အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, October 3, 2019
ငါ့အတွက် ဘာရှိသလဲ <><><><><><><><> ♦ ငါ့အတွက် ဘာရှိသလဲ ဆိုတော့ ❝ ကံ ❞ အမွေပဲ ရှိတယ် … ♦ ဒို့ ကံအမွေက ကိုယ်သွားရာ ပါမှာ ထင်တယ် သွားရာအမြဲပါမှာ မကွဲဘူးဗျ … ♦ ကိုယ်သေလို့ သားသမီးတွေက လိုက်မယ်တဲ့လား ? 🕳 ( မလိုက်ပါ ဘုရား ) ♦ လိုက်မှာက ဘယ်သူတဲ့တုန်း ? 🕳 ( ကံပါ ဘုရား ) ♦ သားတွေ သမီးတွေ အပိုင်ထင်မနေကြနဲ့ ထားခဲ့ရမှာနော် … ♦ သားတွေ ၊ သမီးတွေ မဆိုထားနဲ့ ကိုယ့်ကိုယ်ကြီးတောင် ထားခဲ့ရမှာ ယုသွားလို့ မရဘူး … ♦ ဒါဖြင့် စာရင်းစစ်လိုက်တော့ ကိုယ်နဲ့ မကွဲတာဟာ ❝ ကံ ❞ ပဲ ရှိတယ် … ♦ အဲ့တော့ ငါ့ဥစ္စာက ဘာရှိသလဲဆိုတော့ ❝ ကံ ❞ ပဲ ရှိတယ် … ♦ ရှိနေတဲ့ ရွှေငွေတွေ ၊ ပစ္စည်းတွေကရော ကိုယ့်နောက် ပါမတဲ့လား ? 🕳 ( မပါပါ ဘုရား ) ♦ ပြီးတော့ ရှိနေတဲ့ ညီအကိုမောင်နှမ ၊ ဆွေမျိုးတွေကလည်း ဒီကနေ့ မတည့်ရင် ဒီကနေ့ ရန်သူပဲ … ♦ မတည့်တဲ့နေ့ မိတ်ဆွေ မဖြစ်ဘူး ❝ ကံ ❞ ကတော့ မိတ်ဆွေနော် … ♦ ဒါကြောင့် မိတ်ဆွေစစ်သည် ❝ ကံ ❞ ပဲ … ♦ ကိုယ်ဘယ်လိုကြီး ဖြစ်နေနေ ❝ ကံ ❞ ကတော့ ခွဲသွားတာလည်း မရှိဘူး ပြတ်စဲကြောင်း ကြေငြာတာလဲမရှိဘူး အမြဲပါမှာ … ♦ ကိုယ်လုပ်တဲ့ ကောင်းတဲ့ ❝ ကံ ❞ အတိုင်း နတ်ပြည်တက်မယ့် ပုဂ္ဂိုလ်ကို ဘုရားက ဝင်ဆွဲချလို့ မရဘူး သိကြားက ဝင်ဆွဲချလို့ မရဘူး … ♦ ကိုယ်လုပ်တဲ့ မကောင်းတဲ့ ❝ ကံ ❞ အတိုင်း ငရဲ ၊ ပြိတ္တာ ၊ တိရစ္ဆာန် ၊ အသူရကာယ်သွားမယ့် ပုဂ္ဂိုလ်ကို ဘုရားက ဝင်တားလို့ မရဘူး သိကြားက ဝင်တားလို့ မရဘူး … ♦ ကိုယ်လုပ်တဲ့ ❝ ကံ ❞ အတိုင်းသွားကြရမှာ... ♦ ကျုပ်တို့ အခု စာရင်း စစ်ကြည့်လိုက်ရင် ကောင်းကံ ❝ မ ❞ ဖို့ ပေါ်ပါ့မလား ? ဆိုးကံက ❝ ချ ❞ ဖို့ များတယ်နော်... ♦ ကိုယ့်ကိုယ်ကို အထင်ကြီး မနေကြနဲ့ … ♦ ကောင်းတာလုပ်လုပ် ၊ ဆိုးတာလုပ်လုပ် အကြံနဲ့ လုပ်လုပ် , အပြောနဲ့ လုပ်လုပ် ကိုယ်ထိလက်ရောက် လုပ်လုပ် ကိုယ်လုပ်တဲ့ ❝ ကံ ❞ ဟာ ကိုယ့်အမွေပဲ လို့ မှတ်လိုက်ပါ … #မဟာဗောဓိမြိုင်_ဆရာတော်_ဘုရားကြီး 📌အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌 Credit , Original Uploader
via အလင်းရောင် ဓမ္မ https://ift.tt/2n5KQPt
Newer Post
Older Post
Home