အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, October 5, 2019
" #ဗုဒ္ဓသာသနာနှင့်ရပ်ပြစ်ရှစ်ပါး " ~~~~~~~~~~~~~~~~ ၁။ ငရဲကျနေသူလဲ ငါဘုရားသာသနာနှင့် မတွေ့နိုင်ကြဘူး။ ၂။ တိရစ္ဆာန်ဖြစ်နေသူလဲ ငါဘုရားသာသနာနှင့် မတွေ့နိုင်ဘူး။ ၃။ ပြိတ္တာနှင့် ပြိတ္တာအကြီးစား အသူရကာယ်ဖြစ်နေသူလဲ ငါဘုရားသာသနာနှင့် မတွေ့ကြုံနိုင်ဘူး။ ၄။ အလွန်အသက်ရှည်လွန်းတဲ့ အရူပဗြဟ္မာ, အသညသတ်ဗြဟ္မာဖြစ်နေသူလဲ ငါဘုရားသာသနာနှင့် မတွေ့ကြုံနိုင်ဘူး။ ၅ဗုဒ္ဓသာသနာတော်မထွန်းလင်းတဲ့တိုင်းစွန်ပြည်ဖျားဒေသတွင် တောသားလူရိုင်းကြီးဖြစ်နေသူလဲ ငါဘုရားသာသနာနှင့် မတွေ့နိုင်ဘူး။ ၆။ မြို့ကြီးနိုင်ငံကြီးတွင် လူဖြစ်ရသော်လဲ ဗုဒ္ဓသာသနာတော်ကို မယုံကြည်ပဲ အယူလွဲနေသူဖြစ်နေရင်လဲ ငါဘုရားသာသနာနှင့် မတွေ့ကြုံနိုင်ဘူး။ ၇။ မွေးရာပါအသိဉာဏ် ဆွံ့အသူဖြစ်နေရင်လဲ ငါဘုရားသာသနာနှင့် မတွေ့ကြုံနိုင်ဘူး။ ၈။ ဘုရားမပွင့်တဲ့ကမ္ဘာမှာ လူသားဖြစ်နေသူလဲ ငါဘုရားသာသနာနှင့် မတွေ့ကြုံနိုင်ဘူး - လို့ ဗုဒ္ဓသာသနာနှင့် မတွေ့ကြုံရတဲ့ ခေတ်, အက္ခဏ-ရပ်ပြစ်ရှစ်ပါးကို ဟောကြားတော်မူပါတယ်။ 🔜ယခုပြောခဲ့တဲ့ ရှစ်မျိုးသောခေတ် ခဏ ဘဝတွေဟာ ဘုရားသာသနာနဲ့မတွေ့ရတဲ့၊ တရားထူးမရနိုင်တဲ့ အပြစ်ရှိတဲ့ အရပ်, ခေတ်, ခဏတွေ, ဘဝတွေပဲ။ ဗုဒ္ဓဘာသာမြန်မာတို့ ရွတ်ဆိုရှိခိုးတဲ့ သြကာသဘုရားရှစ်ခိုး ဆုတောင်းခန်းတွင် ပါဝင်တဲ့ `ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်ရပါလို၏´ ဆိုတဲ့ ရပ်ပြစ်ရှစ်ပါးဟာ အဲဒါတွေပါပဲ။ 🔜ဒီရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်မှလဲ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ သာသနာနဲ့တွေ့နိုင်ပါတယ်။ ယခု တရားနာလာကြတဲ့ ဒကာ, ဒကာမတွေဟာ ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်နေကြလို့ ယခု ဘုရားသာသနာ အဆုံးအမတရားနှင့် တွေ့နေကြရပြီ ကြုံနေကြရပြီ။ 🔹ယခုလို ဗုဒ္ဓသာသနာတော်နှင့် ကြုံကြိုက်တဲ့အခါ အိုနာသေဒုက္ခ မရောက်ခင်တွင် အိုနာသေဒုက္ခဆင်းရဲအားလုံး အပြီးသတ်ငြိမ်းပြတ်တဲ့ နိဗ္ဗာနဓာတ်ကို ရစေနိုင်တဲ့ ဒီသတိပဋ္ဌာန် ဝိပဿနာတရားကို ယခုပင် ထိထိရောက်ရောက် ကြိုးစားအားထုတ်ကြပါ။ ညောင်ကန်အေးဆရာတော် (မဟာစည် အရှင်ဣန္ဒက) 🙏🙏🙏🙏🙏🙏🙏 ခေတ္တ-လန်ဒန် 💠သာယာချမ်းမြေ့ကြပါစေ💠 . ✳သစ္စာနီ✳ ###################### #ကောင်းကျိူးလိုရာပြည့်ကြပါစေ
via အလင်းရောင် ဓမ္မ https://ift.tt/333Armt
Newer Post
Older Post
Home