အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, October 5, 2019
#မရှိသေးရင် ရှိအောင်လုပ်# ~~~~~~~~~~~~~~~ ကျမ်းဂန်တွေမှာ ဥပမာပေးထားတာ ရှိတယ်။ သံတုံးကြီးတစ်ဖက်ကို ရဲနေအောင် မီးဖုတ်ထားတယ်။ တစ်ဖက်က မစင်အညစ်အကြေး လူးနေတယ်။ အဲဒီ နှစ်ခုမှာ ဟိုဘက်က မီးရဲရဲ ဖြစ်နေတယ်။ ကိုင်ရင် လောင်မယ်။ အခြားတစ်ဖက်ကို ကိုင်ရင် မစင်လူးမယ်။ မစင် လူးမှာကြောက်တော့ ဟိုဘက်ကို မကိုင်ဘူး လောင်မှာကြောက်တော့ ဒီဖက်ကိုလည်း မကိုင်ဘူး။ အဲဒီတော့ " ဟိရီ " ဆိုတာ မစင်လူးမှာ ကြောက်တာနဲ့ အတူတဲူ။ "သြတ္တပ္ပ " ဆိုတာ လောင်မှာ ကြောက်တာနဲ့ အတူတူပဲ။ ဒါကြောင့်မို့ "ဟိရီ , သြတ္တပ္ပ " တရားနှစ်ခုဟာ ကိုယ့်သန္တာန်မှာ မရှိသေးရင် ရှိအောင် လုပ်ရမယ်။ " ဟိရီ , သြတ္တပ္ပ " မရှိတော့ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အရှက်မဲ့တဲ့ ပုဂ္ဂိုလ်ဘဝ ရောက်ပြီး အဟိရိက အနောတ္တပ္ပတွေ လွှမ်းမိုးခံရတယ်။ "ဘယ်သူ့မှ ဂရုမစိုက်ဘူး" ဆိုပြီး အရပ်ထဲ လုပ်ချင်ရာ လုပ်တယ် ပြောချင်ရာပြောတယ် ဖြစ်ကုန်တယ်။ ဒါကြောင့်မို့ "ဟိရီ , သြတ္တပ္ပ " ဆိုတာ လူတော် လူကောင်း ဖြစ်ဖို့အတွက် အရေးကြီးတယ် လို့ ဒီလို ပြောတယ်။ ဒီတရားနှစ်ခုသည် စိတ်ကို ဖြူစင်စေတဲ့ တရားနှစ်ခု ဖြစ်လို့ ကိုယ့်သန္တာန်မှာ မရှိသေးရင် ရှိအောင် လုပ်ရမယ်။ "ပါချုပ် ဆရာတော် " CRD.ဓမ္မ နှစ်သက်သူ #မရွိေသးရင္ ရွိေအာင္လုပ္# ~~~~~~~~~~~~~~~ က်မ္းဂန္ေတြမွာ ဥပမာေပးထားတာ ရွိတယ္။ သံတုံးႀကီးတစ္ဖက္ကို ရဲေနေအာင္ မီးဖုတ္ထားတယ္။ တစ္ဖက္က မစင္အညစ္အေၾကး လူးေနတယ္။ အဲဒီ ႏွစ္ခုမွာ ဟိုဘက္က မီးရဲရဲ ျဖစ္ေနတယ္။ ကိုင္ရင္ ေလာင္မယ္။ အျခားတစ္ဖက္ကို ကိုင္ရင္ မစင္လူးမယ္။ မစင္ လူးမွာေၾကာက္ေတာ့ ဟိုဘက္ကို မကိုင္ဘူး ေလာင္မွာေၾကာက္ေတာ့ ဒီဖက္ကိုလည္း မကိုင္ဘူး။ အဲဒီေတာ့ " ဟိရီ " ဆိုတာ မစင္လူးမွာ ေၾကာက္တာနဲ႕ အတူတဲူ။ "ၾသတၱပၸ " ဆိုတာ ေလာင္မွာ ေၾကာက္တာနဲ႕ အတူတူပဲ။ ဒါေၾကာင့္မို႔ "ဟိရီ , ၾသတၱပၸ " တရားႏွစ္ခုဟာ ကိုယ့္သႏၱာန္မွာ မရွိေသးရင္ ရွိေအာင္ လုပ္ရမယ္။ " ဟိရီ , ၾသတၱပၸ " မရွိေတာ့ဘူးဆိုရင္ အဲဒီပုဂၢိုလ္ဟာ အရွက္မဲ့တဲ့ ပုဂၢိုလ္ဘဝ ေရာက္ၿပီး အဟိရိက အေနာတၱပၸေတြ လႊမ္းမိုးခံရတယ္။ "ဘယ္သူ႕မွ ဂ႐ုမစိုက္ဘူး" ဆိုၿပီး အရပ္ထဲ လုပ္ခ်င္ရာ လုပ္တယ္ ေျပာခ်င္ရာေျပာတယ္ ျဖစ္ကုန္တယ္။ ဒါေၾကာင့္မို႔ "ဟိရီ , ၾသတၱပၸ " ဆိုတာ လူေတာ္ လူေကာင္း ျဖစ္ဖို႔အတြက္ အေရးႀကီးတယ္ လို႔ ဒီလို ေျပာတယ္။ ဒီတရားႏွစ္ခုသည္ စိတ္ကို ျဖဴစင္ေစတဲ့ တရားႏွစ္ခု ျဖစ္လို႔ ကိုယ့္သႏၱာန္မွာ မရွိေသးရင္ ရွိေအာင္ လုပ္ရမယ္။ "ပါခ်ဳပ္ ဆရာေတာ္ " CRD.ဓမၼ ႏွစ္သက္သူ
via အလင္းေရာင္ ဓမၼ https://ift.tt/30PfXMK
Newer Post
Older Post
Home