အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, October 3, 2019
ဝိပဿနာ အလုပ် <><><><><><> ဝိပဿနာ အလုပ် လုပ်တယ်ဆိုတာ တမင် ရှာပြီးလုပ်နေရတာ မဟုတ်ဘူး … ကိုယ့် ခန္ဓာကိုယ် ကြည့်ရုံပါပဲ … ကြည့်တော့ ဖောက်ပြန် ပျက်စီးနေတာ အမျိုးမျိုး ခန္ဓာမှာ တွေ့ရမှာပဲ … ခန္ဓာအရှိကို ဉာဏ်အသိနှင့် ကိုက်ရင် ယထာဘူတဉာဏ် ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ် နိဗ္ဗာန်ရောက်ပြီလို့ ဆိုနိုင်တယ် … လူက အိပ်နေ , ထိုင်နေပေမယ့် အို , နာ ဘေးတွေက စက္ကန့်မလပ် သုသာန် သွားနေကြတာ … ငွေ မရှိတာ , သားသမီး မရှိတာထက် သစ္စာမသိတာ ပူပန်ကြရမှာ … ကုသိုလ်လေး လုပ်ပြီး နတ်ပြည် ရောက်သွားလဲ ကံအရှိန်ကုန်ရင် အပါယ် ပြန်ဆင်းရမှာ … လူ့ပြည် ခဏရောက်ပြန်တော့ စားဝတ်နေရေး , မိသားစုရေး ဆိုပြီး လောဘဝဲ , ဒေါသဝဲ , မောဟဝဲထဲ လည် လည်နေကြရတော့ သစ္စာတရားမတွေ့ပဲ သေကုန်ရင် ဝဲမှာ မြုပ်သွားကြမှာ … ဘဝကူးကောင်းအောင် မလုပ်ပဲ ဘဝပြတ်အောင် လုပ်ကြရမယ် … ဘုရားက သတ္တဝါတွေဟာ ပင်လယ်ထဲ သင်္ဘောပျက် နေသလိုပဲတဲ့ လေ လာတဲ့ဘက် မျောသူမျော မြုပ်သူ မြုပ် … ရခဲလှတဲ့ လူ့ ဘဝကို အလွဲသုံးစား အချိန်တွေ မဖြုန်းလိုက်ပါနဲ့ … ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ် … သက်တမ်းတိုတဲ့ ဘဝကလေးမှာ တရားအားမထုတ်ဘဲ အချောင်ခိုနေရင် အသေစောက ကိုယ်ကျိုးနည်းလိမ့်မယ် … #မိုးကုတ်_ဆရာတော်_ဘုရားကြီး 📌အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌 Credit , Original Uploader
via အလင်းရောင် ဓမ္မ https://ift.tt/2oAAGqu
Newer Post
Older Post
Home