Wednesday, October 2, 2019

စကားကိုလည်း မကြမ်းစေနဲ့။ တရားကိုလည်း မဆန်းစေနဲ့။ အစားကိုလည်း မသရမ်းစေနဲ့။ မေတ္တာကိုလည်း မခမ်းစေနဲ့။ ဒေါသကိုလည်း မလွှမ်းစေနဲ့။ သတိကိုလည်း မလွတ်စေနဲ့။ စကားကြမ်းတော့ နာခံခက်မယ်​။ တရားဆန်းတော့ လမ်းမှန်ပျက်​မယ်​။ အစားသရမ်းတော့ ရောဂါသက်မယ်​။ မေတ္တာခမ်းတော့ အကျိုးပျက်မယ်​။ ဒေါသလွှမ်းတော့ ရန်ငြိုးဖက်မယ်​။ သတိလွတ်တော့ အားလုံးပျက်မယ်​။ ဆရာတော် မနာပဒါယီ(အရှင်ဝိစိတ္တ) 🙏🙏🙏 credit....... ဓမ္မနှစ်သက်သူ pg မှ ကူးယူဖော်ပြပါသည်။


via အလင်းရောင် ဓမ္မ https://ift.tt/2nC6ISA