အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, December 24, 2019
"တွယ်တာမှုကြောင့် ဒုက္ခဆိုတာကြီးကို မေ့ထားနိုင်ကြတယ်" ----------------------------------- လောကလူသားတွေဟာ သံသရာထဲမှာပျော်နေကြတယ်.. အခက်ခဲလေးကြုံ ဒုက္ခလေးကြုံလာရင် ငိုလိုက်တယ်..မျက်ရည်လေးကျလိုက်တယ်.. ဟော ပြီးတဲ့အခါကျတော့ ရယ်မြဲရယ်တယ်..မောမြဲမောနေတယ်.. နာရေးနဲ့တွေ့တဲ့အခါ မျက်ရည်လေး ပေါက်ပေါက် ပေါက်ပေါက်နဲ့ နောက်တစ်ရက်သွားကြည့် ပြုံးနေပြီ ရယ်နေပြီ.. လေးငါးရက်ဆို ရယ်နေကြပြီ..နော် အဲတော့ ပြန်ပြီးရယ်နိုင်သေးတာပဲ.. မရယ်နိုင်တော့ဘူးဆိုတာ တစ်ခါမှမရှိဘူး..ရယ်အုံးမှာပဲ.. အဲ့တော့ ဒုက္ခဆိုတာကို မေ့ထားနိုင်ကြတယ်ပေါ့.. ဘာဖြစ်လို့မေ့ထားနိုင်သလဲဆိုရင် တွယ်တာမှုတွေက လွှမ်းမိုးကြီးစိုးထားတယ်လေ.. အဲ့ဒီလွှမ်းမိုးကြီးစိုးထားတဲ့ တွယ်တာမှုတွေရဲ့ အောက်မှာ လူတွေဟာ အပြုံးမပျက် ကျောကော့ပြီး ဒုက္ခဟူသမျှကို ရင်ဆိုင်နေကြရတာပဲ.. အဲ့ဒီဒုက္ခ ဘယ်တော့ဆုံးမှာလဲ?လို့ဆိုရင် ဘယ်တော့မှ မဆုံးဘူး.. အဲ့ဒီဘယ်တော့မှမဆုံးတဲ့ ဒုက္ခကြီးကိုပဲ လူတွေက ကျေနပ်နေသကဲ့သို့ရှိတယ်.. ဒါကြောင့်မို့ ဒီခန္ဓာငါးပါး ရုပ်နာမ်တရားတွေရဲ့ မမြဲတဲ့သဘောတွေ ဆင်းရဲတဲ့သဘောတွေကို မြင်အောင်ကြည့်ကြရမယ်.. ကိုယ်မပိုင်တဲ့သဘောတွေ နောက်ဆုံးမှာ ပျက်စီးဆုံးရှုံးသွားတဲ့သဘောတွေကို အကြိမ်ကြိမ်အထပ်ထပ် ကြံစည်သုံးသပ်ပြီးတော့ "တွယ်တာမှု"ကို လျှော့ချနိုင်သမျှ လျှော့ချပြီး နောက်ဆုံးမှာ ဖယ်ရှားပစ်နိုင်အောင်ထိလုပ်ရမယ်.. အဲဒီလို ဖယ်ရှားနိုင်မှသာလျှင် ဆင်းရဲဒုက္ခက အမြန်ဆုံးလွတ်မြောက်နိုင်မှာဖြစ်တယ်.. 🌷ပါချုပ်ဆရာတော်ကြီး🌷 Thank: ohmarshin
via အလင်းရောင် ဓမ္မ https://ift.tt/34RXZeK
Newer Post
Older Post
Home