Saturday, December 28, 2019

🔺 ❝ တရား မရ နိုင်တဲ့ ပုဂ္ဂိုလ် ❞ 🔜 တရား နဲ့ အလှမ်းဝေး တဲ့ ပုဂ္ဂို လ်တွေဟာ သစ္စာ တရားမနာနိုင်ဘူး။ 🔜မအားလို့ … နားထောင်လို့ကိုမရဘူး။ 🔜ရင်ထဲမှာ မီးတောင်ကြီးလိုဖြစ်နေတာ။ 🔜နိဗ္ဗာန်ရောက်ကြောင်းတရားဆိုရင် သူတို့နားမှာ မီးလောင်နေပြီ။ 🔜သူတို့နားက ကိလေသာဖြစ်မယ့်အသံမှ နားထောင်လို့ရတာ။ 🔜ဝိသဘာဂ အသံဆိုနားထောင်လို့ကိုမဝ‘နိုင်ဘူး။ 🔜 တရားရကြောင်း နိဗ္ဗာန်ရကြောင်းဆိုရင် ပျင်းရိသွားမှာပဲ။ 🔜အိပ်ချင်လာမယ်။ 🔜တစ်ခါတည်း ဘယ်လိုမှ နားထောင်လို့မရဘူး။ 🔜 ခေါင်းတွေဘာတွေမူးပြီးတော့ ပစ်လှဲချင်သလို ဖြစ်လာတာ။ ► ဘဝအဆက်ဆက်ကလည်း အဝိဇ္ဇာတဏှာအားကြီးတယ်။ ►အခုသာသနာတော်ကြီးနဲ့တွေ့ပြန်တော့လည်း မလေ့လာမလိုက်စားတဲ့အခါကျတော့ သစ္စာတရားအသံတွေဆိုရင် စိတ်မဝင်စားတော့ဘူး။►ဘယ်လိုမှရင်ထဲမှာ လက်မခံနိုင်တော့ဘူး ဖြစ်လာတယ်။ 🔚 တချို့ကျတော့လည်း ခက်ခက်ခဲခဲ အဆန်းလုပ်မနေပါဘူးကွာ။ 🔚ဒါနလောက်ပြုတော်ရောပေါ့။ 🔚နှလုံးသွင်းမှားတာတွေ။ 🔚အဲဒါ အဝိဇ္ဇာကြာင့် အယောနိသောမနသိကာရ။ 🔚အယောနိသောမနသိကာရကြောင့် အဝိဇ္ဇာ။ 🔚အပြန်အလှန်ပေါ့။ ✹ တချို့ဒေသနာတွေမှာကျတော့လည်း အဝိဇ္ဇာ ဘာကြောင့်ဖြစ်သလဲ ဝိစိကိစ္ဆာနဲ့ ပမာဒကြောင့်။ ဒါလောကသုတ္တန်အရ အဓိကက အဝိဇ္ဇာပါပဲ။ အမှန်တရားမသိလို့။ အဝိဇ္ဇာအားကြီးပြီဆိုရင်တဏှာလည်းအားကြီးတာပဲ။ ⏩ အဝိဇ္ဇာတဏှာအားကြီးပြီဆိုရင် သဒ္ဓါနဲ့ပတ်သက်တဲ့တရား ပညာနဲ့ပတ်သက်တဲ့ တရားတွေကို မကြားချင်ဘူး။ ⏩သဒ္ဓါတရားခေါင်းပါတဲ့ပုဂ္ဂိုလ်ကို ရတနာသုံးပါးနဲ့ ကံ၊ ကံရဲ့အကျိုးသွားပြောရင် သူ့မှာ နားကြားပြင်း ကပ်တယ်တဲ့။ ✅ မစ္ဆရိယ-ဝန်တိုတဲ့ပုဂ္ဂိုလ်ကို ဒါနအကြောင်းသွားပြောရင် သူ့မှာနားကြားပြင်း ကပ်တယ်တဲ့။ ✅ဗဟုသုတနည်းတဲ့ပုဂ္ဂိုလ်ကို ဗဟုသုတ အကြောင်း သွားပြောရင် နားကြားပြင်းကပ်တယ်။ ✅ပညာနည်းတဲ့ပုဂ္ဂိုလ်ကို ပညာအကြောင်း သွားပြောရင် နားကြားပြင်းကပ်တယ်။ ✅ နားမထောင်ချင်ဘူး။ 【မြစိမ်းတောင် ဆရာတော် ဘုရား】 ❁ အပ္ပမာဒေန သမ္မာဒေထ ❁ ✾ ရွှင်လန်း ✾ အေးချမ်း ✾ ပါစေ ✾


via အလင်းရောင် ဓမ္မ https://ift.tt/355wb6y