အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, October 3, 2019
အပါယ်ကျတတ်သော အလှူ( ၁၀ ) ပါး --------------------------- ၁ သမဇ္ဇဒါန ကချေ အလှူ ( အငြိမ့် ဇာတ်ပွဲ) ၂ မဇ္ဇ ဒါန သေရည် သေရက် အလှူ ၃ ဣတ္ထိဒါန မိန်းမ အလှူ ၄ ဥသဘဒါန နွားလား မြင်းလားအလှူ ၅ စိတ္တကမ္မဒါန ကာမဂုဏ်ကို နိုးကြွစေသော အလှူ ၆ သတ္ထဒါန လက်နက်ခဲယမ်း မီးကျောက် အလှူ ၇ ဝိသဒါန အဆိပ်အလှူ ၈ သင်္ခလိကဒါန လက်ထိတ် သံခြေချင်းနှောင်ကြိုး အလှူ ၉ ကုက္ကုရ သူကရဒါန ကြက်ဝက် သားကောင်အလှူ ၁၀ တုလ ကူဋ မာန ကူဋ ချိန်စဉ်လဲတင်းစဉ်းလဲအလှူ ၁ သမဇ္ဇဒါန လို့ ခေါ်တဲ့ကချေ အလှူ ( အငြိမ့် ဇာတ်ပွဲ) ကတော့ ယခုခေတ် ရှင်ပြုရဟန်းခံပွဲတွေမှာ များစွာတွေ့ရပါတယ်ဆိုင်းဝိုင်းတွေဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်ပကြပါတယ် ရင်းနှီးသူအချင်းချင်းလည်း ( သူငယ်ချင်း မင်းရဲရှင်ပြုရဟန်းခံပွဲမှာ ငါလည်းကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေးဆိုင်းလေးတော့ ထည့်ဝင်လှူဒါန်းပါစေဆိုပြီး ) အပြစ်ကင်းတဲ့အလှူဟုထင်မှတ်ပြီး အပြစ်မကင်းသောအလှူကို ပေးလှူတတ်ကြပါတယ် အဲ့ဒီအလှူဒါန သည် ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကို ရောက်စေတတ်သောကြောင့်အားလုံးဒကာ ဒကာမတွေများ ထိုထိုသောအလှူကိုမပေးလှူမိဖို့ တိုက်တွန်းအပ်ပါတယ် ၂ မဇ္ဇဒါန သေရည်သေရက် ဘီယာ ထန်းရည် ဆေးခြောက်စသည့်လို့ ခေါ်တဲ့မဇ္ဇဒါန ပါ အဲ့ဒီအလှူကိုလည်းယခုခေတ်မှာ အများကြီးတွေ့ရပါတယ် မိမိရဲ့မွေးနေ့ မှာသော် ၄င်း အလုပ်အကိုင်အဆင်ပြေလို့ လည်းကောင်းသူငယ်ချင်းမိတ်ဆွေများကိုဖိတ်ပြီး သေရည်သေရက် ဘီယာ စသည့်ပေါ့လေ ပြုလုပ်ကောင်းလှူဒါန်းကောင်းးအပြစ်ကင်းသည့်ဟုထင်မှတ်ပြီးဒါနပြုကျွေးမွေးတဲ့အလှူဒါနကို ပြောလိုတာပါ တကယ်တော့အဲ့ဒီအလှူဒါနဟာလည်းအပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ဒါန အကုသိုလ်ဖြစ်တဲ့ဒါန အပါယ်လေးပါးရောက်စေတတ်တယ် ဒါနပါ ဒါကြောင်းထိုထိုသော အလှူကို မပေးလှူမိဖို့ တိုက်တွန်းပါတယ် ၃ ဣတ္ထိဒါန ဆိုတာမရိုသေစကားယခုခေတ် အတိုငိးအတာနဲ့ပြောရမယ် ဆိုရငိ မိမိ၏မိတ်ဆွေသူငယ်ချင်းညီအစ်ကိုများကို ကာမဂုဏ်မှာပျော်ပါစေဖိုလ့အတွက် မိမိကအခကြွေးငွေ အကုန်ကျခံပြီးငှားရမ်းပေးတဲ့အလှူဒါနကို ပြောလိုခြင်းဖြစ်ပါတယ် အဲ့ဒီလို အခကြွေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့အလှူဟာလည်း အပြစ်မကင်းကုသိုလ်မရအပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသောအလှူဒါနကို မပေးလှူမိဖို့ တိုက်တွန်းလိုပါတယ် ၄ ဥသဘဒါန ကတော့ နွားတို့မှာ ဦးဆောင်နွားလားမြင်းတို့မှာလည်းဦးဆောင်မြင်းလားတို့ ကို လှူပေးတဲ့ အလှူဒါန ခုခေတ် အနည်းငယ်ရှားပါးပါတယ် ၅ စိတ္တကမ္မဒါန ကာမဂုဏ်ကို နိုးကြွစေသောအလှူဆိုတာက မိမိမိတ်ဆွေအပေါင်းအသင်းနဲ့ဘုန်းကြီးကျောင်းများသို့  ကာမဂုဏ်စိတ်ကာမရာဂစိတ်တွေဖြစ်ပေါ်စေတတ်သောအမျိုးသမီး ဓာတ်ပုံများပြက္ခဒိန်များနောက်အပြုအမူများစသည့်တို့ ကို ပေးလှူတဲအလှူဒါနမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ် ထိုထိုသောအလှူသည်လည်းအပြစ်မကင်းသော ကုသိုလ်မရသောအပါယ်လေးပါးရောက်စေတတ်သောအလှူဒါန ဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်းမပေးလှူမိဖို့ တိုက်တွန်းလိုက်ပါတယ် ၆ သတ္ထဒါန လက်နက်ခဲယမ်းမီးကျောက်အလှူဆိုတာကလူတစ်ဦးတယောက်ကိုဒါမှမဟုတ် အုပ်စုတစ်အုပ်စု ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့စသည့်ပေါ့လေ သတ်ဖြတ်ဖို့ အတွက် သေစေနို်င်သောလက်နက်များကို အခမဲ့လုပ်ပေးခြင်း ပေးလှူခြင်းအလှူဒါနကို ပြောခြင်းဖြစ်ပါတယ် ၇ ဝိသဒါန အဆိပ်အလှူဆိုတာကတစ်ဦးတစ်ယောက်ကိုသေစေလိုသောစေတနာဖြင့်သေစေနိုင်သောအဆိပ်များကိုပေးလှူတဲ့အလှူဒါနကိုခေါ်ခြင်းဖြစ်ပါတယ် ၈ သင်္ခလိကဒါန လက်ထိတ်သံခြေချင်းနှောင်ကြိုးအလှူ ဆိုတာကတစ်ဦးတယောက်ကိုချုပ်နှောင်ဖို့ ဒုက္ခဖြစ်စေဖို့ ဆင်းရဲစေဖို့ အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ် ၉ ကုက္ကုရသူကရဒါန ကြက် ဝက် သားကောင်အလှူဆိုတာ သူတပါးအားအသက်ရှင်လျက်ရှိသောကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့လည်းကောင်းသူတပါးအားသတ်စေပြီး ချက်ပြုတ်စားသောက်ရန် အလို့ ငှာလှူဒါန်းတဲ့အလှုဒါနကိုဆိုလိုခြင်းဖြစ်ပါတယ် ၁၀ တုလာ ကူဋမာနကူဋ ချိန်စဉ်းလဲ တင်းစဉ်းလဲအလှူဆိုတာက ရောင်းတဲ့ ( အလေး) တစ်မျိုး ဝယ်တဲ့ ( အလေး ) တမျိုး ချိန်ခွင်နဲ့ရောင်းတဲ့သူ ထို့ပြင် ရောင်းတဲ့ ( ပြည်တောင်း) ကတမျိုး ဆန်ရောင်းသူများဖြစ်စေဖို့အတွက် အလေးခ်ျန်ခွင် ပြည်တောင်းများကို ထုတ်လုပ်ရောင်းချခြင်းဒါမှမဟုတ် ပေးလှူစတဲ့အလှူဒါနမျိုးကို ဆိုလိုတာဖြစ်ပါတယ် ယခုဖော်ပြပြီးတဲ့မပေးလှူကောင်းသော အပြစ်မကင်းသောအပါယ်လေးပါးကိုရောက်စေတတ်သောအလှူဒါနများကို အပြစ်ကင်းသောကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီးပြုလုပ်ခဲ့မိရင်လည်းနောင်တတွေ စိတ်မချမ်းသာမှုတွေမဖြစ်ကြဘဲ့နောင်တကြိမ်းမပေးလှူမိအောင်မပြုလုပ်မိအောင်ဆင်ခြင်ကြစေဖို့ အထူးတိုက်တွန်းလိုက်ပါတယ် ထိုထိုသောအလှူများသည်ဆိုခဲ့ပြီးသည့်အတိုင်းကုသိုလ်မရသည့်အပြင်အပါယ်လေးပါးကိုရောက်စေတတ်သောကြောင့် အားလုံးဒကာ ဒကာမတွေများအထူးရှောင်ကြည်ပြီးအပြစ်ကင်းသောကုသိုလ်ဖြစ်သောဒါနကောင်းမှုများစွာကိုအားထုတ်ပြီးသီလ ဘဝနာဝိပဿနာများကိုပါအချိန်ရသလောက်စောင့်ထိန်းပွားများနိုင်ပြီးစိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုပုဂ္ဂိုလ်များဖြစ်ပါစေဟု ဆန္ဒပြု ဆုတောင်းလိုက်ပါသည် ( အရှင် ဝိမလဝံသ နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ))) ပြန်လည်ကူးယူပူဇော်သည်။ ရွှေနံ့သာ
via အလင်းရောင် ဓမ္မ https://ift.tt/2oHJpHt
Newer Post
Older Post
Home