အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, December 26, 2019
အနိမ့်အမြင့်နိယာမ 🙏🙏🙏🙏🙏 အထက်ကိုမော်ကြည်းပြီး စိတ်မပျက်နဲ့ စိတ်ပျက်ရုံနဲ့ ဘဝကမြင့်မလာဘူး ကိုယ့်အောက်နိမ့်ကျနေသူတွေ ဒုနဲ့ဒေးရှိနေတယ်ဆိုတာသတိရ ကိုယ်အစွမ်းရှိသလောက်အားထုတ် ထိုက်သင့်သလောက်အောင်မြင်ရင် သန္တုဋ္ဌီမင်္ဂလာကိုနှလုံးသွင်းဖြေသိမ့်ပါ အောက်ကိုငုံ့ကြည့်ပီး မာန်မတက်နဲ့ မာန်တက်ရုံနဲ့ အထင်ကြီးမခံရဘူး ကိုယ့်ထက်မြင့်နေတဲ့သူတွေ ဒုနဲ့ဒေးရှိနေတယ်ဆိုတာသတိရ ရှေ့ဆက်ပြီးကြိုးစားအားထုတ် ပိုလာရင် လိုတဲ့နေရာလှူဒါန်းပေးကမ်း အထက်ကိုပဲမော်ကြည့်နေသမျှ ဘယ်တော့မှ စိတ်မချမ်းသာဘူး အောက်ကိုပဲငုံကြည့်နေသမျှ ဘယ်တော့မှ မတိုးတက်ဘူး အထက်အောက်မျှကြည့်တတ်ရမယ် ကိုယ့်ကမြင့်နေလို့ နိမ့်နေသူကို မနှိမ်လေနဲ့ အမြင့်ရောက်လေ ပြုတ်မကျအောင်ဂရုစိုက်ဖို့ ပိုပြီးလိုအပ်တယ်ဆိုတာအမြဲသတိရပါ.... ကိုယ်ကနိမ့်နေလို့ မြင့်နေသူကို မနာလိုမဖြစ်နဲ့ သူလိုမြင့်အောင် သူလိုကြိုးစားအားထုတ်ရမယ် ကံ-ဉာဏ်-ဝီရိယကို အစွမ်းကုန်အသုံးချရမယ် ဘဝကို ဘယ်တော့မှ ပုံသေမတွက်နဲ့ လူဆိုတာ မမြင်နိုင်တဲ့ကံကိုထမ်းလာတာ အသက်ရှင်စဉ်မှာ ဘာမဆိုဖြစ်သွားနိုင်တယ် ဖြစ်လာသမျှကို လက်ခံတတ်အောင် စိတ်ကိုကြိုတင်လေ့ကျင့်ထားရမယ် ဒါမှသာ အနိမ့်အမြင့်လောကဓံကြားမှာ စိတ်အေးချမ်းသာစွာဘဝခရီးဆက်နိုင်မယ် ဒေါက်တာအရှင်ကုမုဒ(ဗောဓိတထောင်) 🌹☘🍀☘🍀☘🍀☘🍀☘🍀🌹 🐯KAK🐯မျှဝေပူဇော်ပါသည်။🙏🌷🙏
via အလင်းရောင် ဓမ္မ https://ift.tt/350R2b7
Newer Post
Older Post
Home