အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, October 4, 2019
…………………တရားဓမ္မဒါနကုသိုလ်ပြု ပါ၏ …… ••••• "သတိနဲ့မနေတဲ့စိတ်ဟာ အရူးလိုပါပဲ" ••••• မီးလောင်ခံရမှ ဆင်းရဲဒုက္ခရောက်တယ် မထင်နဲ့ ရေနစ်၊ရေကြီးရင်လည်း ဆင်းရဲဒုက္ခရောက်တာပဲ ဆင်းရဲတာမှ ဒုက္ခရောက်တယ် မထင်နဲ့ ချမ်းသာရင်လည်း ဒုက္ခရောက်နေတာပဲ မုန်းမှ စိတ်ပူလောင်ရတာမဟုတ်ဘူး ချစ်ရင်လည်း စိတ်ပူလောင်ရတာပဲ လောကဓံတရားရှစ်ပါးဆိုတာ ဆန့်ကျင်ဘက်တရားတွေပဲ အပြန်အလှန်ဒုက္ခရောက်နေကြတာ လောကဓံမုန်တိုင်းနဲ့ကြံ့ခိုင်သည့်စိတ်ထား ဘယ်လိုထားမလဲဆိုတာပဲ အရေးကြီးတယ် သက်ဆိုးရှည်တယ်ဆိုတာ လောဘ ဒေါသ မောဟ အကုသိုလ်မကင်းပဲနဲ့ အသက်ရှင်နေတာ သက်ကောင်းရှည်တယ်ဆိုတာ ကုသိုလ်ကောင်းမှုတွေများများလုပ်ရင်းနဲ့ အသက်ရှင်နေတာ ငွေ၊ဂုဏ်၊ ရာထူး စည်းစိမ်နောက်လိုက်ရင်းနဲ့ မိသားစုနဲ့ ဝေးသထက် ဝေးနေကြရတယ် ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေနဲ့ အတူမနေရတဲ့ နေ့တွေ ပိုများလာတယ် ကိုယ်ဆောက်ထားတဲ့ တိုက်ကြီးပေါ်မှာ နေရတဲ့ ရက်တွေ မရှိသလောက် ရှားလာတယ် ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ အချိန်မရှိသလောက် ဖြစ်လာတယ် သာသနာထွန်းကားတယ်ဆိုတာ အမှန်တရားကို သိရှိတာ လက်ခံတာ လိုက်နာကျင့်သုံးတာ သာသနာကွယ်တယ်ဆိုတာ အမှန်တရားကို မသိတာ လက်မခံတာ မလိုက်နာမကျင့်သုံးတာ ကြောက်တဲ့စိတ်နဲ့ကြည့်ရင် တစ်လောကလုံးက ကြောက်စရာချည်းပဲ သံသယစိတ်နဲ့ကြည့်ရင် အရာရာကို သံသယဖြစ်စရာချည်းပဲ အားကိုချင်တဲ့စိတ်နဲ့ကြည့်ရင် အကုန်လုံးက အားကိုချင်စရာချည်းပဲ လိုချင်တဲ့စိတ်နဲ့ကြည့်ရင် အရာရာ လိုချင်စရာချည်းပဲ စားချင်တဲ့စိတ်နဲ့ကြည့်ရင် အရာရာ စားချင်စရာချည်းပဲ အရာရာစိတ်ပဲ စိတ်က ဖန်ဆင်းထားတာပါပဲ အရာရာရှိတာမဟုတ်ပဲ စိတ်ရဲ့သတ်မှတ်ချက်တွေပဲ ရှိနေတာ စိတ်ကလက်ခံရင် လက်ခံသလိုဖြစ်တာပါပဲ ဦးနှောက်နဲ့တော့ ဥာဏ်မှီမှာမဟုတ်ဘူး ဦးနှောက်ကတော့ တိရိစ္ဆာန်တွေမှာလည်း ရှိတာပဲ ဦးနှောက်ဆိုတာ အကန့်အသတ်ရှိတယ် ကိလေသာရဲ့ လက်နက်ပဲ ကိလေသာကတော့ တကယ်ရှိတာကို ဘယ်သိပါ့မလဲ ဖန်ဆင်းထားတာတွေ သတ်မှတ်ထားတာတွေကို သိမှာပဲ ပညတ် ပရမတ် သိတာနဲ့လည်း မမြတ်သေးဘူး ပညတ် ပရမတ် ကွဲတာနဲ့လည်း မမြတ်သေးဘူး ပညတ် ပရမတ် နှစ်ခုစပ် သိတတ်သူက မြတ် သတိမရှိရင် ၁ စက္ကန့် ၁ မိနစ် ၁ နာရီ အတွင်းမှာ အကုသိုလ်စိတ်တွေ လှေတွေ လှည်းတွေ ကားတွေနဲ့ တိုက်လို့ မကုန်နိုင်အောင် များလွန်းလှတယ် သတိနဲ့မနေတဲ့စိတ်ဟာ အရူးလိုပါပဲ တရားအားထုတ်တယ်ဆိုတာ စိတ်ကိုပြင်တဲ့ အလုပ်ပါပဲ မြတ်စွာဘုရား နောက်ဆုံးသာသနာမှာ စိတ်ကိုပြင်ဖို့ အရေးတကြီးလုပ်သင့်ပါပြီ။ [ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး ] မျှဝေပူဇော်ပါသည် ဓါတ်ပုံ - စန္ဒာအောင် _/|\_ _/|\_ _/|\_ ( ဓမ္မအသိဉာဏ် ၊ ရင့်သန်တိုးပွား ၊ အကျိုးများနိုင်ကြပါစေ။ ) Credit# မေတ္တာ စမ်းရေ အေးမြပါစေ … ကိုအောင်အောင်ဦး … မနန်းမြတ်မင်းရွှေသာ … ခေတ္တ - Malaysia … ။
via အလင်းရောင် ဓမ္မ https://ift.tt/31LftJ2
Newer Post
Older Post
Home