အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, December 27, 2019
“#ငှက်တွေသော်မှလည်း တောင်းရမ်းခြင်းကိုမနှစ်ခြိုက်ကြပါ”☆ 🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄 ☆ တစ်ချိန်မှာ ရဟန်းတော်တစ်ပါးဟာ ဟိမ၀န္တာတောအတွင်း တောင်ဝှမ်း တစ်နေရာမှာ သီတင်းသုံးတော်မူခဲ့ပါတယ်။ ဒီရဟန်းတော် သီတင်းသုံးတော် မူတဲ့ နေရာဒေသနှင့် မလှမ်းမကမ်းမှာ ညွန်အိုင်ကြီး တစ်ခု ရှိနေတယ်။ ထို ညွန်အိုင်ကို အမှီပြုကာ ညွန်အိုင်၀န်းကျင်မှာ တည်ရှိတဲ့ တောအုပ်ကြီးအတွင်း မှာ ဒီငှက်တွေက နေထိုင်ကြတယ်။ ဒီညွန်အိုင်ကြီးမှာ နေ့အခါ ကျက်စားပြီး တော့ ညအခါ တောအုပ်ကြီးအတွင်းသို့ ပြန်လာကြတယ်။ ညဉ့်ဦးယာမ်မှာ ရော မိုးသောက်ယာမ်မှာရော ဒီငှက်တွေက ဆူညံမှု အမျိုးမျိုးတွေကို ပြုလုပ် ကြတယ်။ ☆ ဒီငှက်သံတွေရဲ့ ဆူညံမှုကြောင့် ရဟန်းတော်ဟာ ထိုတောအုပ် အတွင်း မှာ မပျော်မွေ့မှု ဖြစ်လာတယ်။ ဝါဆိုဝါကပ်ဖို့ရန် အချိန် နီးကပ်လာတဲ့အခါ ထိုရဟန်းတော်ဟာ ဘုရားရှင်ထံတော်မှောက်သို့ ပြန်လည်ကြွရောက်သွား တော်မူခဲ့ပါတယ်။မိမိနေထိုင်သီတင်းသုံးရာ တောအုပ်အတွင်းမှာ ဖြစ်ပေါ် နေတဲ့ ငှက်တွေရဲ့ ဆူညံမှု အမျိုးမျိုးကိုလည်း ဘုရားရှင်အား တင်ပြလျှောက် ထားတော်မူခဲ့ပါတယ်။ ☆ ထိုအခါမှာ ဘုရားရှင်က “ချစ်သားရဟန်း ... သင်ဟာ ဒီငှက်တွေရဲ့ ဒီတောအုပ်အတွင်းသို့ မလာခြင်းကို အလိုရှိပါသလား?”-- ဒီလို ဘုရားရှင်က မေးမြန်းတော်မူလိုက်ပါတယ်။ အလိုရှိပါကြောင်းကို ဒီရဟန်းတော်က ဘုရားရှင်အား တင်ပြလျှောက်ထားလိုက်တဲ့အခါ ဘုရားရှင်က ထိုတောသို့ တစ်ဖန် ပြန်သွားကာ ညဉ့်ဦးယာမ်၌ သုံးကြိမ်, မဇ္ဈိမယာမ်၌ သုံးကြိမ်, မိုးသောက်ယာမ်၌ သုံးကြိမ် - တစ်ညလျှင် ကိုးကြိမ် ကိုးကြိမ် အောက်ပါ အတိုင်း ရွတ်ဆိုရန် တောင်းခံရန် အကြံပေးတော်မူလိုက်ပါတယ်။ ☆ ဤတောအုပ်အတွင်းမှီတင်းနေထိုင်ကြသာ အိုငှက်အပေါင်းတိ့ု... ငါ၏ စကားကို နားထောင်ကြပါကုန်လော့၊ ငါ့အား ငှက်တောင်ဖြင့် အလိုရှိ၏၊ ငှက်တစ်ကောင် တစ်ကောင်သည် အတောင် တစ်ခုစီ တစ်ခုစီ ငါ့အား ပေးလှူကြပါ။ ☆ ဒီလို ဘုရားရှင်က အကြံပေးတော်မူလိုက်ပါတယ်။ ဘုရားရှင်ရဲ့ အကြံပေး တော်မူချက်အတိုင်း ဒီရဟန်းက ထိုတောအုပ်သို့ပင် တစ်ဖန် ပြန်ကြွတော် မူကာ တစ်ညလျှင် ကိုးကြိမ် ကိုးကြိမ် အထက်ပါအတိုင်း ရွတ်ဆိုကာ ငှက်တောင်များကို အလှူခံတော်မူပါတယ်။ ☆ ဒီနေရာမှာ ဒီရဟန်းရဲ့ တောင်းခံမှုကို ငှက်အပေါင်းတို့ ကြားသိနိုင်ရန် နားလည်နိုင်ရန်အတွက် ဘုရားရှင်က တန်ခိုးအာနုဘော်ဖြင့် အဓိဋ္ဌာန်ထား တော်မူခဲ့ပါတယ်။ ဘုရားရှင်၏ တန်ခိုးအာနုဘော်ကြောင့် ငှက်အပေါင်းတို့ ကလည်း “ရဟန်းတော်က ငှက်တောင်တွေကို အလှူခံယူနေကြောင်းကို” နားလည်သဘောပေါက်ခဲ့ကြတယ်။ ထိုအချိန်အခါမှာ ထိုငှက်တွေဟာ ထို တောအုပ်အတွင်းမှာ မနေထိုင်ကြတော့ဘဲ အခြားတစ်နေရာသို့ ပြောင်းရွှေ့ သွားခဲ့ကြတယ်။ နောက်ထပ် ဘယ်တော့မှ ထိုတောအုပ်သို့ ပြန်မလာကြ တော့ပါ။ ☆ ဒီ၀တ္ထုဇာတ်ကြောင်းကို ဟောကြားတော်မူပြီးနောက် ဘုရားရှင်က အာဠဝီရဟန်းတော်တွေကို ဆက်လက်ကာ ဒီလို ဆိုဆုံးမတော်မူပါတယ် ..။ ☆ “ရဟန်းတို့ ... တိရစ္ဆာန်ဖြစ်ကြတဲ့ သတ္တဝါတွေသော်မှလည်း တောင်း ရမ်းခြင်းကို မနှစ်ခြိုက်ခြင်း ဖြစ်တုံသေး၏၊ တောင်းဆိုမှုကို အလိုမရှိခြင်း ဖြစ်တုံသေး၏။ လူသားဖြစ်ကြတဲ့ သူတွေမှာ အဘယ်မှာလျှင် ပြောဆိုဖွယ် ရှိနိုင်ပါတော့အံ့နည်း” ဒီလို ဘုရားရှင်က ဆက်လက်ကာ ဆိုဆုံးမတော်မူ လိုက်ပါတယ်။ ¤ ဖားအောက်တောရဆရာတော် ¤ Buddhavasa Tiloka 🙏🙏🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/2Q0p632
Newer Post
Older Post
Home