အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, December 26, 2019
မေတ္တသုတ် ရွတ်ဖတ်ရခြင်း အကျိုး/မြန်မာပြန် 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ရှိသူတို့မှာ အခြောက်အလှန့်မခံရခြင်း၊ အနာရောဂါကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊ လူနတ်အများချစ်ခင်ခြင်း၊ အဆိပ် လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှစ၍ ဗြဟ္မာ့ဘုံရောက်သည်အထိ အကျိုးပေးနိုင်စွမ်း ရှိလေသည်။ ၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။ ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိ္တန္ဒိဝ' မတန္ဒိတော။ မေတ္တသုတ်တော် မြန်မာပြန် ၁။ မေတ္တာသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့ သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဉ့်အခါ၌ လည်းကောင်း၊ နေ့အခါ၌ လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်။ ၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမဟေ။ ၂။ ချမ်းသာစွာအိပ်ရ၏၊ အိပ်သော်လည်း မကောင်းသော အိပ်မက်ကို တစိုးတစိ မျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တာသုတ် ပရိတ်တော်ကို အို- သူတော်ကောင်းတို့ ငါတို့ရွတ်ဖတ်ကြပါကုန်စို့။ ၃။ ကရဏီယ' မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သူဝစော စဿ မုဒု အနတိမာနီ။ ၃။ လောကီလောကုတ္တရာ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်အေး ချမ်းသော နိဗ္ဗာန်ကို အာရုံပြု၍ ဤဆိုလတ္တံ့သော သူတော်ကောင်းနည်းလမ်းကို ကျင့်ကြံ အားထုတ် ပြုလုပ်အပ်၏၊ ကိုယ်နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏၊ ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏၊ စိတ် သဘောထား ကောင်းစွာ ဖြောင့်မတ်ရာ၏၊ ဆိုဆုံးမလွယ်ရာ၏၊ နူးညံ့သိမ်မွေ့ရာ ၏၊ သူတစ်ပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။ ၄။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိနြ္ဒိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ' နနုဂိဒ္ဓေါ။ ၄။ ရောင့်ရဲလွယ်ရာ၏၊ မွေးမြူလွယ်ရာ၏၊ နည်းပါးသော အမှုကိစ္စရှိရာ၏၊ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏၊ ငြိမ်သက်သော ဣနြေ္ဒရှိရာ၏၊ အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဉာဏ်ပညာရှိရာ၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ရုန့်ရင်း ကြမ်းတမ်းမှု မရှိရာ၊ ဒါယကာတို့၌ တွယ်တာမက်မောမှုမရှိရ။ ၅။ န စ ခုဒ္ဒ' မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။ သုခိနော ဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ ၅။ ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော တစုံတစ်ခုသော မကောင်းမှုကို အနည်း ငယ်မျှသော်လည်း မပြုမလုပ်ရာ၊ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်၏ချမ်း သာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ ကုန် သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သတည်း။ ၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာ ဝ' နဝသေသာ။ ဒီဃာ ဝါ ယေ ဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။ ၆။ အကြွင်းမရှိ အလုံးစုံ ထွက်သက် ဝင်သက်ရှိသော သတ္တဝါ၊ ထင်ရှားရှိသော သတ္တဝါ၊ ထိတ်လန့် တတ်သော သတ္တဝါ၊ တည်ကြည်ငြိမ်သက်သော၊ သတ္တဝါ၊ ရှည်သော သတ္တဝါ၊ တိုသော သတ္တဝါ၊ ပုကွသော သတ္တဝါ၊ မတိုမရှည်သော သတ္တဝါ၊ ကြီးသော သတ္တဝါ၊ ငယ်သော သတ္တဝါ၊ မကြီးမငယ်သော သတ္တဝါ၊ ဆူသော သတ္တဝါ၊ ကြုံသော သတ္တဝါ၊ မဆူမကြုံသော သတ္တဝါ။ ၇။ ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ၊ ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာ ဝ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ ၇။ မျက်စိဖြင့် မြင်ကောင်းသော သတ္တဝါ၊ မျက်စိဖြင့် မမြင်ကောင်းသော သတ္တဝါ၊ အဝေး၌နေသော သတ္တဝါ၊ အနီး၌နေသော သတ္တဝါ၊ ထင်ရှားဖြစ်ပေါ်ပြီးသော သတ္တဝါ၊ ဖြစ်ဆဲတည်နေသော သတ္တဝါ၊ ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။ ၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။ ၈။ တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အမှုကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ဝစီကံဖြင့် လည်းကောင်း၊ ခိုက်ရန်မျက်ပွား အငြိုးထားသောစိတ်ဖြင့် လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။ ၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။ ၉။ အမိသည် မိမိရင်သွေးဖြစ်သော တစ်ယောက်တည်းသော သားငယ်ကို အသက်အတွက်ကြောင့် အဖန်တလဲလဲ စောင့်ရှောက်သကဲ့သို့ ဤနည်းအတူ သာလျှင် ခပ်သိမ်းသော သတ္တဝါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏။ ၁ဝ။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။ ၁ဝ။ ကာမဘဝတည်းဟူသော အောက်လောက၌ လည်းကောင်း၊ ရူပဘဝတည်း ဟူသော အလယ်လောက၌ လည်းကောင်း၊ အရူပဘဝတည်းဟူသော အထက် လောက၌ လည်းကောင်း၊ ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်း မြောင်းခြင်းလည်းမရှိ ကိုယ်တွင်းဘေးရန် လည်းမရှိ အပဘေးရန်လည်းမရှိ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။ ၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာ'ဿ ဝိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ'မေတံ ဝိဟာရ' မိဓ' မာဟု။ ၁၁။ ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော် လည်းကောင်း၊ ထိုင် နေစဉ်သော် လည်းကောင်း၊ လဲလျောင်းနေစဉ်သော် လည်းကောင်း၊ မအိပ် မငိုက်သမျှ ကာလပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့် ယှဉ်၍ နေထိုင်ခြင်းကို ''မြတ်သောနေထိုင်ခြင်း'' ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူ ကုန်၏။ ၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနေယျ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။ မေတ္တသုတ္တံ နိဋ္ဌိတံ။ ၁၂။ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက် ပြန် မိစ္ဆာဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည် ဖြစ်၍ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံပြီးလျှင် ဝတ္ထုကာမ ကိလေသာကာမတို့၌ တပ်မက်မောခြင်း ကင်းသောကြောင့် နောက်တဖန် အမိဝမ်းတွင်း ပဋိသန္ဓေ နေခြင်း သို့ ဧကန်မရောက်တော့ပြီ။ မေတ္တသုတ်တော် မြန်မာပြန်ပြီး၏။ . {ပဋ္ဌာန်းပူဇော်ကြသူများ} . https://ift.tt/30yjhw5 https://ift.tt/2vV1p2i ════════════════════════ ေမတၱသုတ္ ႐ြတ္ဖတ္ရျခင္း အက်ိဳး/ျမန္မာျပန္ ════════════════════════ ေမတၱသုတ္ကို အၿမဲမျပတ္ ႐ြတ္ဖတ္ေလ့ရွိသူတို႔မွာ အေျခာက္အလွန့္မခံရျခင္း၊ အနာေရာဂါကင္းျခင္း၊ အိပ္မက္ဆိုး နိမိတ္ဆိုး အတိတ္ဆိုးမ်ား မေတြ႕ႀကဳံရျခင္း၊ လူနတ္အမ်ားခ်စ္ခင္ျခင္း၊ အဆိပ္ လက္နက္ မစူးရွျခင္း၊ ႐ူးသြပ္ေသာ ေဝဒနာ ကင္းျခင္းမွစ၍ ျဗဟၼာ့ဘုံေရာက္သည္အထိ အက်ိဳးေပးနိုင္စြမ္း ရွိေလသည္။ ၁။ ယႆာႏုဘာဝေတာ ယကၡာ၊ ေနဝ ေဒႆႏၱိ ဘီသနံ။ ယဥွိ ေစဝါႏုယုၪၨႏၱော၊ ရတၱိၱႏၵိဝ' မတႏၵိေတာ။ ေမတၱသုတ္ေတာ္ ျမန္မာျပန္ ၁။ ေမတၱာသုတ္ပရိတ္ေတာ္၏ တန္ခိုးရွိန္ေစာ္အာႏုေဘာ္ေၾကာင့္ ဘီလူးၾကမ္းတို႔ သည္ ေၾကာက္မက္ဖြယ္ေသာ အဆင္း အသံ အစရွိေသာ အာ႐ုံတို႔ကို မျပဝံ့ မေျခာက္ဝံ့ၾကေလကုန္၊ ေမတၱာသုတ္ပရိတ္ေတာ္ကို ညဥ့္အခါ၌ လည္းေကာင္း၊ ေန႕အခါ၌ လည္းေကာင္း၊ မပ်င္းမရိ လုံ႕လျပဳ၍ ႐ြတ္ဖတ္ေသာသူသည္။ ၂။ သုခံ သုပတိ သုေတၱာ စ၊ ပါပံ ကိၪၥိ န ပႆတိ။ ဧဝမာဒိ ဂုဏူေပတံ၊ ပရိတၱံ တံ ဘဏာမေဟ။ ၂။ ခ်မ္းသာစြာအိပ္ရ၏၊ အိပ္ေသာ္လည္း မေကာင္းေသာ အိပ္မက္ကို တစိုးတစိ မွ် မျမင္မက္၊ ဤသို႔ အစရွိေသာ ဂုဏ္ေက်းဇူးအေပါင္းႏွင့္ ျပည့္စုံေသာ ေမတၱာသုတ္ ပရိတ္ေတာ္ကို အို- သူေတာ္ေကာင္းတို႔ ငါတို႔႐ြတ္ဖတ္ၾကပါကုန္စို႔။ ၃။ ကရဏီယ' မတၳကုသေလန၊ ယႏၱ သႏၱံ ပဒံ အဘိသေမစၥ။ သေကၠာ ဥဇူ စ သုဟုဇူ စ၊ သူဝေစာ စႆ မုဒု အနတိမာနီ။ ၃။ ေလာကီေလာကုတၱရာ အက်ိဳးစီးပြား၌ လိမၼာေသာသူသည္ ၿငိမ္သက္ေအး ခ်မ္းေသာ နိဗၺာန္ကို အာ႐ုံျပဳ၍ ဤဆိုလတၱံ့ေသာ သူေတာ္ေကာင္းနည္းလမ္းကို က်င့္ႀကံ အားထုတ္ ျပဳလုပ္အပ္၏၊ ကိုယ္ႏွင့္အသက္တို႔ကို မငဲ့ကြက္ မညွာတာ ျပဳလုပ္ျခင္းငွာ စြမ္းနိုင္ရာ၏၊ ကိုယ္ႏႈတ္ႏွစ္ပါး ရိုးသားေျဖာင့္မတ္ရာ၏၊ စိတ္ သေဘာထား ေကာင္းစြာ ေျဖာင့္မတ္ရာ၏၊ ဆိုဆုံးမလြယ္ရာ၏၊ ႏူးညံ့သိမ္ေမြ႕ရာ ၏၊ သူတစ္ပါးအေပၚ ေထာင္လႊားေသာ မာန္မာနမရွိရာ။ ၄။ သႏၱဳႆေကာ စ သုဘေရာ စ၊ အပၸကိေစၥာ စ သလႅဟုကဝုတၱိ။ သႏၱိျနၵိေယာ စ နိပေကာ စ၊ အပၸဂေဗၻာ ကုေလသြ' နႏုဂိေဒၶါ။ ၄။ ေရာင့္ရဲလြယ္ရာ၏၊ ေမြးျမဴလြယ္ရာ၏၊ နည္းပါးေသာ အမႈကိစၥရွိရာ၏၊ ေပါ့ပါးေသာ အသက္ေမြးျခင္း ရွိရာ၏၊ ၿငိမ္သက္ေသာ ဣေျနၵရွိရာ၏၊ အရာရာ၌ ခြဲျခမ္းစိတ္ျဖာ ရဲရင့္ေသာ ဉာဏ္ပညာရွိရာ၏၊ ကိုယ္ႏႈတ္ႏွလုံး သုံးပါးလုံး ႐ုန့္ရင္း ၾကမ္းတမ္းမႈ မရွိရာ၊ ဒါယကာတို႔၌ တြယ္တာမက္ေမာမႈမရွိရ။ ၅။ န စ ခုဒၵ' မာစေရ ကိၪၥိ၊ ေယန ဝိၫူ ပေရ ဥပဝေဒယ်ဳံ။ သုခိေနာ ဝ ေခမိေနာ ေဟာႏၱဳ၊ သဗၺသတၱာ ဘဝႏၱဳ သုခိတတၱာ။ ၅။ ပညာရွိတို႔ ကဲ့ရဲ႕ရႈတ္ခ်အပ္ေသာ တစုံတစ္ခုေသာ မေကာင္းမႈကို အနည္း ငယ္မွ်ေသာ္လည္း မျပဳမလုပ္ရာ၊ ခပ္သိမ္းေသာ သတၱဝါတို႔သည္ ကိုယ္၏ခ်မ္း သာျခင္းႏွင့္ ျပည့္စုံၾကပါေစကုန္သတည္း၊ စိတ္ခ်မ္းသာျခင္းႏွင့္ ျပည့္စုံၾကပါေစ ကုန္ သတည္း၊ ေဘးရန္ ဥပဒၵေဝါ မရွိၾကပါေစကုန္သတည္း။ ၆။ ေယ ေကစိ ပါဏဘူတတၳိ၊ တသာ ဝါ ထာဝရာ ဝ' နဝေသသာ။ ဒီဃာ ဝါ ေယ ဝ မဟႏၱာ၊ မဇၩိမာ ရႆကာ အဏုကထူလာ။ ၆။ အႂကြင္းမရွိ အလုံးစုံ ထြက္သက္ ဝင္သက္ရွိေသာ သတၱဝါ၊ ထင္ရွားရွိေသာ သတၱဝါ၊ ထိတ္လန့္ တတ္ေသာ သတၱဝါ၊ တည္ၾကည္ၿငိမ္သက္ေသာ၊ သတၱဝါ၊ ရွည္ေသာ သတၱဝါ၊ တိုေသာ သတၱဝါ၊ ပုကြေသာ သတၱဝါ၊ မတိုမရွည္ေသာ သတၱဝါ၊ ႀကီးေသာ သတၱဝါ၊ ငယ္ေသာ သတၱဝါ၊ မႀကီးမငယ္ေသာ သတၱဝါ၊ ဆူေသာ သတၱဝါ၊ ႀကဳံေသာ သတၱဝါ၊ မဆူမႀကဳံေသာ သတၱဝါ။ ၇။ ဒိ႒ာ ဝါ ေယ ဝ အဒိ႒ာ၊ ေယ ဝ ဒူေရ ဝသႏၱိ အဝိဒူေရ။ ဘူတာ ဝ သမၻေဝသီ ဝ၊ သဗၺသတၱာ ဘဝႏၱဳ သုခိတတၱာ။ ၇။ မ်က္စိျဖင့္ ျမင္ေကာင္းေသာ သတၱဝါ၊ မ်က္စိျဖင့္ မျမင္ေကာင္းေသာ သတၱဝါ၊ အေဝး၌ေနေသာ သတၱဝါ၊ အနီး၌ေနေသာ သတၱဝါ၊ ထင္ရွားျဖစ္ေပၚၿပီးေသာ သတၱဝါ၊ ျဖစ္ဆဲတည္ေနေသာ သတၱဝါ၊ ဤအလုံးစုံေသာ သတၱဝါတို႔သည္ ကိုယ္စိတ္ႏွစ္ျဖာ ခ်မ္းသာျခင္း ရွိၾကပါေစကုန္သတည္း။ ၈။ န ပေရာ ပရံ နိကုေဗၺထ၊ နာတိမေညထ ကတၳစိ န ကၪၥိ။ ဗ်ာေရာသနာ ပဋိဃသည၊ နာညမညႆ ဒုကၡမိစ္ေဆယ်။ ၈။ တစ္ေယာက္ေသာသူက တစ္ေယာက္ေသာသူကို အမ်က္မထြက္ပါေစလင့္၊ တစ္စုံတစ္ခုေသာ အမႈကိစၥ၌ တစ္ေယာက္ေသာသူက တစ္ေယာက္ေသာသူကို ညွဥ္းဆဲခ်ဳပ္ခ်ယ္ေသာ ကာယကံ ဝစီကံျဖင့္ လည္းေကာင္း၊ ခိုက္ရန္မ်က္ပြား အၿငိဳးထားေသာစိတ္ျဖင့္ လည္းေကာင္း၊ အနည္းငယ္မွ်ေသာ္မွ မထီမဲ့ျမင္ မေအာက္ေမ့ပါေစလင့္၊ အခ်င္းခ်င္း၏ ဆင္းရဲဒုကၡကို အလိုမရွိပါေစလင့္။ ၉။ မာတာ ယထာ နိယံပုတၱ၊ မာယုသာ ဧကပုတၱ မႏုရေကၡ။ ဧဝမၸိ သဗၺဘူေတသု၊ မာနသံ ဘာဝေယ အပရိမာဏံ။ ၉။ အမိသည္ မိမိရင္ေသြးျဖစ္ေသာ တစ္ေယာက္တည္းေသာ သားငယ္ကို အသက္အတြက္ေၾကာင့္ အဖန္တလဲလဲ ေစာင့္ေရွာက္သကဲ့သို႔ ဤနည္းအတူ သာလွ်င္ ခပ္သိမ္းေသာ သတၱဝါတို႔၌ အတိုင္းအရွည္မရွိေသာ ေမတၱာစိတ္ကို ပြားေစရာ၏။ ၁ဝ။ ေမတၱၪၥ သဗၺေလာကသၼိ၊ မာနသံ ဘာဝေယ အပရိမာဏံ။ ဥဒၶံ အေဓာ စ တိရိယၪၥ၊ အသမၺာဓံ အေဝရ မသပတၱံ။ ၁ဝ။ ကာမဘဝတည္းဟူေသာ ေအာက္ေလာက၌ လည္းေကာင္း၊ ႐ူပဘဝတည္း ဟူေသာ အလယ္ေလာက၌ လည္းေကာင္း၊ အ႐ူပဘဝတည္းဟူေသာ အထက္ ေလာက၌ လည္းေကာင္း၊ ဤေလာကသုံးပါးတို႔၌ ပိုင္းျခားလြတ္ကင္း က်ဥ္း ေျမာင္းျခင္းလည္းမရွိ ကိုယ္တြင္းေဘးရန္ လည္းမရွိ အပေဘးရန္လည္းမရွိ အတိုင္းမသိ ခ်စ္ခင္ျမတ္နိုးေသာ ေမတၱာစိတ္ကိုလည္း ပြားေစရာ၏။ ၁၁။ တိ႒ံ စရံ နိသိႏၷော ဝ၊ သယာေနာ ယာဝတာ'ႆ ဝိတမိေဒၶါ။ ဧတံ သတႎ အဓိ႒ေယ်၊ ျဗဟၼ'ေမတံ ဝိဟာရ' မိဓ' မာဟု။ ၁၁။ ရပ္ေနစဥ္ေသာ္လည္းေကာင္း၊ သြားေနစဥ္ေသာ္ လည္းေကာင္း၊ ထိုင္ ေနစဥ္ေသာ္ လည္းေကာင္း၊ လဲေလ်ာင္းေနစဥ္ေသာ္ လည္းေကာင္း၊ မအိပ္ မငိုက္သမွ် ကာလပတ္လုံး သာသနာေတာ္ႀကီး၌ ေမတၱာစိတ္ႏွင့္ ယွဥ္၍ ေနထိုင္ျခင္းကို ''ျမတ္ေသာေနထိုင္ျခင္း'' ဟူ၍ ျမတ္စြာဘုရားတို႔ ေဟာေတာ္မူ ကုန္၏။ ၁၂။ ဒိ႒ိၪၥ အႏုပဂၢမၼ၊ သီလဝါ ဒႆေနန သမၸႏၷော။ ကာေမသု ဝိေနယ် ေဂဓံ၊ န ဟိ ဇာတုဂၢဗၻေသယ် ပုန ေရတိ။ ေမတၱသုတၱံ နိ႒ိတံ။ ၁၂။ ေမတၱာကမၼ႒ာန္းကို စီးျဖန္းအားထုတ္ ျပဳလုပ္ေသာသူသည္ အျမင္ေဖာက္ ျပန္ မိစ္ဆာဉာဏ္သို႔ မကပ္မေရာက္ေသာေၾကာင့္ ေလာကုတၱရာသီလ ရွိသည္ ျဖစ္၍ မဂ္ဉာဏ္အျမင္ႏွင့္ ျပည့္စုံၿပီးလွ်င္ ဝတၳဳကာမ ကိေလသာကာမတို႔၌ တပ္မက္ေမာျခင္း ကင္းေသာေၾကာင့္ ေနာက္တဖန္ အမိဝမ္းတြင္း ပဋိသႏၶေ ေနျခင္း သို႔ ဧကန္မေရာက္ေတာ့ၿပီ။ ေမတၱသုတ္ေတာ္ ျမန္မာျပန္ၿပီး၏။ . {ပ႒ာန္းပူေဇာ္ၾကသူမ်ား} . https://ift.tt/30yjhw5 https://ift.tt/2vV1p2i
via အလင္းေရာင္ ဓမၼ https://ift.tt/37aDATL
Newer Post
Older Post
Home