Thursday, October 3, 2019

ခန္ဓာကိုယ်ကြီးကလိမ်ပြောတတ်တယ် ************************** (ကျေးဇူးတော်ရှင်ဝေဘူဆရာတော် ဘုရားကြီး) ဝေဘူဆရာတော်။ ။ ဒကာကြီးအိမ်က နေ.တ၀က်လောက် ၀အောင်ကျွေးတဲ. ဒကာမကြီးနှင်. သံသရာတစ်လျှောက်လုံး ၀အောင်ကျွေးတဲ. ဘုရားရှင် ဘယ်သူနဲ့ ပိုတည့်မှာလဲ။ ဒကာကြီး။ ။ဘုရားရှင်နဲ့ အတည့်ဆုံးလို. ပြောရမှာပါပဲဘုရား။ ဝေဘူဆရာတော်။ ။ဒါဖြင်. ဒကာမကြီးက ကျွေုးတာတော.ဖြင်. အဟုတ်စားတယ်၊ ဘုရားရှင်က ကျွေးတာတော. ဘယ်နှယ်လဲ။ ဒကာကြီး။ ။ဆုတ်ဆိုင်း ဆုတ်ဆိုင်း ဖြစ်နေပါတယ်ဘုရား၊ ဒါကြောင်.တပည်.တော်ကိုယ်တိုင်ကို တပည်.တော် အမြင်ကပ်နေပါတယ်ဘုရား။ ဝေဘူဆရာတော်။ ။အေ...ကာင်းပါပြီဗျာ။ ကြိုးစားကြ၊ အားလုံးဟာဝီရိယထူထောင်ပြီး ပြုကြတယ်ဆိုတာဟာသည် ရုပ်နှင်.နာမ်ကို မတဲ.လို. လုပ်တာဗျာ.။ ဟုတ်ကဲ.လားဗျာ။ ဒကာကြီး။ ။ဟုတ်ပါတယ်ဘုရား။ ဝေဘူဆရာတော်။ ။သည်တော.ဘုရားရှင်ကို ကြည်ညိုကြတယ်။ အားထုတ်မယ်ဆိုပြီး အားထုတ်တယ်၊ အားထုတ်တော. ညောင်းလာပြန်ပြီလိုဖြစ်လိမ်.မယ်၊သည်တော.တော်တော.လို.ပြောမှာလား၊ မပြောနှင်.၊ငါဘာလိုညောင်းရမလဲ ဆိုပြီး သည်လိုခိုင်း။ ဘေးဥပါဒ်အန္တရာယ်ဖြစ်မှာကြောက်တယ်၊ ဥပါဒ်အန္တရာယ်ဖြစ်ချင်ဖြစ်ပါစေ၊ သေသွားလိမ်.မယ်လိုဆိုပြန်ရင်လဲ သေရင်သေပေစေ၊ အဲသည်လိုခိုင်းဗျာ.။ ဒီခန္ဓာကိုယ်ကြီးက သနားအောင်ပြောမယ်၊ သူနဲ.က တည့်မှမတည့်ဘဲကိုး၊ သည်တော.ဘယ်နှယ်လုပ်မလဲဆိုရင် သူကသေသွားလိမ်.ဆိုတော.သေသွားဘာဖြစ်လဲ၊ အရင် တုန်းက သေခဲ.လှပြီးပြီ။ ဒကာကြီးလဲ ဘယ်နှစ်ခါလောက်သေခဲ.သလဲ။ ဒကာကြီး။ ။မရေတွက်နိုင်ပါဘုရား။ ဝေဘူဆရာတော်။ ။အဲဒီလို သေခဲ.တာတွေဟာ အားထုတ်ရင်း သေတာလား။ ဒကာကြီး။ ။အားထုတ်ရင်းမဟုတ်ပါဘုရား။ အကုသိုလ်လုပ်ရင်းသေလိုအခုထက်ထိ လှုပ်လှုပ်ရွရွ ဖြစ်နေ တာပါပဲဘုရား။ ဝေဘူဆရာတော်။ ။သူသေသွားလိမ်.ဆိုရင် ကိုယ်ကဘယ်လိုအောက်မေ့ရမလဲ။ သည်လိုအားထုတ်လိုများ အရင် တုန်းက တစ်ခါမှ မသေခဲ.ဖူးသေးဘူး၊ အားထုတ်ရင်းသေချင်နေတာ လင်းအောင်တောင် မနေလိုက်ပါနှင်.၊ အခု ချက်ချင်းပဲသေပါစေတော.၊ အားထုတ်ရင်းသေဖူးတယ်ရှိအောင် ငါသေချင်နေတာ အဲဒီလိုပြော။ ဒကာကြီး အခုလိုတရား အားထုတ်ရင်း သေရင် ဘယ်နှယ်လဲ. ဆင်းရဲမှာလား။ ဒကာကြီး။ ။(ချမ်းသာမှာပါဘုရား။) ဝေဘူဆရာတော်။ ။သည်အတိုင်း တိုင်း အရင် တုန်းကလိုနေရင်း သေမယ်ဆိုရင် ဘယ်နှယ်လဲ.၊ ဒကာကြီး။ ။(ဆင်းရဲမှာပါပဲဘုရား။) ဝေဘူဆရာတော်။ ။ပျင်းပျင်းဖျင်းဖျင်း နေရင်းသေရင် ဘယ်နှယ်လဲ့။ ဒကာကြီး။ ။(အရင်တုံးကလို သံသရာတလျှောက်လုံး လည် ရအုံးမှာပါဘုရား။) ဝေဘူဆရာတော်။ ။သည်သံသရာကို မရောက်ချင်ရင်အခုနလိုပေါ.ဗျုာ။ နေမကောင်းဖြစ်လိမ်. မယ်ဆိုရင်လဲ ဘာ.ကြောင်.နေမကောင်းရတာလဲ။ တရားအားထုတ်လို.နေမကောင်းလာတာ လားဗျာ.။ ဒကာကြီး။ ။(မဟုတ်ပါဘုရား)။ ဝေဘူဆရာတော်။ ။တရားအားထုတ်ရင်း နေမကောင်းချင်လိုက်တာလို. အဲဒီလို ပြောဗျာ.။ညောင်းနေရင်းလဲ နားလိုက်အုံးမယ်လို.သည်လိုလုပ်မှာလား။အဲသည်လိုမလုပ်နှင်. တရားအားထုတ်လိုများ သံသရာ တလျှောက်လုံးမှာ ညောင်းကိုမညောင်းဖူးသေးဘူး။ အခုလို ညောင်းတာများ ကောင်းလိုက်တာ လိုအဲဒီလိုပြောဗျာ.။ ညောင်းတယ်ဆိုပြီး အလုပ်ကိုမရပ်ပဲ နှင်. ရှေ.ကသူတော်ကောင်းများဟာအခုလို သွားတယ်ဆိုတာ သိပြီးရင် အခုလဲပဲ ဒို.တော. သည်လိုလုပ်မယ်၊ သည်လိုထိုင်မယ်ဆိုပြီး အဲဒီလိုသာလုပ်ကြပါဗျာ။ရှေ.ဆက်ပြောနေရင် ဒို.တော.ဖြင်. လုပ်ချင်လှပြီ၊သည်ရဟန်းကြီးဟာ တယ်အပြောရှည်တယ် ပြောနေကြပြီထင် ပါရဲ.။ လုပ်ရမှာက ပြောနေလိုမပြီးဘူး။ အားထုတ်မှပြီးမှာ။အခုနက ဘုရားဆုံးမတဲ. အတိုင်း ထားပြီး လုံ.လ၀ီရိယတွေနှင်. အဲသည်လိုထူထောင်ကြ အားထုတ်ကြဗျာ.။ အားထုတ်ရင်းသေဖူးတယ်ရှိအောင် ငါသေချင်နေတာ အဲဒီလိုပြော။ ဒကာကြီး အခုလိုတရားအားထုတ်ရင်း သေရင် ဘယ်နှယ်လဲ. ဆင်းရဲမှာလား။ ဒကာကြီး။ ။ (ချမ်းသာမှာပါဘုရား။) သတ္တဝါဟူသရွှေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ။


via အလင်းရောင် ဓမ္မ https://ift.tt/2oCpxW1