Saturday, October 5, 2019

*နာမည်ကိုတပ်စရာ မရှိဘူး။* ~~~~~~~~~~~~~~~~~~~~~~ ဘုရားအဆူဆူ ဟောတယ်နော် မရှိပညတ်.. မရှိပညတ်.. မရှိပညတ်..ဘာတွေ မရှိလဲ။ လူမရှိ၊ နတ်မရှိ ဗြဟ္မာမရှိ၊ ပုဂ္ဂိုလ်သတ္တဝါ မရှိဘူးပေါ့။ အဲဒါ ခေါ်တာပြောတာပညတ် လူလို့ခေါ်တယ် နတ်လို့ ခေါ်တယ် ဗြဟ္မာလို့ခေါ်တယ် ဒါအခေါ်ရှိ သမုတ်ရှိနော်။ အဲဒါ မရှိပညတ်။ မသမုတ်လည်းရှိ သမုတ်လည်းရှိက ခန္ဓာငါးပါး။ အဲဒီခန္ဓာ တွေ့ဖို့လိုတာ။ ခု သူသူ ငါငါ ပကတိမျက်စိနဲ့ ကြည့် မယ်ဆိုရင် ခုတရားထိုင်တာ လူတွေပေါ့ကွဲ့ ။ အမျိုးသမီး အမျိုးသားတွေပေါ့။ ဉာဏ်မျက်လုံးနဲ့ ကြည့်တဲ့ခါ အခုထိုင်တာ လူလား ထောက်ကန်ဝါယောလား။ ရပ်နေတာ လူလား ထောက်ကန်ဝါယောလား။ သွားတာလူလား လှုပ်ရှားဝါယောလား။ ဝါယောဓါတ်လို့ သိတာ သူငါလား ကာယဝိညာဏ်လား။ ကာယဝိညာဏ်က နာမ်တရား မရလား။ ကာယ အကြည်နဲ့ ဝါယောက ရုပ်တရားမရလား။ နာမ်ရုပ်နှစ်ပါးပေါ့။ ကဲနာမ်ရုပ်ပဲ တွေ့တယ်နော် ဖြန့်လိုက်တော့ ခန္ဓာငါးပါးပေါ့။ အဲလို စိစစ်ဖို့မကောင်းလား။ အဲဒါကြောင့် ထိုင်ချင်တာက နာမ် တရားပေါ့ ထိုင်တာကရုပ်တရားပေါ့။ နာမ်ရုပ်နှစ်သင်းအချင်းချင်း ထိုင်ရင်းအလုပ်လုပ်။ ထိုင် တာ ငါမဟုတ် သူမဟုတ် ထိုင်တာနာမ်နဲ့ရုပ်။ သူတွေ ငါတွေလား နာမ်နဲ့ ရုပ်လား။ ထိုင်တာ မမြဲ ထိုင်ဆင်းရဲ ထိုင်တာထဲငါမပါ အဲဒါဝိပဿနာ လို့မဟောဘူးလား။ ကဲ အဲဒီနေရာရောက် အောင် ဒါ စာအုပ်ထဲမှာ ပါတဲ့အတိုင်း လေ့လာကွဲ့။ စဉ်းစားဖို့မကောင်းလား။ ထိုင်တဲ့အခါ ထိုင်ခါစ သက်သက်သာသာပေါ့။ အထိုင်ကြာတော့ မညောင်းလား။ မကျဉ်လား၊ မနာလား၊ မအောင့်လား၊ မမူးလား၊ မယားဘူးလား စင်စစ်တော့ အောင့်တာလား ဖောက်ပြန်တာလား။ မူးတာလား ဖောက်ပြန်တာလား။ ကျဉ်တာလား ဖောက်ပြန်တာလား။ ယားတာလား ဖောက် ပြန်တာလား။ ဖောက်ပြန်တဲ့သဘောနဲ့ သိတဲ့သဘောကလွဲလို့ ခန္ဓာမှာမရှိဘူးကွဲ့။ ရုပ္ပတီတိ ရူပံလို့မဟောဘူလား။ ဖောက်ပြန်ပြီးတော့ ပျက်စီးနေတာပေါ့ အဲလိုသိဖို့မလိုဘူးလား။ အဲဒါ အများသုံးအနေနဲ့ ဖောက်ပြန်တာကို ရုပ်ပေါ့။ သိတာနာမ်လို့ခေါ်ရတာ ခေါ်ရုံမှန်နေတာ မခေါ်ပဲနဲ့ မှန်နေတာက ဖောက်ပြန်နေတာ။ အဲလိုစိစစ်ဖို့မကောင်းလား။ နာမည်ကိုတပ်စရာ မရှိဘူး။ ရှေးက စွန်းလွန်းဆရာတော်ဘုရားကြီးနဲ့ ဖက်ပင်အိုင်ဆရာတော်ဘုရား ဆွေးနွေးတဲ့အခါ ပရမတ်ကိုပြောပါဘုရားလို့ လျှောက်တာ ဦးကဝိက ပရမတ်ဆို လက်ပိုက်ကြည့်နေရုံပဲတဲ့ ပြောစရာမရှိပြီတဲ့။ လက်ပိုက်ကြည့်နေရုံပဲတဲ့။ စိစစ်ဖို့ မကောင်းလား။ အခုလည်း ချိုတယ် ချဉ်တယ် စပ်တယ် ဖန်တယ်ဆိုတာ လူတွေ နားလည်အောင်လို့ ချိုတယ်လို့ပြောရတယ် ချဉ်တယ်လို့ပြောရတာ။ တစ်နည်းအားဖြင့် ပထဝီဓါတ် အနေနဲ့ မာတယ်ပျော့တယ်လို့ ပြော ရတယ် ရှိတာမဟုတ်ဘူကွဲ့။ ဝိဇ္ဇာမာနပညတ် ခြေလက်အင်္ဂါ ပုဂ္ဂိုလ်သတ္တဝါ အနေနဲ့ မာတာ ပျော့တာက အဝိဇ္ဇာမာနပညတ်။ ပညတ်။ ဝိဇ္ဇာမာနပညတ်က ဝိပဿနာဉာဏ်နဲ့ နီးစပ်လို့ ဝိဇ္ဇာမာနပညတ် တပ်ရတယ်။ အဲဒါ မရှိတာ သိစေချင်တာပေါ့ ကလေးလေးတစ်ယောက်ကို ကြံရည်တိုက်ထားပေါ့။ ဇွန်းလေးနဲ့ ပါးစပ်ဟလိုက် တိုက်လိုက် မျိုလိုက် တိုက်လိုက် ခွံ့လိုက် နောက်တော့ဟိုက ဟင်းစားဇွန်း တစ်ဇွန်းနဲ့ သံပုရာရည် ဖျော်ထားတာ။ ကဲ ဟ ဟ ဆိုတော့ ဟတော့ တိုက်လိုက်တော့ခါ မမျိုဘူးလား။ အရင်သောက်တာနဲ့တူရဲ့လား။ နောက်တစ်ခါ တိုက်မယ် ဟစမ်း ဆိုတော့ ဟရဲ့လား။ ပိတ်ထားတော့တာ သိတယ် ဘယ်လိုတွေလဲလို့မေး ပြောနိုင်ပါ့မလား။ ချဉ်တယ်လို့ ပြောနိုင်ပါ့မလား။ ပြောစရာကို မရှိဘူး အနိမိတ္တ အနိစ္စ။ ဒါကြောင့် ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ အနိမိတ္တဉ္စ ဘာဝေဟိလို့ မဟောဘူးလား။ စားဆဲ သောက် ဆဲ ထိဆဲပေါ့ ဒါ ပစ္စုပ္ပန်ပဲ။ အဲလိုသိဖို့ မလိုဘူးလား။ မပြော မဖြစ်လို့ ပြောရတာ ပြောစရာကို မရှိတာ။ ဒါ ရုပ်နာမ် သုညတလို့ မဟောဘူးလား။ ရုပ်ထဲမှာ ရှာချင်တာရှာ ပုဂ္ဂိုလ်သတ္တဝါ တွေ့ရဲ့လား။ နာမ်ထဲမှာရှာချင်တာရှာ ပုဂ္ဂိုလ်သတ္တဝါ တွေ့ပါ့မလား။ အဲဒါလိုတာကွဲ့ နာမ်ရုပ် လို့သိပေါ့ တွေ့တာကို အမှန်မယူရဘူးလား။ အမှန်သိတော့ အမှားပျောက်တာပေါ့။ အဲဒါ လိုရင်းအချက်တွေနော်။ ဒါ သိပယ်ဆိုက်ပွား လေးပါးကိစ္စ မဂ်တခဏလို့ မဟောဘူးလား။ ဘာတွေ ပယ်တာလဲလို့ ပြန်မေးဖို့မကောင်းလား။ ညီတော်အာနန္ဒာလို့မထင်ဘူးလား ရှိတယ် လို့ မယူလား။ အထင်နဲ့အယူအဆကိုပယ်တာ။ ခေါ်တာပြောတာမပယ်ဘူး။ သမုတ်ရှိ အခေါ်ရှိ မပယ်ဘူးနော်။ ညီတော်အာနန္ဒာလို့မခေါ်လား။ သားတော်ရာဟုလာလို့မခေါ်လား။ ချစ်သမီး ချစ်သားတို့လို့ မခေါ်လား။ ပယ်ရဲ့လား။ မပယ်ဘူးကွဲ့ ။ ပယ်ရင်သမ္မုတိသစ္စာပျက်မှာပေါ့ အဲလိုလေ့လာဖို့ မကောင်းလား။ ဒါ မသမုတ်လည်းရှိ သမုတ်လည်းရှိက နာမ်နဲ့ရုပ်ပေါ့။ ဒါ ရုပ်ထဲမှာ ရှာချင် တာရှာ ပုဂ္ဂိုလ်သတ္တဝါ တွေ့ရဲ့လား။ ကလေးလေးကိုမေးကြည့် ဘယ်လိုနေလဲ လို့မေးတော့ ခါ ပြောနိုင်ရဲ့လား။ ပြောစရာကို မရှိဘူး အနိမိတ္တ အနိစ္စတရား။ စိစစ်ဖို့မကောင်းလား။ ကဲ သူသိတော့ မသိဘူးလား။ နောက်တစ်ခွက် နောက်တဇွန်းတိုက်မယ်ဆို ပါးစပ်ကြီးပိတ်ထား တာဗျာ့။ ကဲ ပြောစရာရှိသေးရဲ့လား ရုပ်နာမ်သုညတ ဆိုတာ အဲဒါပြောတာ။ အဲလို သိဖို့မလို ဘူးလား။ ထင်တော့ လူလို့မထင်လား ရှိတယ်လို့ မယူလား။ တွေ့တာ လူလား နာမ်နဲ့ရုပ် လား။ နာမ်ရုပ်လို့သိ လူလို့ခေါ်။ နာမ်ရုပ်လို့သိ နတ်လို့ခေါ်။ နာမ်ရုပ်လို့သိ ဗြဟ္မာလို့ခေါ်။ နာမ်ရုပ်လို့သိ သားလို့ခေါ် သမီးလို့ခေါ် မြေးလို့ခေါ် မြစ်လို့ခေါ်ပေါ့ ခေါ်တာဟူသရွေ့ ပယ် ရဲ့လား။ အထင်နဲ့ အယူအဆကိုပယ်တာ။ အဲလိုဆို စိတ်ထဲမှာ ရှင်းကနဲ လင်းကနဲ မသွား ဘူးလား။ အဲဒါလိုတာကွဲ့ ထိထိမိမိ သဘောပေါက်ဖို့လိုတယ်နော်။ ★ ☸︎ ကျေးဇူးတော်ရှင် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မုံလယ်ဆရာတော်ဘုရားကြီး ☸︎ ■■■■■■■■■■ ■■■■■■■■■■ ■■■■■■■■■■ ■■■■■■■■■■ ပဲခူးတိုင်းပြည်မြို့ မိုးကုတ် ဓမ္မရိပ်သာ အဖွဲ့ခွဲအမှတ်( ၂၇ ) တွင် ၁၈-၁၁- ၀၉ မှ ၂၄-၁၁-၀၉ ထိ ကျင်းပပြုလုပ်သော ၂၀၀၉ခုနှစ် မုံလယ်ခုနှစ်ရက်တရားစခန်း၌ ၂၂-၁၁- ၀၉ ည (၇)နာရီ အချိန် ဟောကြားဆုံးမတော်မူအပ်သော ခုဇ္ဇုတ္တရာကျွန်မ အကြောင်းဥပမာပြ ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ ဒေါ်အေးအေးဟန် စာစီပူဇော်မှုကို ဓမ္မဒါနပြုပါသည်။ အရှင်တေဇနိယ မုံလယ်ဇ။


via အလင်းရောင် ဓမ္မ https://ift.tt/2IqGklT