Friday, December 27, 2019

ဗုဒ္ဓဟောကြားစီးပွားအောင်မြင်ကြောင်းတရား ‬(၄)ပါး 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 လူတွေဟာချမ်းသာချင်ကြတယ်။ အခုမှမဟုတ်ပါဘူး။ ရှေးတုန်းကတည်းကပါ။ အင်္ဂုတ္တရနိကယ်မှာ ဒီလိုဟောထားပါတယ်။ . ဗုဒ္ဓလက်ထက်တော်၊ ကောလိယတိုင်း၊ ကက္ကရပတ္တမြို့မှာ ဒီဃဇာဏုဆိုတဲ့အမျိုးသားဟာ ဒီဘဝမှာ ချမ်းချမ်းသာသာ နေချင်ပါတယ် ။အဲဒီလို ဖြစ်နိုင်တဲ့ အခြေအနေ ကောင်းများ ရှိပါသလားလို့ မေးလျှောက်ခဲ့ပါတယ်။ . ဗုဒ္ဓက ရှိတယ်၊ ဒီဘဝအတွက် ဟိတသုခ အခြေအနေကောင်း တွေနဲ့ ချမ်းသာသုခကိုရစေနိုင်တဲ့ အချက်လေးမျိုးရှိတယ်။ (၁) ဥဋ္ဌာနသမ္ပဒါ ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ကြိုးကြိုးစားစား တက်တက်ကြွကြွ လုပ်ကိုင်ရမယ်။ ကြိုးစားတိုင်းရသလားဆိုတော့ မရနိုင်ဘူး။ ဒက္ခ - လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်။ အနလသ - ဇွဲကောင်းမှုရှိရမယ်။ ဥပါယဝီမံသ - နည်းပညာရှိရမယ်။ ကြိုးစားမှုရှိရုံတစ်ခုတည်းနှင့်တော့ မရဘူး။ ကြိုးစားမှုဆိုတဲ့ထဲမှာ အရေးကြီးတဲ့ အချက်၃ချက် ပါတယ်။ ကြိုးတော့ကြိုးစားတယ်၊ လုပ်ငန်းက မကျွမ်းကျင်ဘူး မအောင်မြင်နိုင်ဘူး။ ကြိုးစား တော့ကြိုးစားတယ် ဇွဲမကောင်းဘူး မအောင်မြင်နိုင်ဘူး။ ကြိုးစားတယ်၊ နည်းပညာက နိမ့်ကျနေတယ်၊စီမံခန့်ခွဲနိုင်တဲ့ စွမ်းအားတွေမရှိဘူး။ မအောင်မြင်နိုင်ပါဘူးတဲ့။ ဒါလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က ဗုဒ္ဓကစီးပွားရေးမှာ ေ အောင်မြင်ဖို့ နည်းလမ်းညွှန်ပြပေးထားတာပါ။ ပိဋကတ်တော်တွေထဲမှာ ပါတဲ့ တရားပါ။ လုပ်ငန်းကျွမ်းကျင်မှု၊ ဇွဲကောင်းမှု၊ နည်းပညာ အဲဒီ ကြိုးပမ်းအားထုတ်မှု ရှိ၇မယ်တဲ့။ (၂) အာရက္ခသမ္ပဒါ ထိန်းသိမ်းစောင့်ရှောက်မှု ရှိရမယ်။ လောကမှာ စီးပွားဥစ္စာတွေနဲ့ ငွေကြေးဓနမြောက်မြားစွာ ထုတ်လုပ်နိုင်တယ်။ သို့သော် မထိန်းသိမ်းဘူးဆိုရင် အလေအလွင့် တွေများပြီးတော့ စီးပွားဥစ္စာ တိုးသင့်သလောက် မတိုးဘူး။ အလုပ်လုပ်ပြီး ရလာတဲ့ ပစ္စည်းကို ရေကြောင့် မီးကြောင့် ရန်သူမျိုးငါးပါးကြောင့် မပျက်စီးအောင် အလေအလွင့် မရှိအောင် သေချာစောင်ရှောက်မှုဆိုတဲ့ အာရက္ခသမ္ဗဒါ တရားရှိဖို့လိုသေးတယ်။ ဒါလည်း ဒုတိယအချက်အနေနဲ့ အခုလက်ရှိဘဝမှာ စီးပွားတက်ဖို့ မြတ်ဗုဒ္ဓကဟောထားတာ။ ဒါလည်း အင်မတန်လိုအပ်တဲ့ အကြောင်းတရားပါ။ (၃) ကလျာဏမိတ္တသမ္ပဒါ မိတ်ဆွေကောင်း ရှိရမယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး အကြံပေးမည့်သူ၊ အကျင့်စာရိတ္တကောင်းတဲ့သူ၊ အသိပညာရှိတဲ့သူ၊ စွန်လွှတ်နိုင်တဲ့သူ၊ ယုံကြည်ရတဲ့လူ၊ ဒီလိုမိတ်ဆွေကောင်းတွေ အင်မတန်မှလိုအပ်ပါတယ်။ ဒီကနေ့ခေတ်ကြည့် စီးပွားဥစ္စာ တိုးတက်နေတဲ့ ပဂ္ဂိုလ်တွေတိုင်းဟာ ဒီအခြေနေကောင်းတွေ ရှိနေပါတယ်။ ကြိုးပမ်းအားထုတ်မှုကြောင့် ပစ္စည်း ဥစ္စာတွေ ရရှိလာမယ်။ ထိန်းထိန်းသိမ်းသိမ်း ရှိတတ်လို့ စုမိဆောင်းမိလည်း ရှိလာမယ်။ သိုသော် မိတ်ဆွေကောင်းမရှိဘူးဆိုရင် အဲဒီ ပစ္စည်းဥစ္စာတွေဟာ သဲထဲရေသွန်သလိုအသုံးအဖြုန်းနဲ့ တစ်ခါတည်း ပျက်စီးဆုံးရှုံးသွားနိုင်တယ်။ (၄) သမဇီဝိတသမ္ပဒါ နောက်ဆုံးစီးပွားရေးနဲ့ ပတ်သတ်ပြီး တကယ်လဲ အရေးကြီးဆုံး တစ်ချက်ကတော့ ရလာတဲ့ စည်းစိမ်ဥစ္စာအပေါ် ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်းကိုယ့်ရဲ့ ဝင်ငွေ ထွက်ငွေနဲ့ ပတ်သက်ရင် စာရင်းဇယားခိုင်ခိုင် မာမာထားပြီးတော ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း မျှမျှတတ ဖြစ်နေဖို့ အရေးကြီးတယ်။ သမဇီဝိတဆိုတဲ့သဘောက ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း ညှိပြီးတော့ သုံးစွဲတဲ့ အခုခေတ် စီပွားရေပညာလိုပဲ။ ဝင်ငွေကများပြီးတော့ သုံးငွေနည်းနေလို့ မဖြစ်ဘူး။ သုံးငွေက များပြီးတော့ ဝင်ငွေတွေက နည်းနေလို့လည်း မဖြစ်ဘူး။ ထို၂ခုဟာ မျှမျှတတ ဖြစ်နေဖို့လိုတယ်။ မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ကျော်ကတည်းက ကြို းပမ်းမှု ၊ အားထုတ်မှု ၊ အလေအလွင့်မရှိအောင် ထိန်းသိမ်းမှု ၊ မိတ်ဆွေကောင်းရှိမှု ၊ ဝင်ငွေထွက်ငွေမျှမျှတတ သုံးစွဲမှု ၊ ဆိုတဲ့အချက်ကြီး၄ချက်ကို ဟောခဲ့ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး။ ဒီစည်းကမ်းအတိုင်းဆောင်ရွက်မယ်ဆိုရင် စီးပွားရေးက တိုးတက်လာမှာပဲ။ အများကြီးမတိုးတက်တောင် ပျက်စီးမသွားတော့ဘူး။ ဒါ ဒီဘဝမှာ ကောင်းတဲ့ အခြေအနေတွေနဲ့ ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ အချက် (၄)ချက်ပါပဲ။ အဂ္ဂမဟာပဏ္ဍိတ အရှင် နန္ဒမာလာဘိဝံသ(Ph.D) ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀


via အလင်းရောင် ဓမ္မ https://ift.tt/2Q3whaV