Wednesday, October 2, 2019

လောဘ​ကြောင့်​ချမ်းသာတာလား၊ ပညာနဲ့ဝီရိယ​ကြောင့်​ချမ်းသာတာလား --------------------------------------- လူ​တွေက ထင်​ကြတယ်​​လောဘမရှိရင်​ တပည့်​​တော်​တို့ ဘယ်​ချမ်းသာမတုန်း ​ လောဘရှိလို့ လုပ်​ကိုင်​ စား​သောက်​​နေကြတာ​ပေါ့လို့ ​ပြောလိမ့်​မယ်​။ ​ လောဘ​ကြောင့်​ချမ်းသာတာလားဆိုတာ စဉ်းစားကြည့်​။ ​လောဘ​ကြောင့်​ချမ်းသာတယ်​ဆိုရင်​ ​ကျောင်းမတက်​နဲ့​လေ၊ စီးပွား​ရေးပညာ​တွေ သင်​မ​နေနဲ့၊ ​ လောဘ​ကြောင့်​ ချမ်းသာတယ်​ဆိုရင်​ ​ လောဘဆိုတာ ​မွေးကတည်းက ရှိလာခဲ့တာ ​နော်​၊ ချမ်းသာတာ ​လောဘ​ကြောင့်​ချမ်းသာတာ မဟုတ်​ဘူး၊ ဘာ​ကြောင့်​ချမ်းသာတာလဲ စီးပွားရှာတတ်​တဲ့ ပညာ​ကြောင့်​ ချမ်းသာတာ၊ ဒါ​ကြောင့်​မို့လို့ economicsဆိုတာ သင်​ရတာ​လေ။ အဲဒီပညာ​ကြောင့်​ချမ်းသာတာ၊ ​လောဘ​ကြောင့်​ ချမ်းသာတာ မဟုတ်​ဘူး။ တစ်​ချို့က ​လောဘရှိလို့ ချမ်းသာတယ်​လို့ ထင်​ကြတယ်​၊ ​လောဘရှိရင်​သူခိုးပဲ ဖြစ်​မှာပဲ။ ​ဟော စီးပွားပညာ တတ်​သည့်​အတွက်​​ကြောင့်​ ရှာတတ်​တယ်​ ​ဖွေတတ်​တယ်​ နားလည်​တယ်​ နာလည်​တဲ့ဟာကို အ​ကြောင်းပြုကာ နားလည်​မှုသည်​ပညာ ဟုတ်​လား။ စဉ်းစားတတ်​တာ ဒီအလုပ်​လုပ်​ရင်​ အကျိုးအမြတ်​ ရှိတယ်​မရှိဘူး စဉ်းစားတတ်​တာ ပညာ၊ အဲဒီစဉ်းစားတဲ့အတိုင်း လိုက်​နာ​ဆောင်​ရွက်​တာက လုံ့လဝီရိယတဲ့၊ အဲဒီပညာနဲ့ လုံ့လဝီရိယနှစ်​ခု ​ပေါင်းစပ်​လိုက်​လို့ ကြီးပွားချမ်းသာတာ၊ အဲဒါကို လူ​တွေက ​ပြောတယ်​ ​ လောဘရှိလို့ ချမ်းသာတယ်​လို့ထင်​​နေကြတယ်​။ တလွဲကို သွားပြီး​တော့ ​ ဟို ကျေးဇူးတင်​​နေသလို ဖြစ်​​နေတယ်​။ ​ လောဘမရှိနဲ့ ပညာနဲ့ဝီရိယရှိရင်​ချမ်းသာတယ်​။ မရချင်​လည်း ရမှာပဲ ​နော်​၊ ပညာ​နဲ့ဝီရိယရှိဖို့လိုအပ်​တယ်​၊ ဒါ​ကြောင့်​မို့လို့ ပညာဝီရိယဟာအ​ရေးကြီးတယ်​၊ စီးပွားချမ်းသာတိုးတက်​ ပညာနဲ့ဝီရိယ​ကြောင့်​ တိုးတက်​တာ။ ပျင်း​နေရင်​ မရဘူး၊ လို​တော့လိုချင်​တယ်​ ပျင်း​နေရင်​မရဘူး။ လို​တော့လိုချင်​တယ်​ မလုပ်​တတ်​ဘူး မရဘူး၊ ​အေး ဒါ​ကြောင့်​မို့ အ​လေးအနက်​ထားပြီး​တော့ ဆင်​ခြင်​စဉ်းစားတတ်​ရတယ်​၊ အဲလိုဆင်​ခြင်​စဉ်းစားတတ်​မှ၊ ကြည့်​ ​လောဘသည်​ ​သောကကိုဖြစ်​​စေတယ်​ ကြီးပွားတိုးတက်​မှုကို မဖြစ်​​စေဘူး။ ဒါ​ကြောင့်​မို့လို့ လောဘကို​လျှော့ချနိုင်​ဖို့လို့အတွက်​၊ ဝိပဿနာပညာကိုပြည့်​စုံ​အောင်​ ဒါ​တော့မှ ဘဝဆက်​တိုင်း​ကောင်းပြီး​နောက်​ဆုံး နိဗ္ဗာန်​ချမ်းသားကို မျက်​​မှောက်​ပြုနိုင်​ပါဖြစ်​တယ်​။ ပါ​မောက္ခချုပ်​ဆရာ​တော်​ ဘဒ္ဒန္တ​ဒေါက်​တာ နန္ဒမာလာဘိဝံသ -------- ပါ​မောက္ခချုပ်​ဆရာ​တော်​၏ - "ဗုဒ္ဓဘာသာဝင်​အမျိုးသမီးများ၏ ဘဝ​အောင်​မြင်​​ရေး" တရား​တော်​မှ အရှင်​သာသန ကူးယူစာရိုက်​ ကုသိုလ်​ယူသည်​။


via အလင်းရောင် ဓမ္မ https://ift.tt/2nN7OuX