Wednesday, October 2, 2019

နတ်များ တောင့်တ လူ့ ဘဝ <><><><><><><><><><> လူတွေက လူ့ ပြည်ထက် နတ်ပြည်က သာတယ် , ကောင်းတယ် ထင်နေကြတာ … မဟုတ်ဘူး … နတ်တွေကသာ လူ့ ပြည် , လူ့ ဘဝကို မြတ်နိုးတာ အထင်ကြီးကြတာ … ကြည့်ပါလား … နတ်သားတစ်ယောက် နတ်သမီးတစ်ယောက် စုတေတော့မယ် သေတော့မယ် ဆိုရင် သေမယ့် နတ်သား နတ်သမီး အနီးအနားလာပြီး စကားသုံးခွန်းဝိုင်းမှာ ကြတယ် … အဆွေနတ်သား အဆွေနတ်သမီး အခု နတ်ဘဝကနေ - ၁။ လူ့ ဘဝဆိုတဲ့ သုဂတိဘဝ ရောက်အောင်သွားပါ ၂။ လူ့ ဘဝ ရောက်ရင်လဲ ရတနာသုံးပါးအပေါ် ယုံကြည်တဲ့ သဒ္ဓါတရား ရအောင်လုပ်ပါ ၃။ အဲဒီ သဒ္ဓါတရားကိုလဲ ခိုင်မာအောင် အရိယာ ဖြစ်အောင် လုပ်ပါတဲ့ ကိုင်း - နတ်တွေကတောင် လူ့ ဘဝနှင့် ဘုရားသာသနာကို ဘယ်လောက် မြတ်နိုးကြသလဲ … #မောင်းထောင်မြေဇင်းတောရ_ဆရာတော်ဘုရား 📌အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌 Credit , Original Uploader


via အလင်းရောင် ဓမ္မ https://ift.tt/2pcfR4V