အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, December 22, 2019
❄ ဝိပဿနာ ❄ 🍃🍃🍃🍃🍃🍃 🔸လောက၌ "ဝိပဿနာ" ဝိပဿနာ" ဟု ဆိုနေကြပါတယ်၊ဝိပဿနာဟုသည်အဘယ်နည်း။ 🔹ဝိပဿနာဆိုသည်မှာ ဝိ-ပုဗ္ဗ- ဒိသ-ဓါတ်။(ဝါ)ဝိ-ရှေးရှိသော ဒိသဓါတ်မှလာ၍ ၊ ၄င်းဒိသဓါတ်သည်လည်း-ဒိသ+ဒက္ခဏေ၊ရှုခြင်း၊ကြည့်ခြင်း၊သိခြင်း၊မြင်ခြင်း၊ယူဆခြင်း၊အနက်ကိုဟောပေသည်။ 🔸ဝိ-ပုဒ်မှာ၊ ပုဒ်လေးမျိုးတို့တွင် ဥပါသာရပုဒ်ဖြစ်၍ ဓာတူနံအနေကတ္ထံ။ ဟုလာသည်ဖြစ်၍ ဥပါသာရပုဒ်သည်လည်း အနက်များစွာ ဟောနိုင်ပေသည်။ ဥဒါဟရုဏ် ပုံစံထုတ်ရသော် - - ဝိဇာနာန - အထူးသိတတ်ခြင်း။ ဝိသုဒ္ဓ - စင်ကြယ်ခြင်း၊သန့်ရှင်းခြင်း။ ဝိဘဇ္ဇ - ဝေဖန်ခြင်း၊စီစစ်ခြင်း။ ဝိယောဂ - ကွေကွင်းခြင်း။ ဝိရုဒ္ဓ - ဆန့်ကျင့်ခြင်း။ ဝိပ္ပယုတ္တ - မယှဉ်ခြင်း။ ဝိညာဏ - အထူးသ်ိခြင်း။ ဝိဂတ - ကင်းခြင်း။ ဝိသေသန - အထူးပြုခြင်း။ ဝိဝိဓ - အထူးထူး အပြားပြားအနက် စသည်အားဖြင့် လောကီကျမ်း၊ လောကုတ္တရာကျမ်းများ၌ များစွာ အနက်အဓိပ္ပါယ်ဖွင့်ကြပေသည်။ 🔸ထိုသို့များစွာသောအနက်ကို ဟောနိင်သောဤဝိ-ပုဒ်သည် ဤနေရာ၌ (ဝါ) ဝိပဿနာ၌ပါသော ဝိပုဒ်သည် ရှိသမျှအနက်ကိုဟောနိုင်ပါသလား!၊ရှိသမျှအနက်တို့ကို အကုန်ယူရမည်လား!ဟုဝေဖန်ရပေမည်။ 🔹ဥပမာပြရသော် ရာပေါင်းများစွာ လူပရိတ်ထဲတွင် "ဦးလှ လာခဲ့ပါဟုခေါ်သော် " မည့်သည့်ရပ်ကွက် မည်သည့်ရွာက ဦးလှကိုခေါ်ပါသနည်းဟုမေးရပေမည်။ ဤနည်းတူစွာပင် ၄င်းသည်လည်း ယှဉ်ရာပုဒ်ကိုကြည့်၍ အဆုံးအဖြတ်ပေးရပေမည်။ ဤဝိပဿနာဟူသောစကားရပ်၌ ဝိပုဒ်ယှဉ်ရာ "ပဿနာ"ဟူသော ပုဒ်သည်မှန်ကန်စွာသိခြင်း မှန်ကန်စွာမြင်ခြင်း မှန်ကန်စွာကြည့်ခြင်း မှန်ကန်စွာယူဆခြင်း အနက်တို့ကိုဟော၏။ ၄င်းကို အရကောက်ပါက ပညာကိုသာကောက်ရပါမည်။ ပညာမှာလည်း လောကီပညာ လောကုတ္တရာပညာနှစ်မျိုးလုံးနှင့်ဆိုင်သောလည်း မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် ရရာရကြောင်း ကောင်းသောလမ်းနှင့်ဆိုင်သော ပညာကိုသာယူရပါမည်။ 🔸ထိုပညာနှင့်ယှဉ်ရာ ဝိပုဒ်သည်လည်း ဝိဇာနာန၊ ဝိသုဒ္ဓိ၊ ဝိသေသန၊ ဝိဘဇ္ဇ အနက်တို့ကိုသာ (ဝါ) ထိုးထွင်းခြင်းအနက်၊ ဝေဖန်ခြင်းအနက်၊ စင်ကြယ်ခြင်းအနက်၊ အထူးသိခြင်းအနက် စသည်တို့ကိုသာယူရပါမည်။ 🔹ထို့ကြောင့် ဝိပဿနာ၌ ဝိပုဒ်အရ ထိုးထွင်းဝေဖန်ခြင်းအနက်ကိုယူ၍ ၊ ပဿနာပုဒ်အရ မှန်ကန်စွာသိခြင်း၊ မြင်ခြင်း၊ ကြည့်ခြင်း၊ ယူဆခြင်း အနက်တို့ကို ဟောသောကြောင့် နှစ်လုံးပေါင်းလိုက်ပါက- ထိုးထွင်းဝေဖန်သောအားဖြင့် မှန်ကန်စွာ သိတတ်၊ မြင်တတ်၊ ကြည့်တတ်၊ ယူဆတတ်အောင် လေ့လာသင်ကြားပြသသော ပညာရပ်ကို "ဝိပဿနာ" ဟုခေါ်ပါသည်။ . . 💠သာယာချမ်းမြေ့ကြပါစေ💠 . 🌟သစ္စာနီ🌟 ☀credit☀ Original uploader
via အလင်းရောင် ဓမ္မ https://ift.tt/2PMyPdm
Newer Post
Older Post
Home