အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, December 28, 2019
သောကပရိဒေဝ လွန်မြောက်ရေး 🙏🙏🙏🙏🙏🙏🙏🙏🙏 >> အဲဒီလို လျှောက်လှမ်းတဲ့အခါမှာ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်တုန်း။ လောကလူတွေ အနေနဲ့ နေ့စဉ်ဘဝကို စဉ်းစားကြည့်ရင် လူတွေရဲ့ နှလုံးသားဟာ ပူလောင်မှုတွေနဲ့ ရောထွေးနေတယ်။ စိတ်နှလုံး အေးချမ်းသက်သာမှု ဆိုတာ အနည်းငယ်လေးလောက်သာ ရကြတယ်။ ထာဝရအငြိမ်းဓာတ် ဆိုတာ မရနိုင်ကြဘူး။ လောကလူတွေဟာ ပူမှုတွေနဲ့ နေကြရတယ်။ >> စိတ်နှလုံး ပူလောင်မှုဆိုတာ ဘယ်လိုအခြေအနေမှာ ခံစားရတုန်းဆိုရင် မိမိနဲ့သက်ဆိုင်တဲ့ ဆွေတွေမျိုးတွေ ပျက်စီးသွားတာနဲ့ ကြုံတွေ့ရင် သ်ို့မဟုတ် ပျက်စီးတော့မယ့် အနေအထားနဲ့ ကြုံရင် စိတ်ပူရတယ်။ သောကဖြစ်ရတယ်။ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ပျက်စီးမှုနဲ့ကြုံရင် စိတ်ပူရတယ်။ မိမိကိုယ်တိုင် ရောဂါဝေဒနာရရင် စိတ်ပူရတယ်။ >> ဆိုလိုတာက ဗျသနတရားလို့ ခေါ်တဲ့ ပျက်စီးမှုတွေနဲ့ ကြုံတွေ့တိုင်း ကြုံတွေ့တိုင်း လောကလူတွေဟာ သောကဆိုတဲ့ ရင်တွင်းပူလောင်မှုတွေကို ခံစားကြရတယ်။ သောကကို မခံစားဖူးတဲ့ လူဆိုတာ မြန်မာနိုင်ငံမှာလည်းမရှိဘူး တခြား နိုင်ငံတွေမှာလည်း မရှိဘူး။ သာမန်ပုထုဇဉ် ပုဂ္ဂိုလ်တိုင်းရဲ့ စိတ်ထဲမှာ တစ်စုံတစ်ရာ ဒုက္ခနဲ့ကြုံတိုင်း ဟောဒီ သောက စိုးရိမ်ပူဆွေးခြင်း ဆိုတာ ဖြစ်လာတယ်။ >> အဲဒီ စိတ်နှလုံးပူလောင်မှု ဆိုတဲ့ သောကကို လွန်မြောက်ချင်သလားလို့ မေးရင် အားလုံးဟာ လွန်မြောက်ချင်ကြတယ်။ မြတ်စွာဘုရားက အဲဒီ သောကကို လွန်မြောက်ချင်ရင် ဟောဒီ လမ်းကြောင်းကပဲ လျှောက်လို့ ပြောတာ။ အဲဒီတော့ မလျှောက်ဘူးဆိုတဲ့ ပုဂ္ဂိုလ်ဟာ သောကကို မလွန်မြောက်ချင်တဲ့ ပုဂ္ဂိုလ်လို့ ပြောလို့ မရဘူးလား။ ရတယ်နော်။ သောကကို လွန်မြောက်ချင်သပဆိုရင် ဒီလမ်းက လျှောက်ရမယ်။ ဒီလမ်းက မလျှောက်ရင် သောက လွန်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ဒီလိုဆိုလိုတာ >> လူတွေမှာ သောကဖြစ်ရင် ဖြစ်တဲ့နေရာမှာတင် ရပ်သွားသလားဆိုတော့ မရပ်ဘူး။ ထိန်းမရ သိမ်းမရ ဖြစ်လာတဲ့အခါ မျက်ရည်ပေါက် တွေမကျကြဘူးလား။ အဲဒါကို ပရိဒေဝလို့ ခေါ်တယ်။ စိတ်နှလုံး ပူလောင်မှုတွေ ပြင်းပြလာတဲ့အခါမှာ မျက်လုံးက မျက်ရည်တွေ ထွက်လာပြီး သာမန်အချိန်မှာ မဖြစ်ပေါ်တဲ့ အသံတစ်မျိုးကြီးနဲ့ င်ိုရတယ်ဆိုတာ ပေါ်လာခဲ့တယ်။ အဲဒီ ငိုကြွေးရခြင်းဆ်ိုတဲ့ ပရိဒေဝက လွန်မြောက်ချင်ရင် ဒီ လမ်းကြောင်းကပဲ လျှောက်ရမယ်။ ဒီ လမ်းကြောင်းက မလျှောက်ရင် င်ိုကြွေးရခြင်းဆိုတဲ့ ဆင်းရဲဒုက္ခတွေက မလွန်မြောက်နိုင်ဘူးတဲ့။ # ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ၏ ဝိပဿနာရှုဖွယ် တောလေးဆယ် တရားတော်မှ # Ch# Ksdw
via အလင်းရောင် ဓမ္မ https://ift.tt/2tcXui1
Newer Post
Older Post
Home