အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, October 5, 2019
#လောကကြီးတွင်လူတစ်မျိုးရှိသည်.... 🍒🍒🍒🍒🍒🍒🍒🍒🍒🍒 ကိုယ်နှင့်အတူရှိသော အချိန်များတွင် အစားအသောက်ကောင်းများကို ကိုယ့်အတွက်အမြဲချန်ထားတတ်ပြီး ရာသီဥတုအေးလျှင် အနွေးထည် ထပ်ဖို့၊ အပြင်ထွက်လျှင် အစစအရာရာသတိနှင့်နေဖို့ ဂရုတစိုက် အမြဲမှာတတ်သည်။ တစ်ခါတစ်ရံ ထိုအပြောများကို ကိုယ်ကနားပူသည်ဟုထင်ခဲ့သော်လည်း စိတ်ထဲတွင်မူ နွေးထွေးသောမေတ္တာကိုခံစားရသည်။ ကိုယ့်မုန့်ဖိုးလိုသောအချိန်လက်ဖြန့်တောင်းလျှင် ပိုက်ဆံရှာရ သည်မှာ မည်မျှခက်ခဲကြောင်း၊ ပိုက်ဆံ၏ တန်ဖိုးကိုပြောပြတတ် သည်။ ပါးစပ်က တပျစ်တောက်တောက် ရေရွတ်နေသော်လည်း လက်က ပိုက်ဆံ ကမ်းပေးနေတတ်သည်။ ထိုလူမျိုးကို မိဘ ဟုခေါ်သည်။ ..... လောကကြီးတွင် လူတစ်မျိုးရှိသည်.... အမှားအမှန် ခွဲခြားသိမြင်အောင် သွန်သင်ဆုံးမတတ်ပြီး သားသမီး အရင်းချာကဲ့သို့ ပဲ့ကိုင်လမ်းညွှန်တတ်သည်။ စည်းကမ်းတွေ ချမှတ်ပေး တတ်ပြီး ဗဟုသုတများကို မျှဝေပေးတတ်သည်။ ဆူပူ ကြိမ်းမောင်းခြင်းမှာလည်း လူတော်လူကောင်းဖြစ်စေချင်သော စေတနာသာ လျှင်ဖြစ်သည်။ ထိုလူမျိူးကို ဆရာ ဟုခေါ်သည်။ ..... လောကကြီးတွင် လူတစ်မျိုးရှိသည်.... တစ်ခါတစ်ရံ ကိုယ်နှင့်ရန်ဖြစ်တတ်ပြီး စကားနိုင်လည်း လုတတ်သေးသည်။ ကိုယ့််ဝေစုကိုလုစားတတ်ပြီး မိဘကိုလည်း အတိုင်အတော လုပ်တတ်သေးသည်။ သို့သော် ကိုယ့်ကိုတခြားလူများထက် ပိုချစ်ပြီး ပိုဂရုစိုက်တတ်သည်။ အရေးကြုံပါက သွေးနီးကြ သည်။ ထိုလူမျိုးကို မောင်နှမ ဟုခေါ်သည်။ ....... လောကကြီးတွင် လူတစ်မျိုးရှိသည်... .မတွေ့မမြင်ရလျှင် လွမ်းနေတတ်ပြီး တွေ့ပြန်လျှင် ရင်တွေ ခုန်ကာ ဆွံအနေတတ်သည်။ စိတ်ထဲအတွေးထဲတွင် အမြဲလွှမ်းမိုးနေတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်အောင်လည်း အိမ်မက်ထဲ ထိကြီးစိုးနေတတည်သည်။ ကိုယ့်အတွက် အလှပဆုံးနှင့် အချိုမြိန်ဆုံး ပန်းသီးတစ်လုံးလိုပင်။ ထိုလူမျိုးကို ချစ်သူ ဟုခေါ်သည်။ ..... လောကကြီးတွင် လူတစ်မျိုးရှိသည်.... တခြားလူ မသိသော ကိုယ်၏ လျှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသော အချိန်တွင် ကိုယ့်ဘက်မှ ရပ်တည်ပြီး ၀န်ခံပေးတတ်သည်။ အားငယ်သော အချိန်တွင် အားပေးတတ်ပြီး ၀မ်းနည်းသောအချိန်များတွ့င် နှစ်သိမ့်တတ်သည်။ ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်နားထောင်ပေးတတ်သည်။ ကိုယ်နှင့်အတူရှိနေမည့် အချိန်များက ချစ်သူတစ်ယောက် ထက်ပင် ကြာရှည်ခိုငိမြဲနေတတ် သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။ ...... လောကကြီးတွင် လူတစ်မျိုးရှိသည်.... မိဘ၏ဆိုဆုံးမမှုနှင့် နွေးထွေးသော မေတ္တာအောက်တွင် ကြီးပြင်းလာခဲ့ သည်။ ဆရာများ၏ သွန်သင်ဆုံးမ မှုအောက်တွင် အမှားအမှန်ကို ခွဲခြားတတ်လာခဲ့သည်။ မောင်နှမများ၏ ချစ်ခင်မှုအောက်တွင် စည်း လုံးခြင်းတွေ ရယူတတ်လာခဲ့သည်။ ချစ်သူ၏ ကြင်နာယုယမှုများ အောက် တွင် အချစ်စစ်ကို ရှာဖွေတတ်လာခဲ့ပြီး သူငယ်ချင်းများ၏ ကူညီမှုအောက်တွင် ဘဝ၏ တက်လမ်းကို ရွေးချယ်တတ်လာခဲ့သည်။ ထိုသူများသည် ကိုယ့််ဘ၀ထဲသို့ ဧည့်သည် တစ်ယောက်လို ၀င်လာကြသည်။ အချိန်တန်လျှင် ထွက်သွားကြသည်။ သူတို့သည် ဘ၀ကို အသိဥာဉ် နှင့်ဗဟုသုတ တိုးပွားအောင် ကူညီပေးကြသည်။ ဘ၀ကို ပျော်ရွှင်မှုများဖြင့် စိုပြည်စေခဲ့သည်။ ထိုသူများကို ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲပြောဖို့ တစ်ခါတစ်ရံတွင် မေ့နေတတ်သည်။ ထိုလူမျိုးမှာ ကိုယ်ကိုယ်တိုင် ပင်ဖြစ်ပါသည်။။ .................... Credit to သုတဇုန်
via အလင်းရောင် ဓမ္မ https://ift.tt/2nmQIE6
Newer Post
Older Post
Home