Thursday, October 3, 2019

"ရှင်ပြုနားသအလှူအတွက် အဖြုန်းစာရင်း" ဆိုင်း ၃၅-သိန်း ဘိသိက် ၁၀- သိန်း မဏ္ဍပ်စင် ၁၀-သိန်း မြင်းငှားခ ၄-သိန်း (တစ်ကောင် ၂-သောင်း/အကောင် ၂၀ စာ) မိတ်ကပ်ဖိုး ၁-သိန်း(နာမည်ကြီးဆို ၁၀-သိန်းထိဈေးပေါက်) ဓာတ်ပုံဗီဒီယို ၂-သိန်း ရှင်လောင်းလှည့် ၅-သိန်း ဝတ်စုံ ၃-သိန်း အရက်ဖိုး ၁-သိန်း စည်တော်ကြီး ၃-သိန်း ထွေလီကာလီ ၁-သိန်း --------- စုစုပေါင်း ၇၅- သိန်း #ရှင်ပြုနားသအလှူအတွက်အသုံးစာရင်း ဘုန်းကြီးလှူရံ ၁-သိန်း (အပါး ၂၀/ တစ်ပါး ၅၀၀၀ ) ဧည့်ခံကျွေးမွေး ၅-သိန်း --------- စုစုပေါင်း ၆-သိန်း #ရှင်ပြုပွဲအတွက်အနှစ်သာရက ၁။ ဦးခေါင်းရိတ် (သုံးမရတဲ့ကော်ဓားတွေအစား ဂျုတ်နဲ့ဘလိတ်ဓား အစားထိုးသင့်) ၂။ သင်္ကန်းဝတ် (ဖွားဖက်တော်အတိုင်းသားမြင်နေရတဲ့ ပိတ်ကြဲသင်္ကန်းမဖြစ်သင့်) ၃။ သရဏဂုံသုံးပါးဆောက်တည် (သရဏဂုံကို ပီပီသသမဆိုတတ်သေးရင် ရှင်ပြုမပေးသင့်၊ နို့တောင်မပြတ်သေးတဲ့ကလေးကို ရှင်ပြုမပေးသင့်၊ သင်္ကန်းဝတ်နဲ့နို့စို့တာ ကြည့်မကောင်း😁) #ရှင်ပြုနားသအလှူတော်အတွက်အမှန်တကယ်လိုအပ်တာက သင်္ကန်း ၂-သောင်း သပိတ် ၈-ထောင် ဂျုတ်/ဓား ၄-ထောင် ခါးပန်းကြိုး ၁-ထောင် ဆွမ်း ၅-ထောင်(တစ်အုပ်စာ) ဘောဇဉ် ၂-ထောင် --------------- စုစုပေါင်း ၄-သောင်း (တောရပ်ဒေသက သာမန်လက်လုပ်လက်စားရဲ့ တစ်နေ့စာလုပ်အားခက ၅-ထောင်၊ ၈-ရက်စုလိုက်တာနဲ့ ရှင်ပြုလို့ရပြီ) #ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲရဲ့ရလာဒ် ရှင်အပါး ၂၀-မှာ တစ်ပါးမျှ သာသနာအတွက်မကျန် ကူငွေ လှူငွေမကိုက်တော့ အကြွေးတင်၊ အနှစ်ရတာက ၅-ကျပ်သား၊ အကာတွေရသွားတာက ၅-ပိဿာ #ရသေ့စိတ်ဖြေ မြန်မာပြည်မှာ ရှင်ပြုပွဲတစ်ရာရှိလို့ သာသနာအတွက် ရှင်ဆယ်ပါးကျန်ရင် ကျေနပ်ပြီ..... ဒါပါပဲ၊ မြန်မာပြည်က ရှင်ပြုနားသအလှူဆိုတာ........... (ဒီညအလှူပွဲဓမ္မသဘင်မှာ ပြောဖြစ်တဲ့စကား၊ ဟောဖြစ်တဲ့တရား)ှ *Panna Loka* #သမိုင်းအကြောင်း မှကူးယူသည် တဆင့် ဥတ္တရအလင်း သာမညနှင့်အဓိကခွဲတက်ဖို့ ဆင်ခြင်နိုင်ဖို့ ထပ်ဆင့်တင်ပေးပါသည် အားလုံးအလင်းရ ကျန်းမာချမ်းသာကြပါစေ


via အလင်းရောင် ဓမ္မ https://ift.tt/2pq0SnV