Monday, December 23, 2019

စိတ်ဆင်းရဲနေရင် ဘဝမှာလေ.... အရမ်းစိတ်ဆင်းရဲစရာတွေကြုံလာတဲ့အခါ ဒီလိုလေး နှလုံးသွင်းလိုက်စမ်းပါ။ ✔ဘဝရတာကိုက ဒုက္ခပဲ။ ✔အဆုံးသတ်က မရဏပဲ။ ဒီတော့ အဆိုးဆုံး မရဏ ဆိုတဲ့ သေခြင်းတရားကိုတောင် ရင်ဆိုင်ရမှာ၊ ဒီ မဖြစ်စလောက်ကလေးနဲ့ ဘာလို့ အချိန်ကုန်ခံမလဲ။ ဆင်းရဲနေတာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ ပိုက်ဆံချမ်းသာနေတဲ့သူ သွားမေးကြည့်၊ အလုံးစုံ စိတ်ချမ်းသာရဲ့လားလို့၊ အဖက်ဖက်က လူမှုရေး၊ စီးပွားရေးပြည့်စုံနေပေမယ့် အနည်းဆုံးတော့ သေမှာကြောက်လို့ စည်းစိမ်တွေလျော့မှာစိုးလို့၊ ရောဂါရနေလို့၊ သူများက ကိုယ့်ထက်သာမှာစိုးလို့ စုံလို့ပဲ ပူလောင်နေရတာတွေ။ ပိုက်ဆံဆင်းရဲနေသူကလည်း ပိုက်ဆံမရှိလို့။ အိမ်ထောင်ရေးအဆင်မပြေသူကလည်း အပူတစ်မျိုး။ အပျိုကြီးတွေကျပြန်တော့လည်း ဆေးပေးမီးယူမရှိလို့။ စုံလို့ပါပဲ အပူမီးတွေ။ ဒီမီးတွေက အကြောင်းကိုစစ်တော့ ဒီခန္ဓာကြီး ရထားလို့။ ဒီခန္ဓာမရမှ အေးမှာ။ ဒီတော့ နည်းလမ်းက ဝိပဿနာအလုပ်လုပ်။ ✔လောကီကထွက်၊ လောကုတ္တရာမှာနေ။ အပူလွတ်နည်းက ဒီတစ်နည်းပဲ။ ✔သိအောင်လုပ်နေတုန်းမှာလဲ ငြိမ်းတယ်၊ ✔သိတဲ့အတိုင်း နေတော့လည်းငြိမ်းတယ်၊ လုပ်လိုက်လို့ အပူခပ်သိမ်း ငြိမ်းသွားတော့ ဆိုဖွယ်ရာ မရှိတော့ဘူးပေါ့။ ဒါကြောင့် မြတ်စွာဘုရားက နိဗ္ဗာန်ကို ရအောင်လုပ်ခိုင်းတာ။ Credit _ #သုညတ [Unicode] စိတ်ဆင်းရဲနေရင် 📼📼📼📼 ဘဝမှာလေ.... အရမ်းစိတ်ဆင်းရဲစရာတွေကြုံလာတဲ့အခါ ဒီလိုလေး နှလုံးသွင်းလိုက်စမ်းပါ။ ✔ဘဝရတာကိုက ဒုက်ခပဲ။ ✔အဆုံးသတ်က မရဏပဲ။ ဒီတော့ အဆိုးဆုံး မရဏ ဆိုတဲ့ သေခြင်းတရားကိုတောင် ရင်ဆိုင်ရမှာ၊ ဒီ မဖြစ်စလောက်ကလေးနဲ့ ဘာလို့ အချိန်ကုန်ခံမလဲ။ ဆင်းရဲနေတာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ ပိုက်ဆံချမ်းသာနေတဲ့သူ သွားမေးကြည့်၊ အလုံးစုံ စိတ်ချမ်းသာရဲ့လားလို့၊ အဖက်ဖက်က လူမွုရေး၊ စီးပွားရေးပြည့်စုံနေပေမယ့် အနည်းဆုံးတော့ သေမှာကြောက်လို့ စည်းစိမ်တွေလျော့မှာစိုးလို့၊ ရောဂါရနေလို့၊ သူများက ကိုယ့်ထက်သာမှာစိုးလို့ စုံလို့ပဲ ပူလောင်နေရတာတွေ။ ပိုက်ဆံဆင်းရဲနေသူကလည်း ပိုက်ဆံမရှိလို့။ အိမ်ထောင်ရေးအဆင်မပြေသူကလည်း အပူတစ်မျိုး။ အပျိုကြီးတွေကျပြန်တော့လည်း ဆေးပေးမီးယူမရှိလို့။ စုံလို့ပါပဲ အပူမီးတွေ။ ဒီမီးတွေက အကြောင်းကိုစစ်တော့ ဒီခန္ဓာကြီး ရထားလို့။ ဒီခန္ဓာမရမှ အေးမှာ။ ဒီတော့ နည်းလမ်းက ဝိပဿနာအလုပ်လုပ်။ ✔လောကီကထွက်၊ လောကုတ္တရာမှာနေ။ အပူလွတ်နည်းက ဒီတစ်နည်းပဲ။ ✔သိအောင်လုပ်နေတုန်းမှာလဲ ငြိမ်းတယ်၊ ✔သိတဲ့အတိုင်း နေတော့လည်းငြိမ်းတယ်၊ လုပ်လိုက်လို့ အပူခပ်သိမ်း ငြိမ်းသွားတော့ ဆိုဖွယ်ရာ မရှိတော့ဘူးပေါ့။ ဒါကြောင့် မြတ်စွာဘုရားက နိဗ္ဗာန်ကို ရအောင်လုပ်ခိုင်းတာ။ Credit _ #သုညတ April Thin


via အလင်းရောင် ဓမ္မ https://ift.tt/2sZwbrp