေသွားတဲ့သားကို မမြင်ရပဲ ၊ ဘယ်နေမှန်းလဲ မသိ ရမ်းငိုနေတယ်၊ ဒီတော့ ကျွန်တော်နဲ့ ဘဘ ဘယ်သူက ပိုမိုက်ရာကျလဲဗျာ... လုလင်လေး၏စကားက သူ့ကို အလေးအနက် စဉ်းစားစေ၏၊ ဖြောင့်ဆိုဝန်ခံစေ၏ "ဟုတ်တယ် .. ဘဘက ပိုမိုက်ရာကျပါတယ် ဒီနေ့ကစပြီး ဘဘမငိုတော့ဘူး နားလည်ပြီ" အဒိန္နပုဗ္ဗကသည် လုလင်လေးအား ကျေးဇူးစကားကို အားရပါးရ ဆို၏ လုလင်၏ အမည်နာမနှင့် လိပ်စာကို မေးမြန်း၏ လုလင်လေးသည် ... မေးသမျှ ဖြေ၍ တစုံတစ်ခု ပြောပြပြီးလျှင် ထွက်ခွာသွားလေ၏။ "အဒိန္နပုဗ္ဗကသည် ကျောခိုင်းထွက်ခွာသွားသော လုလင်လေးကို မျက်စိတဆုံးကြည့်၍ တစ်ဦးတည်း ရပ်နေရစ်သည်။ အဒိန္နပုဗ္ဗကသည် သူ့မျက်စိကိုလည်း သူမယုံတော့ သူ့နားကိုလည်း သူအားမထားတော့ ၊အိပ်မက်လေလားဟု စဉ်းစားနေမိ၏ လုလင်လေး၏ရုပ်သည် မျက်စိထဲကမထွက်၊ပြောသွားသောအသံကိုလည်း နားကကြားလျှက်.... "ကျွန်တော်ဟာ ဘဘရဲ့သား ကုဏ္ဍလီလေ ကျွန်တော်အသည်းအသန် ဖြစ်နေတုန်း ဘုရားဂေါတမဟာ ကျွန်တော်တို့အိမ်နားက ဖြတ်ပြီး ကြွသွားတယ်။ ဘုရားဂေါတမကို မြင်လိုက်ရတော့ "သြော်... တယ်ထူးမြတ်တဲ့ပုဂ္ဂိုလ်ပါလား"ဟု ကြည်ညိုစိတ် ဖြစ်သွားမိတယ်။ ရောဂါကို ခေတ္တမေ့ပြီး ကျွန်တော့်စိတ်တွေဟာ ဘုရားဂေါတမကို အာရုံပြုပြီး အတော်ကြာ ကြည်နူးနေမိတယ်။ ဒိနောက်တော့ ကျွန်တော်ဘာမှ မသိတော့ဘဲ ခုဘဝ ရောက်လာရော.. လောကမှာ ဘုရားဂေါတမသာ ဘုရားစစ် ဘုရားမှန်ဖြစ်တယ် မယုံမရှိပါနဲ့ ယနေ့ပဲ ဘုရားဂေါတမကို သွားရောက်ဆည်းကပ်ပါ......." _________________ ဗုဒ္ဓရှင်တော်မြတ်က ဖြစ်ကြောင်းကုန်စင်ကို ဖွင့်ဟတော်မူလိုက်သည်။ အဒိန္နပုဗ္ဗကသည် ဟုတ်မှန်ကြောင်း ဝန်ခံ၏ ။ #ဘုရားကြည်ညိုစိတ်၏တန်ဖိုးဟာ ... အနည်းဆုံး နတ်ပြည် ရောက်နိုင်တယ်။ #ဘာဝနာလမ်းဖြင့် ဆက်လှမ်းပါမူ #မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် ရောက်နိုင်တယ်လို့ မိန့်ကြားပြီး နီတိဂါထာကို သင်ကြားတော်မူ၏။ "ခံစားမှု_မှတ်သိမှု_စေ့ဆော်မှုသဘောတွေကို စိတ်က ရှေ့ဆောင်_စိတ်ကကြီးမှူး _စိတ်ကဖန်တီး၏ အကယ်၍ ကြည်လင်သောစိတ်ဖြင့် ပြောလိုက်မိ_လုပ်လိုက်မိပါမူ_သည့်အတွက် ချမ်းသာသုခသည် ထိုသူနောက်သို့ မစွန့်မခွာ အရိပ်ပမာ လိုက်နေမည်သာတည်း....။ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ [ မုန်းတုံ့ကိုဖြေနှင့် အခြားဓမ္မဆောင်းပါးများမှ ] #ပါချုပ်ဆရာတော် #တရားမှတ်စု
via အလင်းရောင် ဓမ္မ https://ift.tt/306SxX0
Newer Post
Older Post
Home