အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, October 3, 2019
အကောင်းဆုံး , အချမ်းသားဆုံး <><><><><><><><><><><> ဘုရားလက်ထက်တော်က သံဃာတော်တွေ ဘုရားကြွမလာမီ အလ္လာပသလ္လာပကထာ ပြောဆိုနေကြရာ … တစ်ပါးက လောကမှာ ဘုရင်ဖြစ်ရတာ အကောင်းဆုံး … နောက် တစ်ပါးက လောကမှာ သူဌေးသည် အချမ်းသာဆုံး စသည်ဖြင့် … တစ်ပါးပြီးတစ်ပါး သူ့အမြင်ကိုယ့် အမြင် အခြေအတင် ပြောဆိုနေကြစဉ်မှာပဲ ဘုရားရှင်ကြွတော်မူလာပါတယ် … ရဟန်းတို့ကို ❝ သင်တို့သည် ယခုအခါ အဘယ်စကားများဖြင့် စည်းဝေးနေကြကုန်သနည်း ❞ လို့ မေးတော်မူပါတယ် … ရဟန်းများက - ❝ အကောင်းဆုံး , အချမ်းသာဆုံး ❞ အကြောင်းအရာကို ငြင်းခုန်နေကြကြောင်း လျှောက်ထားရာ ဘုရားရှင်တော်က … လောကမှာ - 🔹ဘုရားအဖြစ် ဖြစ်ပွင့်ရခြင်းသည် အကောင်းဆုံး အချမ်းသာဆုံး 🔹သူတော်ကောင်းစကား ပြောဆိုနေရခြင်းသည် အကောင်းဆုံး အချမ်းသာဆုံး 🔹သံဃာတော်အချင်းချင်း ညီညွတ်နေခြင်းသည် အကောင်းဆုံး အချမ်းသာဆုံး 🔹ဉာဉ်တူစရိုက်တူချင်း ပေါင်းရခြင်းသည် အကောင်းဆုံး , အချမ်းသာဆုံးလို့ အဖြေပေး ဆုံးမတော်မူခဲ့ပါတယ် … မိမိတို့ရဲ့ လက်တွေ့ဘဝများနဲ့ တိုက်ဆိုင်ပြီး ကိုက်ညီအောင် လိုက်နာကျင့်သုံးဖို့ပါပဲ … #မဟာဗောဓိမြိုင်_ဆရာတော်_ဘုရားကြီး 📌အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌 Credit , Original Uploader
via အလင်းရောင် ဓမ္မ https://ift.tt/2n1Kn0u
Newer Post
Older Post
Home