အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, October 2, 2019
ကမ္ဘာပေါ်တွင် အလုပ် အလုပ်ဆုံးသူတော်ကောင်း 🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹 🌺 တစ်ရက် တစ်ည ၂၄ နာရီတွင် ကိုယ် ၏ ပင်ပန်း နွမ်းနယ်မှုကြောင့် ကျိမ်းစက် သောအချိန်သည် ၁၅ မိနှစ်ခန့်၊ အလွန် ဆုံးနာရီဝက်ထက်ရိုဟန်မရှိ၊ ထို ၁၅ မိနှစ်လည်း နေ့စဉ် မဟုတ်ပေ။လူသာမန် တို့ အသိဥာဏ်နှင့် ကိုယ်ချင်းစား၍ကား မရနိုင်ပေ။ ဘုရားရှင်ကိုမဆိုထားဘိ၊ တ ပည့်သားရဟန်းတို့ ပင်လျှင် နှစ်ပေါင်း ၆၀--၈၀ မအိပ်စက်ရုံမျှသာမက ကျောခင်း၍ပင် မနေ(နိသဇ်ဓုတင်ဆောင်)သော ရဟန်းတို့ပင် အများအပြားရှိကုန်၏။ ပို ၍လည်း သက်ရှည် ကျမ်းမာတော် မူကြသည် ယင်းသို့လျှင် ဝိရိယကြီးမာတော်မူခြင်း တစ်ခုတည်းဖြင့်ပင် ဘုရားဟူသော ဘွဲ့. ထူးနှင့် ထိုက်တန်တော်မူပါပေ၏။ 🌲 ကမ္ဘာပေါ်တွင်ဘုရားမှလွဲ၍ မည်သည့်ပညာရှင်၊ မည်သည့်ခေါင်းဆောင်တို့. မှဤမျှလောက် ဝိရိယကြီးမားသူ ရှိမည်မဟုတ် ။ ကမ္ဘာပေါ်တွင် နေ့ညမအား မနားမနေအလုပ်လုပ်ရဆုံးကားမြတ်စွာ ဘုရားနှင့် မြတ်စွာဘုရားရှင်၏ တပည့် သာဝကများသာ ဖြစ်ကြသည်။ (မအိပ်မ နေ အလုပ်လုပ်နိုင်ပုံ၊ လုပ်သော်လည်း ကျန်းမာအသက်ရှည်နိုင်ပုံကို ယခုအခါ တရားအားထုပ်နေသူများမှလွဲ၍ သဘောပေါက်နိုင်သူကား ရှားပေလိမ့်မည်။) 🍀 ပြဆိုခဲ့သည့်အတိုင်း မြတ်စွာဘုရား ရှင်၏ နေ့စဉ်လုပ်ငန်း ၅-မျိုးတွင် နေ့ခင်းတစ်ကြိမ်၊ နံနက်မိုးသောက်တစ်ကြိမ် စ ကြာဝဠာတစ်ခွင်လုံး ကျွတ်ထိုက်သော သတ္တာဝါကို ရှုကြည့်ဆင်ခြင်တော်မူးကြောင်း သိခဲ့ရပြီ။ ☘ ယင်းသို့ ရှုကြည့်တော်မူ၍ ကျွတ်ထိုက်သော ဟောထိုက်သောသတ္တာဝါကိုမြင်တော်မူက မည့်ခရိုင် နိုင်ငံမရွေး၊အဝေး အနီး၊ ခရီးအတို့အရှည်၊ မည်သည့်နတ်ပြည်၊ ဗြဟ္မာ့ပြည်မဆို၊ ထိုထိုလောကဓာတ် ဇာတိခေတ်ဖြင့် သတ်မှတ်ထားသည့် တခြားသော စကြဝဠာရှိ နတ် ဗြဟ္မာ တို့ ကိုပင် ကိုယ်တော်တိုင်သွားရောက် ဟောပြတော်မူရ၏။ဤအကြောင်းဘုရား ကိုယ်တော်တိုင်ပင် ဟောပြတော် မူခဲ့ပေသည်။ ပရိနိဗ္ဗာန် ပြုခါနီးတောင်မှ 🌺🌺🌺🌺🌺🌺🌺🌺🌺 ..... မြတ်စွာဘုရားရှင်သည် တန်ခိုးတော် အသုံပြု၍ချည်း ကြွတော်မူသည်မဟုတ်။ ပကတိအားတော်လည်း ကြီးမားကြံခိုင် တော်မူသည့်အတိုင်း အများအားဖြင့် ကို ယ်တော်တိုင် ခြေကျင်ကြွသည်က များလေသည်။ ပုံစံအားဖြင့် အာဠာဝကကို ချွတ်ရန်အတွက် ယူဇနာ သုံးဆယ်ခရီး၊ အ ဂုင်္လိမာလ, ပက္ကုသာတိ တက္ကသိုလ် ဘုရင်တို့အတွက် ၄၅ ယူဇနာ၊ မဟာကပ္ပိနမင်း ယူဇနာ နှစ်ရာ၊ ဓနိယထေရ် ဟောချွတ်ရန် ယူဇနာ ခုနှစ်ရာတိုင်တိုင် ကြွတော်မူရလေသည်။ 🌳 ဝါတွင်းကာလမှ တစ်ပါး ဒေသစာရီ ကြွတော်မူသည်ကများ၏။ သက်တော်ရှ စ်ဆယ်၊ ပရိနိဗ္ဗာန် စံတော်မူခါနီး ကျမ်းမာတော် မမူပါဘဲလျက် (သာမန်လူများဖြစ်သော် အိပ်ရာထဲတွင်လဲကာ ဆရာဝန်နှင့် အနီးကပ် ပြုစုနေရမည့် အချိန်မျိုး) သာဝတ္ထိမှ ကုသိန္နာရုံသို့ မိုင်တစ်ရာ့ခြောက်ဆယ်ကျော် ခရီးကိုပင် ခြေကျင်ကြွတော်မူခဲ့သေးသည်ကို ကြည့်ပါလျှင် အဘယ်မျှ အားကျ ကြည်ညိုဘွယ် ကောင်းပါသနည်း။ ရတနာသုံးပါးကျေးဇူးမှ 🌷🌷🌷🌷🌷🌷🌷🌷 မင်းဒဿ 🌷🌷🌷🌷
via အလင်းရောင် ဓမ္မ https://ift.tt/2p24mga
Newer Post
Older Post
Home