အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, December 28, 2019
ဒီတကြိမ်ပဲရမယ် 🙏🙏🙏🙏🙏 အခုဘဝဆင်းရဲနေကြလို့ ဝမ်းနည်းမနေနဲ့ သံသရာကမကျွတ်ခဲ့သေးဘူးဆိုရင် နောင်လာမဲ့ဘဝတွေမှာ ဘုရင်တွေ စင်္ကြာဝတေးမင်းတွေ သူဋ္ဌေးကြီးတွေ ရဲ့ ဘဝတွေ မရေမတွတ်နိ ုင်အောင်ရရှိကြလိမ့်ဦးမယ်။ ချမ်းသာနေတဲ့သူတွေ အဆင်ပြေနေကြတဲ့ သူတွေကလည်း ဝမ်းသာ ကျေနပ်မနေကြနဲ့ သံသရာကအရှည်ကြီးမို့ နောင်ဘဝတွေ မှာ ဆင်းရဲသားဖြစ်ဖို့ ကုန်းကောက်စရာ မရှိအောင် မွဲဖို့ အတိက်က ပြုလုပ်ခဲ့တဲ့ မကောင်းမှု့ ကံတွေက စောင့်နေလေရဲ့... ဆင်းရဲသားပဲဖြစ်ဖြစ် သူဋ္ဌေးကြီးပဲဖြစ်ဖြစ် … သံသရာက ကျွတ်ဖို့အခွင့်အရေးကတော့ သာသနာနဲ့ကြုံနေရတဲ့ ခုလိုအချိန်မျိုးမှာပဲ ပါရမီဖြည့်ဆည်းလို့ရမယ် ်လူတိုင်းမှာ လူ့ခေါင်းနဲ့လူ့ခန္ဓာကိုယ် ရဖို့က လူ့ဘဝ တစ်ဘဝပဲရှိတယ်။ ကျန်တဲ့အချိန်တွေက တိရစ္ဆာန်ခေါင်းနဲ့တိရစ္ဆာန်ခန္ဓာကိုယ်ပဲ တပ်နေရတာ များတယ်။ သာသနာပ ကာလမှာ ကျင်လည်ရတာက မျြာ့းပီး သာသနာနဲ့ကြုံတဲ့အချိန်က ခဏမှခဏလေး ဒါ့ကြောင့် ဗုဒ္ဓက … _" ဒီခဏလေးကို လွန်သွားလို့့ရှိရင်တော့ သောကပရိဒေဝနဲ့သာ နေဖို့့ပြင်ထား ကြပေတော့..."လို့ ဆုံးမခဲ့တယ်။ လူ့စည်းစိမ် နတ်စည်းစိမ်တွေကတော့ မလိုချင်လည်း ရနေဦးမှာဖြစ်ပေမဲ့ … သံသရာကကျွတ်ဖို့ ပါရမီဖြည့်ဖို့ကတော့ … #ဒီတကြိမ်ပဲရမယ် လူ့တစ်ဘဝ မျက်တောင်တဆုံးထက်.… သံသရာ မျက်စိတဆုံးကို မြင်အောင်ကြည့်ကြပါ။ ဓမ္မမိတ်ဆွေများကျမ္မာချမ်းသာလို့ မြင်အောင်ကြည့်နိ ုင်ကြပါစေ,.... စေတနာများစွာဖြင့် ချစ်ငယ်☔☔ ဦးမြင့်ခိုင် ##Crd::
via အလင်းရောင် ဓမ္မ https://ift.tt/350GnNW
Newer Post
Older Post
Home