အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, October 4, 2019
လူ့ဘဝ အရ တော်ရဲ့လား <><><><><><><><><> မလ္လိကာ မိဖုရားကြီး { တနေ့ သုံးကြိမ် } ဘုရားကျောင်း သွားပေမယ့် … ဘုရားရှင် ဟောကြားတဲ့ သစ္စာတရား ကိုယ်တိုင် နာကြားရပေမယ့် … ခန္ဓာ ဉာဏ်မရောက်တဲ့အတွက် သေတော့ အပါယ် { ၇ } ရက် ကျရောက်ရတယ် … မဟာတိဿ ရဟန်းဟာ ရဟန်းဘဝ သီလ အကျင့်ကို အနှစ်နှစ်သောင်း ဖြည့်ကျင့်ခဲ့ပေမယ့် … ခန္ဓာဉာဏ် မရောက်ခဲ့တဲ့ အတွက် သေတော့ { နဂါး} ဖြစ်ရတယ် … အခြားဘာသာဝင် မကြည့်ပါနဲ့ဦး ... တို့ ဗုဒ္ဓဘာသာတွေ အများကြီး ပေမယ့် " သစ္စာတရား "ကို မနာကြားနိုင်တာ, မသိတာ အင်မတန်မှ မနည်းဘူးလား ? ကိုယ့် မိသားစု ကိုယ့်အိမ် အနီးအနား ဘေး ၇ အိမ် , ရှေ့ ၇ အိမ် ပဲ ကြည့်ပါ … သစ္စာတရားကို စိတ်ဝင်စားသူ ရှိကြရဲ့လား? မိသားစုတစ်ခု မှာ တောင် မိဘက စိတ်ဝင်စားရင် သားသမီးက စိတ်မဝင်စားဘူး … သားသမီးက စိတ်ဝင်စားရင် မိဘက စိတ်မဝင်စားဘူး...မရှိကြ ဘူးလား ? သစ္စာ - မသိရင်တော့.. ဘုရားဒကာပဲ ဖြစ်ဖြစ် , သိမ်ဒကာပဲ ဖြစ်ဖြစ် , သူဌေးကြီးပဲ ဖြစ်ဖြစ် , ဘုရင်ကြီးပဲ ဖြစ်ဖြစ် { ဂတိ } မမြဲပါဘူး … { ဂတိ - ၅ ပါး တပါးပါးမှာ ကျဉ်လည်ကြရလိမ့်ဦးမယ် } ဒါကြောင့်... သစ္စာတရား သိခွင့်ရနေတဲ့ , နာကြားခွင့်ရနေတဲ့ , နာကြားနိုင်တဲ့ မိမိတို့ { လူ့ဘဝ အ ရ တော် နေ မှန်း } သိပါ … <><><><><><><> " ယုတ်သော / မြတ်သော အသက်ရှင်ခြင်း " <><><><><><><><><><><><><><> လူရယ်လို့ဖြစ်ပြီး နာမ်ရုပ် မသိ , ပညတ် ပရမတ် မသိ , ဖြစ်ပျက် မသိပဲ အသက်တစ်ရာနေသော သူသည် ယုတ်သော အသက်ရှင်ခြင်း ဖြစ်တယ် … လူရယ်လို့ဖြစ်ပြီး နာမ်ရုပ် , ပညတ် ပရမတ် , ဖြစ်ပျက်ကို သိပြီး အသက် တစ်ရက် ရှင်ရခြင်းသည် မြတ်သော အသက်ရှင်ခြင်းဖြစ်တယ် … ခန္ဓာရယ်လို့ရလာတဲ့ { ၃၁ } ဘုံသားတွေဟာ ခန္ဓာရှိခြင်းကြောင့် သေကို သေရတယ် … မသေခင်မှာ သစ္စာသိအောင် အားထုတ်ကြရမယ် … ဒီ ခန္ဓာကြီးဟာ အကြောင်းတိုက်ဆိုင်လာတိုင်း နာတယ် ကျင်တယ် ပူတယ်အေးတယ် အောင့်တယ် စသဖြင့် ဖြစ်ပေါ်တာဟာ ဆင်းရဲတယ် … ဆင်းရဲတဲ့ အတွက်ကြောင့် နှိပ်စက်ပြန်ပြီလို့ ဒီလိုမှတ်ပါ … ဘာကို နှိပ်စက်တာလဲ ဆိုရင် ခန္ဓာကို နှိပ်စက်တာ … ဆစ်ခနဲ့ နာတယ် ကျင်တယ် ဆိုရင် နှိပ်စက်ပြန်ပြီးလို့ သိပါ … ဒီလို နှိပ်စက်တယ် ဆိုတာ ရုပ်ရဲ့ သဘောပဲ … ရုပ်ရဲ့သဘောကိုက ဖေါက်ပြန်တဲ့ သဘောရှိတယ် … ဒါကြောင့် … နာတယ် ကျင်တယ် အောင့်တယ် ပူတယ် အေးတယ် အစရှိ သဖြင့် ခန္ဓာမှာပေါ်လာတိုင်း နှိပ်စက်ပြန်ပြီလို့သိပါ … ဖေါက်ပြန်တာက ရုပ် … ဖေါက်ပြန်မှန်း သိတာက နာမ် … ခန္ဓာ မှာ နာတာ ကျင်တာ ပူတာ အေးတာ ပေါ်တိုင်း နှိပ်စက်ပြန်ပြီလို့သိခြင်းသည် ဓမ္မာနုပဿနာ အားထုတ်နေခြင်းပဲ … ဓမ္မရဲ့ သဘောလေးကို သိနေခြင်းပဲ ဖြစ်တယ်… ဖေါက်ပြန်တာက ရုပ် သိတာက နာမ် ရုပ်နာမ်ကို သိခြင်းကြောင့် ငါ ငါ့ခန္ဓာ ဆိုတာ မလာတော့ပါဘူး … ငါ ငါ့ခန္ဓာ ဆိုတာ မလာတော့တဲ့အတွက်ကြောင့် ဒိဋ္ဌိ ပြုတ်ပါတယ် … ဒီတော့ ခန္ဓာ မှာဖေါက်ပြန်တိုင်း ဒုက္ခသစ္စာ … ခန္ဓာ ဖေါက်ပြန်တာကို နှိပ်စက်ပြန်ပြီလို့သိခြင်းသည် မဂ္ဂသစ္စာ … ငါ ငါ့ခန္ဓာ လို့မလာတော့ပဲ ဒိဋ္ဌိ ပြုတ်နေသောကြောင့် သမုဒယ သစ္စာ သေတယ် … သမုဒယ တို့ရဲ့ ငြိမ်းရာချုပ်ရာသည် နိရောဓသစ္စာဖြစ်တယ် … သစ္စာလေးချက်ညီနေတယ် … ဒါကြောင့် … ခန္ဓာမှာ နာတာ ကျင်တာ အောင့်တာ ကိုက်တာ ပူတာ အေးတာ စသဖြင့် ပေါ်တိုင်း နှိပ်စက်ပြန်ပြီလို့သိခြင်းသည် ကိစ္စဥာဏ်ကို ရခြင်းဖြစ်တယ် … ဒီတော့ ငါနာတယ် ငါကျင်တယ်လို့ မဖြစ်တော့ပဲ ခန္ဓာဖေါက်ပြန်တာကို ဥာဏ်နဲ့သိပေးခြင်းကြောင့် သမုဒယ သစ္စာသေပြီး နိရောဓ သစ္စာ ဆိုက်တယ် … ဒီလို အမြဲတမ်း ရှုမှတ်နိုင်မယ် ဆိုရင် အချိန်တန်တော့ ဓမ္မ က သူ့အလုပ်သူလုပ်ပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ် ဆိုက်ရောက်လို့ သောတာပန် တည်ပါလိမ့်မယ် … ဒီလိုသိပြီး သေရင်တော့ မြတ်သော အသက်ရှင်ခြင်းဖြစ်ပြီး ဒီလို မသိပဲ သေရင်တော့ ယုတ်သော အသက်ရှင်ခြင်းသာ ဖြစ်ပါတယ် … #ဆရာတော်_ဘဒ္ဒန္တသုနန္ဒ_ဓမ္မရံသီ_မိုးကုတ်ရိပ်သာ Credit , original uploader
via အလင်းရောင် ဓမ္မ https://ift.tt/359WJ7Z
Newer Post
Older Post
Home