Monday, December 23, 2019

ဘဝရဲ့ တန်ဖိုးအကြီးဆုံး အလုပ်က အရာအားလုံးရဲ့ အပေါ်မှာ အမှန်သိပြီး အလိုကင်းရေးသာဖြစ်သည်။ ဘဝရဲ့ အကြီးမားဆုံးအလုပ်က မပျက်စီးအောင် ကြိုးစားဖို့ မဟုတ်။ ပျက်စီးချိန်မှာ နားလည်မှုနှင့် ခံနိုင်ရည်ရှိ အောင် ကြိုးစားမှုသာ ဖြစ်သည်။ ဘဝခရီးအတွက် အသိဉာဏ်သည်သာ အကြီးမားဆုံး ခွန်အားဖြစ်တယ်။ အသိဉာဏ်ကို အားကိုးလို့ရတဲ့အဆင့်ထိ ရှာထားရမယ်။ အသိဉာဏ်ကလွဲလို့ တခြားဘာကိုမှ အားမကိုးဘဲနဲ့ နေရမယ်။ အသိဉာဏ်ကလွဲလို့ တခြားအရာတွေကို အားကိုးရာလို့ ထင်တာဟာ အထင်မျှသာဖြစ်တယ်။ ရွှေအတုတွေကို ရွှေအစစ်ထင်ပြီး စုဆောင်းထားသူဟာ အရေးကြုံလာချိန်မှာ ဒုက္ခရောက်ဖို့သာရှိတယ်။ (သစ္စာရွှေစည်) credit-ဇာခြည်သန်းထွန်း U Agga acc မှ


via အလင်းရောင် ဓမ္မ https://ift.tt/34Lb35r