အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, September 16, 2019
ရာဟုလာအား ဘုရားမြတ်စွာဟောကြားတော်မူခဲ့ သော ဓာတ်ကြီးလေးပါးရှုမှတ်ပွားများနည်း။ ========================== ချစ်သားရာဟုလာ....။ သင်၏ အတွင်းသန္တာန်၌ဖြစ်သော ပထဝီဓာတ်ကို လည်းကောင်း။ အပြင်သန္တာန်း၌ဖြစ်သော ပထဝီ ဓာတ်ကိုလည်းကောင်း။ "ငါ့ ဟာမဟုတ်၊ငါမဟုတ်၊ ငါ၏ အတ္တမဟုတ်"ဟူ၍ ဟုတ်မှန်စွာ ပညာဉာဏ် ဖြင့် ရှုမှတ်ရမည်။ ဤသို့ရှုမှတ်ပွားများသည်ရှိသော် သင်သည် ပထဝီဓာတ်၌ငြီးငွေ့လာလိမ့်မည်။ ပထဝီ ဓာတ်၌ ကပ်ငြိနေသော" တဏှာ မာန ဒိဋ္ဌိ"များကင်း ကွာစေလိမ့်မည်။ ဤနည်းအတူ သင်ချစ်သားသည် သင်၏ အတွင်း သန္တာန်၌ဖြစ်သော အပြင်သန္တာန်၌ဖြစ်သော အာပေါ ဓာတ်ကိုလည်းကောင်း၊ တေဇောဓာတ်ကိုလည်း ကောင်း၊ဝါယောဓာတ်ကိုလည်းကောင်း။" ငါ့ ဟာ မ ဟုတ်၊ငါမဟုတ်၊ ငါ၏အတ္တမဟုတ်"ဟူ၍ ဟုတ်တိုင်း မှန်စွာ ယထာဘူတဉာဏ်ဖြင့် ကောင်းစွာရှုမှတ်ပွား များရမည်။ ဤသို့ရှုမှတ်ပွားများသည်ရှိသော် ထို" ပထဝီ၊အာပေါ၊တေဇော၊ဝါယော"ဟူသော ဓာတ်ကြီးလေးပါးတို့ ၌ ငြီးငွေ့သောဉာဏ်ထင်ပေါ်လာလိမ့်မည်။ ထိုဓာတ်လေး ပါးအသီးသီးတို့၌ စွဲကပ်နစ်ဝင်နေသော"တဏှာ၊မာန၊ ဒိဋ္ဌိ"တို့သည်လည်း ကင်းကွာစေလိမ့်မည်။ ချစ်သားရာဟုလာ....။ ဓာတ်ကြီးလေးပါးတို့၌ "ငါ ၊ငါ့ဟာ၊ ငါ့ ဥစ္စာ"ဟု မရှု သောသူသည် "တဏှာ မာန ဒိဋ္ဌိ"တို့မှ ကောင်းစွာ ပယ်သတ်နိုင်၍ ဝဋ်ဆင်းရဲကင်းရာ နိဗ္ဗာန်သို့ မျက် မှောက်ပြုရမည်ဖြစ်၏။ ။ (စတုတ္တနိပါတ်) အရှင်ခေမိန္ဒ 8/9/2019
via အလင်းရောင် ဓမ္မ https://ift.tt/30irwvX
Newer Post
Older Post
Home