အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, October 5, 2019
ကုသိုလ်မြစ်ကြီးတွေ စီးနေပါစေ ▬▬▬▬▬▬▬▬▬▬ ★ ကုသိုလ်မြစ်ကြီးတွေ စီးနေပါစေဆိုတာ ကိုယ့်သန္တာန်မှာ ကုသိုလ်မြစ်ကြီးတွေ ထာ၀ရစီးနေဖို့ရာအတွက် ဘာတွေလုပ်ရမလဲ... 💥 ဗုဒ္ဓေ အဝေစ္စ ပသာဒေန သမန္နာဂတော - ဘုရားအပေါ်မှာ နှစ်နှစ်ကားကား အသိဉာဏ်နဲ့ သဒ္ဓါနဲ့ကြည်ညိုတယ်။ 💥 ဓမ္မေ အဝေစ္စ ပသာဒေန သမန္နာဂတော - ဓမ္မအပေါ်မှာ နှစ်နှစ်ကားကား အသိပညာနဲ့ ကြည်ညိုတယ်။ 💥 သံဃေ အဝေစ္စ ပသာဒေန သမန္နာဂတော - အရိယာသံဃာတွေအပေါ်မှာ နှစ်နှစ်ကားကား အသိပညာနဲ့ ကြည်ညိုလေစားတယ်။ 💥 အရိယာ ကန္တ သီလ ဆိုတဲ့ - ငါးပါးသီလ မြတ်မြတ်နိုးနိုး ကျင့်သုံးစောင့်တည်တယ်။ 💥 စာဂလို့ခေါ်တဲ့ - မဇ္စရိယတရားကို ဖယ်ရှားပြီးတော့ စွန့်လွတ်ဖြင်း၊ ဖြန့်ဝြေခင်း၊ ရှယ်ယာလုပ်ခြင်း ပေးကမ်း လှူဒါန်းခြင်း ဆိုတာတွေနဲ့ပြည့်စုံတယ်။ 💥 နောက်ဆုံးမှာ ဝိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာ ဆိုတဲ့ ပညာတရားတွေ ဆိုက်ထိပြီးတော့ ကျင့်ကြံကျိုးကုတ်အားထုတ်တာ အဲသည်ပညာတွေရသည့် ထိအောင် ကျင့်ကြံကျိုးကုတ် အားထုတ်သွားခြင်းဖြင့် ကိုယ့်သန္တာန်မှာ အတိုင်းအဆမရှိအောင် ကြီးမားလှတဲ့ ကုသိုလ်တရားတွေဖြစ်ပွားနိုင်တယ်။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏🙏🙏 “ကုသိုလ်မြစ်ကြီးတွေစီးနေပါစေ” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ #mp3_link https://ift.tt/31ZVqXa ဆရာတော်ဘုရား တရားတော်များနာယူရန်⤵️ https://ift.tt/2KxSUjF
via အလင်းရောင် ဓမ္မ https://ift.tt/2Iqoj7f
Newer Post
Older Post
Home