Tuesday, December 24, 2019

အချိန်အနည်းငယ်ပဲ​​ဖြစ်စေ​မသူတော်နှင့်ပေါင်းမိရင် #အကလျာဏမိတ္တ ================== #အချိန်အနည်းငယ်ပင်ဖြစ်ချင် ဖြစ်ပါစေ အကလျာဏမိတ္တလို့ ခေါ်တဲ့ မသူတော်နဲ့ ပေါင်းဖော်မိခဲ့မယ်ဆိုရင် ဘုရားအလောင်းသော်မှလည်း ပြောင်းပြန်လှန်သွားတယ် တဲ့။ #ဒါကြောင့် မိမိရဲ့ အကျိုးစီးပွားကို လိုလားတောင့်တနေတဲ့ ပညာရှိမှန်ခဲ့ရင်တော့ မသူတော် လူယုတ်မာကို ခတ်ဝေးဝေးကပဲ ရှောင်ရမယ်။ ဘယ်လောက်ထိ ဝေးဝေးရှောင်ရမလဲ? အလွန်အဆိပ်ပြင်းထန်နေတဲ့ မြွေပွေး မြွေဟောက်ကို ဝေးဝေးကရှောင်သလို ရှောင်ရမယ်။ #ဘာဖြစ်လို့လဲ? မသူတော်ရဲ့ အဆိပ်တက်လိုက်ပြီဆိုရင်တော့ ပုံစံပြောင်းသွားပြီ။ မသူတော်ရဲ့အဆိပ်တက်လိုက်လို့ ဘုန်းကြီးတို့ဘုရားအလောင်းတော် ဘာဖြစ်လဲ ခြောက်နှစ်လုံးလုံး ဒုက္ကရစရိယာကျင့်ရတယ်။ ဒီလို ဒုက္ကရစရိယာကျင့်လို့ ဘုရားဖြစ်သလားဆို မဖြစ်ပါဘူး။ " #ငါဘုရားသည် အတိတ် ဇောတိပါလလုလင်ဘဝက မသူတော်ဗြဟ္မဏတို့၏ ဇာတ်၌ဖွားမြင်ပြီး ကဿပဘုရားရှင်အား ပြစ်မှားမိကာ ခြောက်နှစ်လုံးလုံး ဒုက္ကရစရိယာအကျင့်မှားနည်းမှားကို ကျင့်ခြင်းဖြင့် သဗ္ဗေညုတဉာဏ်ကို ရရန်အလို့ငှာ ရှာဖွေခဲ့မိလေ၏" တဲ့။ #ဒါကြောင့် မသူတော်ကိုပေါင်းမိတာက တစ်ကြောင်း ပါးစပ်ကိုလွယ်လွယ် လှုပ်မိတာကတစ်ကြောင်း ဆိုတာ သတိရှိဖို့လိုပါတယ်။ (ကဋိကာရသုတ္တန်) Credit ...အရှင်ဗုဒ္ဓဃောသ အလင်းရောင်ဓမ္မ


via အလင်းရောင် ဓမ္မ https://ift.tt/2MnYyGQ