Friday, October 4, 2019

" #အင်မတန်မှအရေးကြီးတဲ့ဘဝကိုရောက်နေကြပြီ " - လူ့ဘုံသည် ဘဝအားလုံးကို သွားနိူင်တဲ့ junction တစ်ခုကြီးနဲ့ တူတယ် ။ လူ့ဘုံမှာ ရောက်ရှိနေတဲ့အခိုက် ဘယ်ဘဝ သွားရမယ်ဆိုတာ ရွေးချယ်ဖို့အတွက် အနေအထားတွေအားလုံး ပြည့်စုံတယ် ။ လူ့ဘုံက လုပ်ကိုင်ဆောင်ရွက်ကြံစည် ပြောဆိုကြတဲ့အရာတွေအားလုံး *ကံအရာမြောက်ပြီး ဂတိငါးပါး လို့ဆိုတဲ့ လမ်းကြောင်းကြီး ငါးသွယ်ကို အသီးသီး ရောက်ရှိသွားရတယ်။ လူ့ဘုံလူ့ဘဝဟာ ထိုလမ်းကြောင်းကြီးငါးသွယ်ရဲ့ #ဗဟိုအချက်အချာမှာ ရှိနေတယ် လို့ ပြောနိူင်တယ်။ ဒါကြောင့် ဘုန်းကြီးတို့တတွေဟာ အင်မတန် အရေးကြီးတဲ့ဘဝ ရောက်နေကြပြီပေါ့ ။ "မနုသတ္တဘာဝေါ ဒုလ္လဘော" ရခဲတဲ့ လူ့ဘဝ ကို ရနေကြတယ် ။ ရခဲတဲ့ လူ့ဘဝကို ရနေတဲ့လူတိုင်းဟာ ရရှိထားတဲ့ ဘဝတစ်ခုက်ို အကျိုးရှိအောင် အသုံးချသွားကြသလား ဆိုတော့ အသုံးချမသွားကြဘူး ။ ရရှိထားတဲ့ ဘဝတစ်ခုကို မှန်မှန်ကန်ကန် အသုံးမချတတ်ရင် အချိန် ဆိုတာ တစ်နေ့ ကုန်ဆုံးလာမှာ ဖြစ်တယ်။ မိမိလုပ်သမျှ ကံအရာမြောက်ပြီး အကြောင်းတရားတွေအဖြစ် အကျိုးပေးဖို့ အဆင်သင့် ဖြစ်လာမှာ ဖြစ်တယ် ။ ဒါကြောင့် လူ့ဘဝရတဲ့အခိုက်လေးမှာ အမှတ်တမဲ့ မနေကြဘဲ "သတိသမ္ပဇည" ရှိကြရမယ် ။ "သတိသမ္ပဇည" ဆိုတာ သတိထားပြီး ဆင်ခြင်တုံတရားရှိခြင်း ဖြစ်တယ်။ ဒါဟာ အရေးကြီးဆုံးပဲ ။ လောကမှာ မစဉ်းစားရင် ဘာမှ မသိဘူး။ စဉ်းစားမှုဟာ အင်မတန်မှ အရေးပါတယ်။ စဉ်းစားနိူင်အောင် အရာရာကို သတိထားတတ်ဖို့ လိုတယ်။ ကိုယ်ရထားတဲ့ ဘဝ ဟာ ............. ထာဝရ လား , တခဏ လား အချိန်ကောင်း ဆိုတာ ............... ထာဝရ လား , တခဏ လား ကျန်းမာရေး ဆိုတာ ........... ထာဝရ လား , တခဏ လား ကျန်းမာနေတဲ့အခိုက် ဘာတွေ လုပ်ရမယ် ဆိုတာကိုလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်ဖို့ လိုတယ် ။ အဲဒီလိုမှ မဟုတ်ပဲ စားကာ, အိပ်ကာ, ပျော်ကာ, ပါးကာ, ရှာကာ, ဖွေကာ နဲ့ ....... ဘဝတစ်ခု အဆုံးသတ်သွားရင် ကိုယ်ရထားတဲ့ဘဝရဲ့ အကျိုးအမြတ်ကို ရလိုက်မှာ မဟုတ်ဘူး။ အင်မတန်မှ တန်ဖိုးရှိလှတဲ့ ဒီလူ့ဘဝကြီးရဲ့ #အခြားမဲ့ဘဝမှာ အင်မတန်မှ ကြောက်စရာကောင်းလောက်တဲ့ အနေအထားမျိုးကို ကြုံတွေ့နိူင်တယ်။ မှန်မှန်ကန်ကန် အသုံးချမတတ်ဘူးဆိုရင် ဤဘဝ၏အခြားမဲ့ဆိုတာ ... အင်မတန်မှ ကပ်နေတယ်နော် မျက်စိလေး မှိတ်သွားတာနဲ့ တပြိုင်နက် အကြီးအကျယ် ပြောင်းလွဲသွားမှာ ဖြစ်တယ်။ အပြောင်းအလွဲဆိုတာ အကောင်းလဲ ရှိတယ်။ အဆိုးလည်း ရှိတယ်။ ဒီဘဝ လုပ်ရပ်တွေပေါ်မှာ မူတည်ပြီး အပြောင်းအလွဲဆိုတာ ဖြစ်တယ်။ ဒါကြောင့် အခုလက်ရှိဘဝဟာ ဘဝတွေထဲမှာ အရေးကြီးဆုံးပဲ လို့ ဒီလို နှလုံးသွင်းရမယ်။ (ပါချုပ်ဆရာတော်ဘုရားကြီး) 🙏🙏🙏 🙏ဓမ္မမိတ်ဆွေများ ကောင်းကျိုး တရား တိုးပွားကြပါစေ🙏 မေတ္တာဖြင့်ဓမ္မဒါနဝေမျှသူ #Admin #HKSA #Copy. K P d T " #အင်မတန်မှအရေးကြီးတဲ့ဘဝကိုရောက်နေကြပြီ " - လူ့ဘုံသည် ဘဝအားလုံးကို သွားနိူင်တဲ့ junction တစ်ခုကြီးနဲ့ တူတယ် ။ လူ့ဘုံမှာ ရောက်ရှိနေတဲ့အခိုက် ဘယ်ဘဝ သွားရမယ်ဆိုတာ ရွေးချယ်ဖို့အတွက် အနေအထားတွေအားလုံး ပြည့်စုံတယ် ။ လူ့ဘုံက လုပ်ကိုင်ဆောင်ရွက်ကြံစည် ပြောဆိုကြတဲ့အရာတွေအားလုံး *ကံအရာမြောက်ပြီး ဂတိငါးပါး လို့ဆိုတဲ့ လမ်းကြောင်းကြီး ငါးသွယ်ကို အသီးသီး ရောက်ရှိသွားရတယ်။ လူ့ဘုံလူ့ဘဝဟာ ထိုလမ်းကြောင်းကြီးငါးသွယ်ရဲ့ #ဗဟိုအချက်အချာမှာ ရှိနေတယ် လို့ ပြောနိူင်တယ်။ ဒါကြောင့် ဘုန်းကြီးတို့တတွေဟာ အင်မတန် အရေးကြီးတဲ့ဘဝ ရောက်နေကြပြီပေါ့ ။ "မနုသတ္တဘာဝေါ ဒုလ္လဘော" ရခဲတဲ့ လူ့ဘဝ ကို ရနေကြတယ် ။ ရခဲတဲ့ လူ့ဘဝကို ရနေတဲ့လူတိုင်းဟာ ရရှိထားတဲ့ ဘဝတစ်ခုက်ို အကျိုးရှိအောင် အသုံးချသွားကြသလား ဆိုတော့ အသုံးချမသွားကြဘူး ။ ရရှိထားတဲ့ ဘဝတစ်ခုကို မှန်မှန်ကန်ကန် အသုံးမချတတ်ရင် အချိန် ဆိုတာ တစ်နေ့ ကုန်ဆုံးလာမှာ ဖြစ်တယ်။ မိမိလုပ်သမျှ ကံအရာမြောက်ပြီး အကြောင်းတရားတွေအဖြစ် အကျိုးပေးဖို့ အဆင်သင့် ဖြစ်လာမှာ ဖြစ်တယ် ။ ဒါကြောင့် လူ့ဘဝရတဲ့အခိုက်လေးမှာ အမှတ်တမဲ့ မနေကြဘဲ "သတိသမ္ပဇည" ရှိကြရမယ် ။ "သတိသမ္ပဇည" ဆိုတာ သတိထားပြီး ဆင်ခြင်တုံတရားရှိခြင်း ဖြစ်တယ်။ ဒါဟာ အရေးကြီးဆုံးပဲ ။ လောကမှာ မစဉ်းစားရင် ဘာမှ မသိဘူး။ စဉ်းစားမှုဟာ အင်မတန်မှ အရေးပါတယ်။ စဉ်းစားနိူင်အောင် အရာရာကို သတိထားတတ်ဖို့ လိုတယ်။ ကိုယ်ရထားတဲ့ ဘဝ ဟာ ............. ထာဝရ လား , တခဏ လား အချိန်ကောင်း ဆိုတာ ............... ထာဝရ လား , တခဏ လား ကျန်းမာရေး ဆိုတာ ........... ထာဝရ လား , တခဏ လား ကျန်းမာနေတဲ့အခိုက် ဘာတွေ လုပ်ရမယ် ဆိုတာကိုလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်ဖို့ လိုတယ် ။ အဲဒီလိုမှ မဟုတ်ပဲ စားကာ, အိပ်ကာ, ပျော်ကာ, ပါးကာ, ရှာကာ, ဖွေကာ နဲ့ ....... ဘဝတစ်ခု အဆုံးသတ်သွားရင် ကိုယ်ရထားတဲ့ဘဝရဲ့ အကျိုးအမြတ်ကို ရလိုက်မှာ မဟုတ်ဘူး။ အင်မတန်မှ တန်ဖိုးရှိလှတဲ့ ဒီလူ့ဘဝကြီးရဲ့ #အခြားမဲ့ဘဝမှာ အင်မတန်မှ ကြောက်စရာကောင်းလောက်တဲ့ အနေအထားမျိုးကို ကြုံတွေ့နိူင်တယ်။ မှန်မှန်ကန်ကန် အသုံးချမတတ်ဘူးဆိုရင် ဤဘဝ၏အခြားမဲ့ဆိုတာ ... အင်မတန်မှ ကပ်နေတယ်နော် မျက်စိလေး မှိတ်သွားတာနဲ့ တပြိုင်နက် အကြီးအကျယ် ပြောင်းလွဲသွားမှာ ဖြစ်တယ်။ အပြောင်းအလွဲဆိုတာ အကောင်းလဲ ရှိတယ်။ အဆိုးလည်း ရှိတယ်။ ဒီဘဝ လုပ်ရပ်တွေပေါ်မှာ မူတည်ပြီး အပြောင်းအလွဲဆိုတာ ဖြစ်တယ်။ ဒါကြောင့် အခုလက်ရှိဘဝဟာ ဘဝတွေထဲမှာ အရေးကြီးဆုံးပဲ လို့ ဒီလို နှလုံးသွင်းရမယ်။ (ပါချုပ်ဆရာတော်ဘုရားကြီး) 🙏🙏🙏 🙏ဓမ္မမိတ်ဆွေများ ကောင်းကျိုး တရား တိုးပွားကြပါစေ🙏 မေတ္တာဖြင့်ဓမ္မဒါနဝေမျှသူ #Admin #HKSA #Copy. K P d T


via အလင်းရောင် ဓမ္မ https://ift.tt/33c7O71