Friday, December 27, 2019

တရားသိသွားသောအခါ ******************** တရားမသိခင်က ငွေရဖို့ အဓိကထားသည်။တရားသိသွားသောအခါ ကုသိုလ်ရဖို့ အဓိကထား သွားသည်။ တရားမသိခင်က လောဘဖြင့် စီးပွားရှာသည်။ တရားသိသွားသောအခါမေတ္တာဖြင့်စီးပွားရှာသည်။ လောဘဖြင့်စီးပွားရှာသူသည် ကိုယ်ချမ်းသာဖို့အဓိ ကထားသည်။ မေတ္တာဖြင့်စီးပွားရှာသူသည် သူတစ်ပါးချမ်းသာဖို့ အဓိကထားသည်။ တရားမသိခင်က ဓာတ် နတ် ယတြာ ကို အဓိကထားသည်။ တရားသိသွားသောအခါ စေတနာဟူသောကံကို အဓိကထားတော့သည်။ တရားမသိခင်က အကုသိုလ်အလုပ်ကိုမကြောက်ဘဲ အပါယ်လေးပါးကိုသာကြောက်သည်။ တရားသိသွားသောအခါ အကုသိုလ်လုပ်ရမည်ကိုသာကြောက်ပြီး အပါယ်လေးပါးကိုမကြောက်တော့ချေ။ တရားမသိခင်က အချိန်မရွေး သေရမှာကြောက်နေသည်။ တရားသိသွားသောအခါ အချိန် မရွေးသေရဲသွားသည်။ တရားမသိခင်က ရတနာသုံးပါးကို အသုံးချ ပစ္စည်းတစ်ခုအဖြစ် သဘောထားကာ လှူလေ့ရှိ သည်။ တရားသိသွားသောအခါ သံသရာတစ်လျှောက်အပါယ်တံခါးပိတ်ပေးသည့် ကျေးဇူးရှင် အဖြစ်သဘောထားကာလှူလေ့ရှိသည်။ တရားမသိခင်က ကိုယ့်ထက်သာသူကိုတွေ့လျှင် မနာလိုစိတ်ပေါ်ကာ အကုသိုလ်ဖြစ်လေ့ရှိ သည်။ တရားသိသွားသောအခါ ကိုယ့်ထက်သာသူ ကိုတွေ့လျှင် ဝမ်းသာစိတ်ပေါ်ကာ ချီးကျူးစကားပြောကာကုသိုလ်ဖြစ်လေ့ရှိသည်။ မေတ္တာရှင် (ရွှေပြည်သာ)၏ စူဠသောတာပန်ကျင့်စဉ် မှ ကူးယူပါသည်... ဓမ္မမိတ်ဆွေများအားလုံး တရားအသိဖြင့်ကောင်း ကျိုးများခံစားနိုင်ကြပါစေ လို့ ဆန္ဒပြုလျှက်..... #မြတ်သောသစ္စာ မြတ်ဗုဒ္ဓ၏သာသနာpage မှ ကုသိုလ်ပြုတင်ဆက်သည်။ Credit to ဓမ္မ၏အရသာ Aye


via အလင်းရောင် ဓမ္မ https://ift.tt/37jwdcR