အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, December 27, 2019
"နောက်ဘဝအဆက်ဆက်မှာ မြင့်သွားမယ့် ပုဂ္ဂိုလ်တွေ ဖြစ်ချင်ရင် မှန်မှန်ကန်ကန် ရှာဖွေ စားသောက် နေထိုင်ဘို့ အရေးကြီးလှပါတယ်။'' လောကကြီးက ဘယ်လိုပဲ ကမောက်ကမ ဖြစ်စေကာမူ၊ မဟုတ်တာလုပ်လို့ ကြီးပွားတဲ့ပုဂ္ဂိုလ်က တစ်ခဏမျှသာ ဖြစ်ပြီးတော့ မှန်မှန်ကန်ကန် ကြီးပွားဖို့အတွက် ရုန်းကန်နေရတဲ့ ပုဂ္ဂိုလ်ဟာ ရုန်းကန်နေရသော်လည်းပဲ ဒုက္ခပင်လယ်ဝေစေတတ်တဲ့ “အကုသိုလ်တွေ” သူ့မှာ မရှိဘူး။ မရှိသည့်အတွက်ကြောင့် သူခံရတဲ့ဒုက္ခဟာ တစ်ခဏမျှသာ ဖြစ်တယ်။ တစ်ခဏအနေအားဖြင့် ကြည့်မယ် ဆိုရင်တော့ခဲခဲယဉ်းယဉ်း အသက်မွေးရလို့ ဒီဘဝမှာနိမ့်ကျသယောင်ယောင် ရှိသော်လည်းပဲ “နောင်ဘဝအဆက်ဆက်မှာ မြင့်သွားမယ့်ပုဂ္ဂိုလ်တွေ” ပါ။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ မေတ္တာဖြင့် ThitsarOo မျှဝေပါသည် 🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/34WoyPN
Newer Post
Older Post
Home