အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, December 25, 2019
သံသရာကြွေး မတင်ပါစေနဲ့။ •••••••••••••••••••••••••••• အခုဘ၀မှာတောင် အတိတ်ဘဝတွေက လုပ်ခဲ့တဲ့ အကြွေးတွေကို ကျေအောင် မဆပ်နိုင်သေးဘဲ … လက်ရှိလုပ်နေတဲ့ ကိုယ့်ရဲ့မကောင်းတဲ့ လုပ်ရပ်တွေကြောင့် နောက်ထပ် ပေးဆပ် ရမယ့် သံသရာနဲ့ချီတဲ့ အကြွေးတွေ ထပ်တိုး နေမယ်ဆိုရင်တော့ … အကြွေးကင်းရာ နိဗ္ဗာန်နဲ့ကတော့ ဝေးပြီးရင်း ဝေးရင်း ဖြစ်နေပါလိမ့်မယ်။ ကိုယ့်ရဲ့လုပ်ရပ်တစ်ခုဟာ စေတနာပါပါနဲ့ လုပ်လိုက်မိရင် အကြွေးဖြစ်စေပါတယ်။ အကြွေးဆိုရင်တော့ ပေးဆပ်ရမှာပါ။ ထုံးစံအတိုင်း ပေးဆပ်တဲ့အခါ အရင်းရော အတိုးရော ပေးဆပ်ရသလို… ဘာမှမဟုတ်ပါဘူးဆိုပြီး လုပ်လိုက်တဲ့ မကောင်းတဲ့ လုပ်ရပ်တစ်ခုဟာ … သူ့ရဲ့တန်ပြန် အကျိုးပေးကို ခံရတဲ့အခါမှာ ပေးဆပ်ရတဲ့ အတိုးက ဖော်မပြနိုင်အောင် များပါတယ်။ တစ်ချို့အတိုးတွေဆို အောက်ကနေ ပြန်မတက်နိုင်လောက်အောင် … ဘုရားပွင့်သော်လည်း ဘုရား သာသနာနဲ့ ကြုံခွင့်မရအောင် … အကြွေးဆပ်ပြီး ပြန်တော့လည်း ကောင်းတဲ့ သုဂတိဘ၀မှာ ကောင်းကောင်းမွန်မွန် မဖြစ် သေးဘဲ အိုနာကျိုးကန်းအဖြစ် ပြန်ဖြစ်အောင် အထိ အပိုပေးဆပ်လိုက်ရတာတွေ ရှိပါတယ်။ အတိုးပေါ် အတိုးထပ်တဲ့ သဘောပါပဲ။ ဒါဟာ မကောင်းတဲ့ လုပ်ရပ်တစ်ခုကြောင့် ပေးဆပ်ရတဲ့ အကုသိုလ်အကြွေးရဲ့ သဘောပဲ ဖြစ်ပါတယ်။ စာလိုပြောတော့ ကံကံရဲ့အကျိုးပဲပေါ့။ မနာပဒါယီဆရာတော် အရှင်ဝိစိတ္တ #ဓမ္မနှစ်သက်သူ
via အလင်းရောင် ဓမ္မ https://ift.tt/2QfTdCp
Newer Post
Older Post
Home