အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, December 24, 2019
🌺တစ်ချို့က ပဋ္ဌာန်းရွတ်တယ်🌺 သိပ်မကြာဘူး ထူးခြားလာတယ်။ တစ်ချို့က နှစ်ပေါက်အောင်ရွတ်တယ်။ မထူးခြားဘူး။ ဘာကွာလည်းမေးရင် အထုံကွာတယ်ပဲ ဖြေကြတယ်။ ဒါပေမယ့် တကယ်လုပ်ရင် တကယ်ဖြစ်ပါတယ်။ ပဋ္ဌာန်းရွတ်ရင် ဘာအရေးကြီးဆုံးလဲ။ အချိန်မှန်ဖို့၊ နေရာမှန်ဖို့ ၊ အသံမှန်ဖို့ကနောက် အရင်ဆုံးမှန်ရမှာ သီလပါ။ ငါးပါးသီလ အကုန်လုံရင် ပဋ္ဌာန်းကို သဒ္ဓါလေးနဲ့ ရွတ်ကြည့် ..... နေချင်းထူးခြားတယ်။ ရေချိုးနံ့သာလိမ်း ရွတ်လည်း ... သီလမှ မစင်ရင် ပုပ်စော်နံမှာပဲ။ ကိုယ်မသိပေမယ့် တရားလာနာတဲ့ သူတော်ကောင်းတွေ သိတယ်။ နောက်တစ်ခု ပဋ္ဌာန်းရွတ်တာ အထုံယူတာပဲ။ ပဋ္ဌာန်း အနက်ဝယ်ဖတ်ကြည့် ဘေးကင်းဖို့ စီးပွားတက်ဖို့ မရေးထားဘူး။ အာရုံ ၆ ပါးနဲ့ ဆိုင်တဲ့ အကြောင်း အကျိုးတရားပဲ။ ဒါကို သူတော်ကောင်းတွေ နာလိုတယ်။ ရွတ်ရင် လာနာတယ်။ သူရင်ထဲက လိုချင်တဲ့ သဒ္ဓါပြည့်လို့ အော်.....သည်လူလည်းလိုတာ ဖြည့်ပေးမှပဲဆိုမှ ဆန္ဒပြည့်တာ။ သိပ်သေချာတာက ပဋ္ဌာန်းရွတ်ရင် လိုချင်စိတ်နည်းနည်း ပေးလိုစိတ်များများ ပြည့်ဝတဲ့ သီလနဲ့ ရွတ်ကြည့်ပါ။ တစ်ပတ်မကြာဘူး။ ကိုယ့်ဘုရားခန်း နံ့သာ မထွန်းပဲ မွှေးလာလိမ့်မယ်။ နောက်တစ်ဆင့်လုပ်ရမှာက ပဋ္ဌာန်း အနက်သိအောင်လုပ် ..... ရသလောက် သတိကပ်ပြီးနေ ..... ဘဝမှာ နေတတ် သေတတ်သွားလိမ့်မယ်။ 🌺 Credit မေတ္တာဖြင့် K.O လေးစားစွာဖြင့်မျှဝေပါသည်။ အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/2EOm7Eu
Newer Post
Older Post
Home