Tuesday, December 24, 2019

. ❄နိဗ္ဗာန်ရောက်မရောက် သိနိုင်ပါသလား❄ . 💫💫💫💫💫💫💫💫💫 🔜မိတ်ဆွေတစ်ယောက်က...မေးလာပါတယ်... ကိုထွန်း.. နိဗ္ဗာန်ကိုရောက်တယ်မရောက်ဘူးဆိုတာသိနိုင်လားတဲ့.... အခုရေးတဲ့postလေးကိုဖတ်ကြည့်စေခြင်ပါတယ်... ဓမ္မမိတ်ဆွေအားလုံးအတွက်ပါ..... 🔯.မြတ်စွာဘုရားသခင်လက်ထက်တော်က... ဘုရားသခင်အနီးမှာအမြဲတမ်း...သီတင်းသုံးတာက ညီတော်အာနန္ဒာ...အရှင်အာနန္ဒာပါ... 🔜မြတ်စွာဘုရားသခင်ကိုကိုးကွယ်ယုံကြည့်တဲ့ တပည့်သာ၀ကတွေ...သေလွန်ရင်...... အရှင်အာနန္ဒာက...မြတ်စွာဘုရားထံ..သွားသွားပြီး မေးလျှောက်တော်မူပါတယ်... 🔜အရှင်ဘုရား...ဘယ်သူကဖြင့်တော့...ဆုံးရှာပြီဘုရား... ကောင်းရာမွန်ရာဘုံဘ၀ကိုမှရောက်ရဲ့လားဘုရား... ဒုဂ္ဂတိဘုံများရောက်သွားပါသလား... စသည်ဖြင့်မကြာမကြာမေးလျှောက်..တော်မူပါတယ်... 🔜မြတ်စွာဘုရားရှင်က အစတော့ ဘယ်သူကဖြင့် နတ်ပြည် ဘယ်ဒကာ ဒကာမကဖြင့် ဗြဟ္မာ့ဘုံမှာ စံစားနေရတယ်....စသည်ဖြင့် 🔜သဗ္ဗညုတညာဏ်တော်နဲ့ ဆင်ခြင်တော်မူပြီး ဖြေတော်မူပါတယ်။ မြတ်စွာဘုရားသခင်က..နောက်တော့... 🔯🔯ချစ်သားအာနန္ဒာ... လူတွေကတစ်နေ့တစ်နေ့..သေနေကြတာမနည်းဘူး... နောက်လည်းသေကြအုံးမှာပဲ... 🔜သေတိုင်းသေတိုင်းမေးလျှောက်နေလို့...ဖြေနေရရင်... ငါကိုယ်တော်လည်းအားချိန် ရမှာမဟုတ်ဘူး... တစ်ခြားကိစ္စတွေလည်းမဆောင်၇ွက်နိုင်၊ တရား ဓမ္မလည်းမဟောနိုင်ဖြစ်နေတော့မယ်... 🔜အဲဒီတော့...မင်းကို..ငါမှန်တချပ်ပေးထားပါမယ်ကွာ... အဲဒီမှန်က...သောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေ... ရတဲ့မှန်ပဲကွ...သူတို့က..အဲဒီမှန်ကြည့်ပြီး... သူတို့ဖာသာသူတို့...ဘာဖြစ်တယ်ဆိုတာ... မှန်ကြည့်သလိုသိကြပါတယ်ကွာ... 🔯ရုပ်..နာမ်ခန္တာတို့ကို၊..ဒုက္ခသစ္စာကြီးလို့ ရှုမြင်တဲ့ ပုဂ္ဂိုလ်မှာ...ဒုက္ခသစ္စာရဲ့ဖြစ်ပျက်တွေကို၊ ၀ိပဿ နာ ညာဏ်နဲ့ရှုတယ်ကွ... 🔯ခန္တာမှာ..ဖြစ်ပျက်တွေဆုံးသွားတဲ့အခါကျတော့... ဝိပဿ နာညာဏ် နေရာမှာမဂ်ညာဏ်က အစားထိုးပြီးဝင်လာတယ်... 🔜ဖြစ်ပျက်ဆုံးတော့နိရောဓသစ္စာ၊နိဗ္ဗာန်ပါပဲ.. အဲဒီနိယောဓသစ္စာနိဗ္ဗာန်ကိုကျတော့... မဂ်ညာဏ်ကအစားထိုး၀င်လားပြီး...သိမြင်သွားတယ်... 🔯မဂ်ညာဏ်လာပြီးရင်... ဖိုလ်ညာဏ်လာပါစေလို့..ဆုတောင်းစရာမလိုဘူး.. ဓမ္မနိယာမအရ..အလိုလို...ပေါ်လာမယ်... အဲဒီလိုမဂ်ညာဏ်နဲ့...နိဗ္ဗာန်ကိုမြင်ပြီးလို့...ဖိုလ်ညာဏ်နဲ့.. နိဗ္ဗာန်ကိုအာရုံပြုပြီး...ပစ္စဝေက္ခဏညာဏ်နဲ့မဂ်ဖိုလ်ကို ဆင်ခြင်ပြီးနောက်...မိမိလက်ရှိတရားမှတ်နေရာကနေ တော်ပြီ..တန်ပြီဆိုပြီး...ဧရိယာပုဒ်ကပြောင်းတာနဲ့... ဧရိယုပုထ်က..ထလိုက်တာနဲ့တစ်ပြိုင်နက်.... ***စတုယေပါယေဟိစ ဝိပ္ပ မုတ္တော*** #ငါသည်..ဝိနိပါတိကဘေးလို့ခေါ်တဲ့.... ငရဲ၊တရိစ္ဆာန်၊ပြိတ္တာ..အသူရကာယ်...အပါယ်လေးဘုံသို့၊ ကစဉ့်ကလျား၊ဗရမ်းဗတာ.ကျရောက်ခြင်းမရှိတော့ပါလား....ငါသည်၀ဋ်သုံးပါးမှကျွတ်လွတ်ပြီး... အပါယ်ဘုံကိုဘယ်တော့မှ...မကျနိုင်တော့ပါလားဆိုပြီး... ညာဏ်မှာအလိုလို ထင်မြင်လာပြီး သိသွားတယ်... #မှန်ထဲမှာကိုယ့်ဖာသာကိုယ်ကြည့်လိုက်တဲ့အခါ ကိုယ့်ရုပ်ကို ရှင်းရှင်လင်းလင်း ပြန်မြင်ရသလိုပဲ ညာဏ်မှာအလိုလို ထင်မြင်လာတယ်... 🔜ဘယ်သူ့ကိုမှ... မေးစရာမလိုတော့ပဲနဲ့ အလိုလိုသိမြင်သွားတယ်ကွ... 🔜ဒါကြောင့်...သောတာပန်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်တွေဟာကွာ... သူ့တို့ဘာဖြစ်တယ်ဆိုတာကို..သိနိုင်တဲ့ မှန်တစ်ချပ်ဆီရထားပြီးသားပါကွာ... #ဘယ်သူမှမပြောလည်း...သိကြပါတယ်ကွာလို့... ဟောကြားတော်မူခဲ့ပါတယ်..... ... .. 🔜ဒါ့ကြောင့်...ဓမ္မမိတ်တွေများအားလုံး... မိမိဖာသာ..ဘာဖြစ်ပြီဆိုသည်ကိုဆုံးဖြတ်ချက် ချနိုင်သည်အထိ... မိမိကိုယ်ကို အပါယ်လေးဘုံမှ ထာဝရ ကျွတ်လွတ်ပြီ ဆိုသည်ကို မိမိညာဏ်တွင် အလိုလိုထင်မြင်လာပြီး #နိဗ္ဗာန်ဆိုသည်မှာ ဘာလဲဟု မည်သူ့ကိုမှ...မေးမြန်းစရာမလိုသည့်အထိ... ၀ိပဿနာအလုပ်ကိုကြိုးကြိုးစားစား..အားထုတ်ကြပါဟု.. တိုက်တွန်း ရေးသား တင်ပြ အပ်ပါသည်။ #ရတနာသုံးပါးကိုထာဝရဦးထိပ်ထားလျှက် . .သာယာချမ်းမြေ့ကြပါစေ . Cr# သစ္စာနီ


via အလင်းရောင် ဓမ္မ https://ift.tt/2MplhSQ