အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, October 5, 2019
အိပ်ရာဝင် အိပ်ယာထ ရွတ်ဆိုသင့်သော မေတ္တာပို့ ~~~~~~~~~~~~~~~~~~~~~~ မေတ္တာကို နှလုံးသွင်းခြင်းဟာ… နှလုံးသွင်းသူတို့အား အထူးသဖြင့် အကျိုးများစေပါတယ်။ ဒါကြောင့် သုဘုတိ ဆိုတဲ့ ရဟန္တာမထေရ်ဟာ ဆွမ်းခံကြွတဲ့အခါ အိမ်တိုင်းအိမ်တိုင်းရှေ့၌ ခေတ္တရပ်နေစဉ် အတွင်း မေတ္တာစျာန်ကို ဝင်စားတော်မူပါတယ်။ အဲဒီမေတ္တာစျာန်မှထပြီး ဆွမ်းကို အလှူခံတော်မူပါတယ်။ အဲဒါဟာ ဆွမ်းလှူတဲ့ ဒါယကာ ဒါယိကာမများတို့အား အကျိုးများစေရန် ဖြစ်ပါတယ်။ အဲဒီလိုအကျိုးများအောင် မေတ္တာစျာန် ဝင်စားပြီး အလှူခံလေ့ရှိတဲ့ အတွက် အရှင်သုဘုတိ ကို မြတ်စွာဘုရားက အလှူခံပုဂ္ဂိုလ်မြတ်များမှာ အမြတ်ဆုံးအဖြစ် ဧတဒဂ်ဂုဏ်ထူးရှင် ချီးကျူးတော်မူပါတယ်။ ယခုအခါမှာလည်း အလှူပွဲများ၌ ရဟန်းတော်များ မေတ္တသုတ် ပရိတ်တော်ကို ရွတ်ဖတ်ပွားများကြတာဟာ အလှူဒါန အကျိုးများစေရန်အတွက်ပါပဲ။ ဒါကြောင့် မေတ္တသုတ် ပရိတ်တော်ကို ရွတ်ဖတ်ချီးမြှောက်တော်မူကြတဲ့အခါ မေတ္တာကိုလည်း ပွားရင်း လေးလေး စားစား ရွတ်ဖတ်သင့်ပါတယ်။ ဒါကြောင့် မိမိတို့အနေဖြင့် ရောက်လေရာအရပ်မှာ မေတ္တာဘာဝနာကို ပွားများသင့်ပါတယ်။ မိမိနေတဲ့ နေမြဲ နေရာများမှာလည်း အခွင့်ရသလောက် ဒီမေတ္တာဘာဝနာကို ပွားများသင့်ပါတယ်။ အောက်ထစ်ဆုံးအားဖြင့် ဘုရားဝတ်ပြုပြီးတဲ့နောက်မှာ အချိန်ရသလောက် ပွားများသင့်ပါတယ်။ အကြောင်းညီညွတ်ရင် ဒီလိုပွားများရင်း မကြာမီအတွင်းလည်း မေတ္တာစျာန်ကို ရနိုင်ပါတယ်။ ဒီနေရာမှာ ဓနဉ္စာနီဆိုတဲ့ ပုဏ္ဏားအကြောင်း နည်းနည်းလေး ပြောပြချင်ပါတယ်။ ဓနဉ္စာနီနှင့် မေတ္တာစျာန် ******************* ဓနဉ္စာနီဆိုတဲ့ ပုဏ္ဏားကြီးဟာ သေလုနီးပါးရောဂါ ဖြစ်နေတဲ့အခါ အရှင်သာရိပုတ္တရာကို ပင့်စေတယ်။ အရှင်သာရိပုတ္တရာက ကြွရောက်တော်မူပြီး တော့ သူ့ရောဂါအကြောင်းကို မေးမြန်းပြီးတဲ့အခါ ဒီလိုဟောတော်မူပါတယ်။ ဟောပုံကတော့… ငရဲနဲ့ တိရစ္ဆာန် ဘယ်ဟာက ကောင်းမြတ်သလဲ စသည်ဖြင့် မေးခွန်းထုတ်တယ်။ ဓနဉ္စာနီက ငရဲထက် တိရစ္ဆာန်က ကောင်းမြတ်ပါတယ် စသည်ဖြင့် ဖြေကြားတယ်။ မေးပုံ ဖြေပုံတွေကတော့… တိရစ္ဆာန်နဲ့ ပြိတ္တာ၊ ပြိတ္တာနဲ့ လူ၊ လူနဲ့ စတုမဟာရာဇ် စသည်ဖြင့် ပရနိမ္မိတဝသဝတ္တိ တိုင်အောင် မေးဖြေပြီးတဲ့အခါ ပရနိမ္မိတဝသဝတ္တိနတ်တွေနဲ့ ဗြဟ္မာလောက ဘယ်ဟာက မြတ်သလဲလို့ မေးတယ်။ အဲဒီအခါ ဓနဉ္စာနီက ဗြဟ္မာလောက ဆိုတဲ့အသံကို ကြားရတော့ စိတ်ဓာတ်တွေ တက်ကြွလာပြီး အရှင်သာရိပုတ္တရာဟာ ဗြဟ္မာလောကလို့ ပြောပါသလား လို့ မေးတယ်။ အဲဒီအခါ ဗြဟ္မာလောကမှာ စိတ်ညွှတ်လိုလားခြင်း ရှိကြောင်း သိတော်မူတဲ့အတွက် ဗြဟ္မာလောကသို့ ရောက်စေနိုင်တဲ့ အကျင့်လမ်းကို ဟောကြားမယ်လို့ မိန့်တော်မူပြီးတော့ ဒီလိုဟောကြားတော်မူပါတယ်။ အရပ်ဆယ်မျက်နှာ၌ ရှိသမျှ သတ္တဝါအားလုံးကို မေတ္တာစိတ်ဖြင့် ဖြန့်နေတာ၊ မေတ္တာပို့နေတာဟာ ဗြဟ္မာ ဖြစ်ကြောင်း အခွင့်အလမ်းပဲလို့ ဆိုလိုတာပါပဲ။ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ဖြင့် ဖြန့်နေပုံကိုလည်း နည်းတူပင် ဟောကြားတော်မူပါတယ်။ အဲဒီလို ဟောကြားပြီးတော့ အရှင်သာရိပုတ္တရာက ပြန်ကြွသွားတယ်။ မြတ်စွာဘုရားထံသွားရောက်ပြီးတော့ ဓနဉ္စာနီအား ဟောခဲ့တဲ့ အကြောင်းအရာများကို လျှောက်ထားတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားရှင်က ဗြဟ္မာ့ဝိဟာရစျာန်ထက် လွန်မြတ်တဲ့ အရိယာမဂ်ဖိုလ်ရအောင် ပြုကျင့်ဖွယ်ရှိနေပါလျက် ဓနဉ္စာနီပုဏ္ဏားကို ဗြဟ္မာလောက၌ တည်စေပြီးတော့ ထားခဲ့သလားလို့ မိန့်ကြားတော်မူပြီးတော့ ဓနဉ္စာနီဟာ ဗြဟ္မာ့လောကသို့ ရောက်သွားကြောင်းကိုလည်း မိန့်တော်မူပါတယ်။ အဲဒီလိုမိန့်တော်မူတဲ့အတွက် အရှင်သာရိပုတ္တရာလည်း ဗြဟ္မာ့လောကသို့ သွား၍ ဓနဉ္စာနီဗြဟ္မာအား တရားဟောသေးကြောင်း ထိုအခါမှစ၍ (၄)ပိုဒ်မျှရှိတဲ့ တစ်ဂါထာကို သစ္စာတရားနှင့်ယှဉ်ပြီး ဟောတော်မူခဲ့ကြောင်း အဋ္ဌကထာမှာ ပြဆိုတော်မူပါတယ်။ ဒီနေရာမှာ သိစေလိုတာက… ဓနဉ္စာနီ ဆိုတဲ့ ပုဏ္ဏားဟာ သေခါနီးဆဲဆဲ နာရီဝက်ခန့်လောက်အတွင်းမှာ မေတ္တာစသည်ကို ပွားစေပြီးတော့ စျာန်ရသွားတယ်။ အဲဒီစျာန်ကုသိုလ်ကြောင့် ဗြဟ္မာ့လောကသို့ ရောက်သွားရတယ်။ အဲဒါကို သိစေလိုရင်းပါပဲ။ ဒါကြောင့် သေခါနီးကာလမှာ အားကိုးစရာအခြားကုသိုလ်ထူး မရှိရင် အခြားကုသိုလ်များကို နှလုံးသွင်းလို့ မရတော့လျှင် မေတ္တာပွားနေခြင်းဖြင့် အားကိုးစရာ ကောင်းကောင်း ရနိုင်တယ် ဆိုတာလည်း မှတ်ထားကြဖို့ပါပဲ။ အားလုံးသော သူတော်ကောင်းများလည်း မေတ္တာတရား အစဉ်ထားနိုင်ကြပါစေ လို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ အိပ်ရာဝင် အိပ်ယာထ ရွတ်ဆိုသင့်သော မေတ္တာပို့ လင်္ကာ ******************************* သတ္တဝါခပင်း ဆင်းရဲကင်း ပူပြင်းဒုက္ခ ငြိမ်းပါစေ… သတ္တဝါခပင်း ရောဂါကင်း ပူပြင်းဘယာ ငြိမ်းပါစေ… သတ္တဝါခပင်း စိုးရိမ်ကင်း ပူပြင်းသောက ငြိမ်းပါစေ… ကမ္ဘာနေသူ များဗိုလ်လူ ကြည်ဖြူဟဒယ ရွှင်ပါစေ… တရားနာငြား ယောဂီများ ကြီးထွားသမာဓိ ရှိပါစေ… ခန္တီတရား လက်ကိုင်ထား ကင်းကွာဒေါသ ငြိမ်းပါစေ… မေတ္တာရေချမ်း ပက်ခါဖြန်း အေးချမ်းသာယာ ရှိပါစေ… စန္ဒာလမင်း ထိန်ထိန်လင်း ပြည့်တင်းဖြိုးမောက်နိုင်ပါစေ… ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ လွန်စွာကျန်းမာ ရှိပါစေ… နှလုံးစိတ်ဝမ်း ရွှင်ကာလမ်း မနွမ်းထာဝရ ရှိပါစေ… အလုပ်ကိုယ်စီ ဘေးမသီ ကြံစီထမြောက် အောင်ပါစေ… Credit-အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ) အိပ္ရာဝင္ အိပ္ယာထ ႐ြတ္ဆိုသင့္ေသာ ေမတၱာပို႔ ~~~~~~~~~~~~~~~~~~~~~~ ေမတၱာကို ႏွလုံးသြင္းျခင္းဟာ… ႏွလုံးသြင္းသူတို႔အား အထူးသျဖင့္ အက်ိဳးမ်ားေစပါတယ္။ ဒါေၾကာင့္ သုဘုတိ ဆိုတဲ့ ရဟႏၱာမေထရ္ဟာ ဆြမ္းခံႂကြတဲ့အခါ အိမ္တိုင္းအိမ္တိုင္းေရွ႕၌ ေခတၱရပ္ေနစဥ္ အတြင္း ေမတၱာစ်ာန္ကို ဝင္စားေတာ္မူပါတယ္။ အဲဒီေမတၱာစ်ာန္မွထၿပီး ဆြမ္းကို အလႉခံေတာ္မူပါတယ္။ အဲဒါဟာ ဆြမ္းလႉတဲ့ ဒါယကာ ဒါယိကာမမ်ားတို႔အား အက်ိဳးမ်ားေစရန္ ျဖစ္ပါတယ္။ အဲဒီလိုအက်ိဳးမ်ားေအာင္ ေမတၱာစ်ာန္ ဝင္စားၿပီး အလႉခံေလ့ရွိတဲ့ အတြက္ အရွင္သုဘုတိ ကို ျမတ္စြာဘုရားက အလႉခံပုဂၢိုလ္ျမတ္မ်ားမွာ အျမတ္ဆုံးအျဖစ္ ဧတဒဂ္ဂုဏ္ထူးရွင္ ခ်ီးက်ဴးေတာ္မူပါတယ္။ ယခုအခါမွာလည္း အလႉပြဲမ်ား၌ ရဟန္းေတာ္မ်ား ေမတၱသုတ္ ပရိတ္ေတာ္ကို ႐ြတ္ဖတ္ပြားမ်ားၾကတာဟာ အလႉဒါန အက်ိဳးမ်ားေစရန္အတြက္ပါပဲ။ ဒါေၾကာင့္ ေမတၱသုတ္ ပရိတ္ေတာ္ကို ႐ြတ္ဖတ္ခ်ီးျမႇောက္ေတာ္မူၾကတဲ့အခါ ေမတၱာကိုလည္း ပြားရင္း ေလးေလး စားစား ႐ြတ္ဖတ္သင့္ပါတယ္။ ဒါေၾကာင့္ မိမိတို႔အေနျဖင့္ ေရာက္ေလရာအရပ္မွာ ေမတၱာဘာဝနာကို ပြားမ်ားသင့္ပါတယ္။ မိမိေနတဲ့ ေနၿမဲ ေနရာမ်ားမွာလည္း အခြင့္ရသေလာက္ ဒီေမတၱာဘာဝနာကို ပြားမ်ားသင့္ပါတယ္။ ေအာက္ထစ္ဆုံးအားျဖင့္ ဘုရားဝတ္ျပဳၿပီးတဲ့ေနာက္မွာ အခ်ိန္ရသေလာက္ ပြားမ်ားသင့္ပါတယ္။ အေၾကာင္းညီၫြတ္ရင္ ဒီလိုပြားမ်ားရင္း မၾကာမီအတြင္းလည္း ေမတၱာစ်ာန္ကို ရနိုင္ပါတယ္။ ဒီေနရာမွာ ဓနၪၥာနီဆိုတဲ့ ပုဏၰားအေၾကာင္း နည္းနည္းေလး ေျပာျပခ်င္ပါတယ္။ ဓနၪၥာနီႏွင့္ ေမတၱာစ်ာန္ ******************* ဓနၪၥာနီဆိုတဲ့ ပုဏၰားႀကီးဟာ ေသလုနီးပါးေရာဂါ ျဖစ္ေနတဲ့အခါ အရွင္သာရိပုတၱရာကို ပင့္ေစတယ္။ အရွင္သာရိပုတၱရာက ႂကြေရာက္ေတာ္မူၿပီး ေတာ့ သူ႕ေရာဂါအေၾကာင္းကို ေမးျမန္းၿပီးတဲ့အခါ ဒီလိုေဟာေတာ္မူပါတယ္။ ေဟာပုံကေတာ့… ငရဲနဲ႕ တိရစ္ဆာန္ ဘယ္ဟာက ေကာင္းျမတ္သလဲ စသည္ျဖင့္ ေမးခြန္းထုတ္တယ္။ ဓနၪၥာနီက ငရဲထက္ တိရစ္ဆာန္က ေကာင္းျမတ္ပါတယ္ စသည္ျဖင့္ ေျဖၾကားတယ္။ ေမးပုံ ေျဖပုံေတြကေတာ့… တိရစ္ဆာန္နဲ႕ ၿပိတၱာ၊ ၿပိတၱာနဲ႕ လူ၊ လူနဲ႕ စတုမဟာရာဇ္ စသည္ျဖင့္ ပရနိမၼိတဝသဝတၱိ တိုင္ေအာင္ ေမးေျဖၿပီးတဲ့အခါ ပရနိမၼိတဝသဝတၱိနတ္ေတြနဲ႕ ျဗဟၼာေလာက ဘယ္ဟာက ျမတ္သလဲလို႔ ေမးတယ္။ အဲဒီအခါ ဓနၪၥာနီက ျဗဟၼာေလာက ဆိုတဲ့အသံကို ၾကားရေတာ့ စိတ္ဓာတ္ေတြ တက္ႂကြလာၿပီး အရွင္သာရိပုတၱရာဟာ ျဗဟၼာေလာကလို႔ ေျပာပါသလား လို႔ ေမးတယ္။ အဲဒီအခါ ျဗဟၼာေလာကမွာ စိတ္ၫႊတ္လိုလားျခင္း ရွိေၾကာင္း သိေတာ္မူတဲ့အတြက္ ျဗဟၼာေလာကသို႔ ေရာက္ေစနိုင္တဲ့ အက်င့္လမ္းကို ေဟာၾကားမယ္လို႔ မိန့္ေတာ္မူၿပီးေတာ့ ဒီလိုေဟာၾကားေတာ္မူပါတယ္။ အရပ္ဆယ္မ်က္ႏွာ၌ ရွိသမွ် သတၱဝါအားလုံးကို ေမတၱာစိတ္ျဖင့္ ျဖန့္ေနတာ၊ ေမတၱာပို႔ေနတာဟာ ျဗဟၼာ ျဖစ္ေၾကာင္း အခြင့္အလမ္းပဲလို႔ ဆိုလိုတာပါပဲ။ က႐ုဏာ၊ မုဒိတာ၊ ဥေပကၡာတို႔ျဖင့္ ျဖန့္ေနပုံကိုလည္း နည္းတူပင္ ေဟာၾကားေတာ္မူပါတယ္။ အဲဒီလို ေဟာၾကားၿပီးေတာ့ အရွင္သာရိပုတၱရာက ျပန္ႂကြသြားတယ္။ ျမတ္စြာဘုရားထံသြားေရာက္ၿပီးေတာ့ ဓနၪၥာနီအား ေဟာခဲ့တဲ့ အေၾကာင္းအရာမ်ားကို ေလွ်ာက္ထားတယ္။ အဲဒီအခါမွာ ျမတ္စြာဘုရားရွင္က ျဗဟၼာ့ဝိဟာရစ်ာန္ထက္ လြန္ျမတ္တဲ့ အရိယာမဂ္ဖိုလ္ရေအာင္ ျပဳက်င့္ဖြယ္ရွိေနပါလ်က္ ဓနၪၥာနီပုဏၰားကို ျဗဟၼာေလာက၌ တည္ေစၿပီးေတာ့ ထားခဲ့သလားလို႔ မိန့္ၾကားေတာ္မူၿပီးေတာ့ ဓနၪၥာနီဟာ ျဗဟၼာ့ေလာကသို႔ ေရာက္သြားေၾကာင္းကိုလည္း မိန့္ေတာ္မူပါတယ္။ အဲဒီလိုမိန့္ေတာ္မူတဲ့အတြက္ အရွင္သာရိပုတၱရာလည္း ျဗဟၼာ့ေလာကသို႔ သြား၍ ဓနၪၥာနီျဗဟၼာအား တရားေဟာေသးေၾကာင္း ထိုအခါမွစ၍ (၄)ပိုဒ္မွ်ရွိတဲ့ တစ္ဂါထာကို သစၥာတရားႏွင့္ယွဥ္ၿပီး ေဟာေတာ္မူခဲ့ေၾကာင္း အ႒ကထာမွာ ျပဆိုေတာ္မူပါတယ္။ ဒီေနရာမွာ သိေစလိုတာက… ဓနၪၥာနီ ဆိုတဲ့ ပုဏၰားဟာ ေသခါနီးဆဲဆဲ နာရီဝက္ခန့္ေလာက္အတြင္းမွာ ေမတၱာစသည္ကို ပြားေစၿပီးေတာ့ စ်ာန္ရသြားတယ္။ အဲဒီစ်ာန္ကုသိုလ္ေၾကာင့္ ျဗဟၼာ့ေလာကသို႔ ေရာက္သြားရတယ္။ အဲဒါကို သိေစလိုရင္းပါပဲ။ ဒါေၾကာင့္ ေသခါနီးကာလမွာ အားကိုးစရာအျခားကုသိုလ္ထူး မရွိရင္ အျခားကုသိုလ္မ်ားကို ႏွလုံးသြင္းလို႔ မရေတာ့လွ်င္ ေမတၱာပြားေနျခင္းျဖင့္ အားကိုးစရာ ေကာင္းေကာင္း ရနိုင္တယ္ ဆိုတာလည္း မွတ္ထားၾကဖို႔ပါပဲ။ အားလုံးေသာ သူေတာ္ေကာင္းမ်ားလည္း ေမတၱာတရား အစဥ္ထားနိုင္ၾကပါေစ လို႔ ဆုေတာင္းေမတၱာ ပို႔သလိုက္ပါတယ္။ အိပ္ရာဝင္ အိပ္ယာထ ႐ြတ္ဆိုသင့္ေသာ ေမတၱာပို႔ လကၤာ ******************************* သတၱဝါခပင္း ဆင္းရဲကင္း ပူျပင္းဒုကၡ ၿငိမ္းပါေစ… သတၱဝါခပင္း ေရာဂါကင္း ပူျပင္းဘယာ ၿငိမ္းပါေစ… သတၱဝါခပင္း စိုးရိမ္ကင္း ပူျပင္းေသာက ၿငိမ္းပါေစ… ကမၻာေနသူ မ်ားဗိုလ္လူ ၾကည္ျဖဴဟဒယ ႐ႊင္ပါေစ… တရားနာျငား ေယာဂီမ်ား ႀကီးထြားသမာဓိ ရွိပါေစ… ခႏၱီတရား လက္ကိုင္ထား ကင္းကြာေဒါသ ၿငိမ္းပါေစ… ေမတၱာေရခ်မ္း ပက္ခါျဖန္း ေအးခ်မ္းသာယာ ရွိပါေစ… စႏၵာလမင္း ထိန္ထိန္လင္း ျပည့္တင္းၿဖိဳးေမာက္နိုင္ပါေစ… ကိုယ္စိတ္ႏွစ္ျဖာ ေဘးရန္ကြာ လြန္စြာက်န္းမာ ရွိပါေစ… ႏွလုံးစိတ္ဝမ္း ႐ႊင္ကာလမ္း မႏြမ္းထာဝရ ရွိပါေစ… အလုပ္ကိုယ္စီ ေဘးမသီ ႀကံစီထေျမာက္ ေအာင္ပါေစ… Credit-အရွင္ဝိမလဝံသ (နာလႏၵာတကၠသိုလ္ အိႏၵိယနိုင္ငံ)
via အလင္းေရာင္ ဓမၼ https://ift.tt/2VlbbWj
Newer Post
Older Post
Home